Monday, March 22, 2010

ခံစားချက် မဲ့ ခြင်း

ငါ့ဦးနှောက်ကို ငါ ခွဲစိတ်ဖို့
အကြိမ်ကြိမ်ကြိုးစားခဲ့တယ်
လရောင်ပျောက်နေတာ
ထောင်စုနှစ်မနည်းတော့ဘူး
စွဲလန်းကြီးတဲ့ ငါ့စိတ်ကို
သင်္ဂြိုလ်ဖို့ အင်အားမဲ့နေတယ်

မာနရွက်လှေတွေ တစီတတန်းနဲ့
ငါ့မာနကို ရေလောင်းခဲ့တယ်
တကယ်တော့ မတူညီတာတွေ
တူညီဖို့အတွက် သီအိုရီတွေ
မီးရှို့ခဲ့ရတယ်..........

ခံစားချက်ခြင်း မတူတဲ့
လောက မှာ ခံစားချက်မဲ့တဲ့ ငါ
ငါ့အတွက် ၁၃ ဂဏန်းတွေ
မြေမြုပ်ပေးပါတော့.............
(ဘာမှန်းတော့ မသိဘူး ရင်ထဲရှိတာ ချရေးလိုက်တာ)



ဒါကတော့ အပြည့်အစုံ post လေးပေါ့…

read more...

Thursday, March 4, 2010

တလွဲ

ငယ်စဉ်က ခဏခဏခြေချော်ကျတဲ့ငါ
ဒါပေမဲ့ မေမေ့အနားမှာ လေ
ဇရာရလာ လဲ ခြေချော်နေဆဲ ငါ
ဘ၀ ပင်လယ်ထဲ ခြေချော်နေဆဲ
ဘယ်သူ့လက်ကိုဆွဲ ထရမှာလဲ
ကမ်းမဲ့လက်တွေ မျှော်နေမိတယ်
ဘ၀ပေးမကောင်းတဲ့ ငါ့ချစ်ခြင်းလဲ
ခဏခဏခြေချော်နေလေရဲ့
ဘယ်အချိန်ထိ ခြေချော်နေမှာလဲ
ငါ့ကိုငါ လဲခြေချော်မိနေဆဲ
ငါ့......... ခြေချော်နေဆဲ....။




ဒါကတော့ အပြည့်အစုံ post လေးပေါ့…

read more...