Tuesday, September 16, 2008

ခင်ဗျားနေကောင်းလား

ခင်ဗျား ဘယ်သွားနေလဲ....နေကောကောင်းလား
ခင်ဗျား နဲ့ကျွန်တော် ထိုင်ခဲ့တဲ့ လက်ဖက်ရည်ဆိုင်မှာ
ခင်ဗျား ကို ကျွန်တော် နေ့တိုင်းစောင့် ခဲ့တယ်....
ခင်ဗျား ရဲ့  ပို့စ်မော်ဒန်ထဲမှာ မမျှောရတာကြာပြီ
ခင်ဗျားနဲ့ ကျွန်တော် ပြက္ခဒိန်ဟောင်းတစ်ခုရဲ့
ရက်စွဲ တစ်ချို့  တစ်ခု မှာ အတူ တိုက်ပွဲဝင်ခဲ့တယ်
ခင်ဗျား ဇနီးနဲ့ သားသမီးတွေ .....
ခင်ဗျားကို မျှော်နေတယ်....
သူတို့ရဲ့  ဆုတောင်းသံ ကို......



ခင်ဗျား ကြားရဲ့ လား..?
ခင်ဗျား အခန်းကျဉ်းလေးထဲ မှာအဆင်ပြေလား.
သူတို့တွေ ခင်ဗျားကို ကောင်းမွန်စွာထားလား
ခင်ဗျား နဲ့ ကျွန်တော် ၀ါဒတစ်ခု အတွက်တိုက်ပွဲဝင်ခဲ့တယ်
ခင်ဗျား နဲ့ ကျွန်တော် တွေ့တဲ့ညနေက တိုတောင်းတယ်နော်
ခင်ဗျားပြောတဲ့ လွတ်လပ်မှုတွေ ကျွန်တော်နားလည်နေပြီ
ခင်ဗျားပြောတဲ့ လူ့အရင်းအမြစ်တွေ ကျွန်တော်နားလည်နေပြီ
ခင်ဗျား အတွက် ကျွန်တော် ဆုတောင်းပေးနေတယ်..
ခင်ဗျား အမြန်ပြန်လာနိုင်ပါစေ။
ခင်ဗျား နဲ့ အတူ ခရီးသွားဖို့ စောင့်နေမယ်.......


read more...