Wednesday, December 31, 2008

နှုတ်ဆက်ခဲ့တယ် ၂၀၀၈

ဘာလိုလိုနဲ့ ၂၀၀၈ ခုနှစ်က ကုန်တော့မှာပါလား....ဟောင်းနွမ်းသွားတဲ့ ၂၀၀၈ ရေ ကျွန်တော်နှုတ်ဆက်ခဲ့ပါတယ်
လွမ်းစရာတွေပြည့်နေတဲ့ ၂၀၀၈ ၊ ရင်နာစရာတွေပြည့်နေတဲ့ ၂၀၀၈ ရေ ယနေ့ည ၁၂း၀၀ နာရီ ဆိုခင်ဗျားကို ကျွန်တော် နူတ်ဆက်ရတော့
မယ်လေ။ ၂၀၀၈ မှာဖြစ်ပျက်ခဲ့တဲ့ အမှတ်တရတွေ ကတော့ ရင်ထဲမှာ တောင်လိုပုံနေတယ်ဗျာ...ကျွန်တော့် အချစ်ဆုံးအစ်ကို ကြီး က
ဒီ ၂၀၀၈ ထဲမှာ မိသားစုနဲ့ ၁၃ နှစ်ဝေးကွာခဲ့ရတယ်...သူကော ဒီ ၂၀၀၈ ကို အခန်းကျဉ်းလေးထဲက နေ နူတ်ဆက်နေမှာလား....
ချစ်ရသော သူငယ်ချင်းတွေကတော့ ကျွန်တော့်ကို ၂၀၀၈ ထဲမှာ ဘဲ နူတ်ဆက်ခဲ့တယ်.....နောက်ဆုံးတော့လဲ ကျွန်တော် တစ်
ကိုယ်တည်း ဒီနေ့ လဲ ကျွန်တော့်ချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ ကုလားမ က နိုင်ငံခြားကို ထွက်ဖို့ ကျွန်တော့် ကိုခွဲသွားခဲ့တယ်......ကျွန်တော်သိပ်
ချစ်ရသော ကျွန်တော့ချစ်သူကလဲ ဒီ ၂၀၀၈ မှာဘဲကျွန်တော့ကိုထားသွားခဲ့တယ်လေ.....



၂၀၀၈ ခုနှစ် ထဲမှာ နာဂစ် ဆိုတဲ့ မုန်တို်င်းကြီးက တော်တော်ရက်စက်သွားခဲ့တယ် မြန်မာပြည်သူတွေ မျက်ရည် ကျခဲ့ရတယ်
အိပ်မက်ဆိုးကြီးက တော်တော်ကို ခြောက်လန့်ခဲ့တယ်.....ပျက်စီးဆုံးရှုံးမှုတွေဖြစ်ခဲ့ရတယ်......တစ်ကမ္ဘာလုံးလဲ စီးပွားရေး ကပ်ကြီင်္းကို
ဒီ ၂၀၀၈ ထဲမှာဘဲ ယဉ်ဆိုင်ခဲ့ရတယ်......
မြန်မာပြည်က လူတွေက ကော ဘာတွေဆက်လုပ်ကြမလဲ....ဘာတွေယဉ်ဆိုင်ကြဦးမှာလဲ....ဘာတွေပြောင်းလဲသွားဦးမှာလဲ။
ဒီလိုဘဲ အကျပ်အတည်းတွေနဲ့ ဘဲ ရှင်သန်နေရဦးမှာလား။
ကျွန်တော်သိပ်ချစ်ရသောလေးစားရသော လူတွေက ကော ဘာတွေဆက်ဖြစ်လာဦးမှာလဲ သူတို့လိုလူမျိုးတွေ ကော မြန်မာ
ပြည် မှာထပ်ပေါ်လာပါ့ဦးမှလား လို့ ကျွန်တော်စိုးရိမ်မိတယ်။ကျွန်တော်တို့လို လူငယ်မျိုးဆက်သစ်လေးတွေက ကော ဒီအကြောင်းအရာ
တွေကို ၂၀၀၉ ခုနှစ်ရောက်ရင် စိတ်ဝင်စားနိုင်ပါ့မလားဆိုတဲ့ အတွေးတွေက ကျွန်တော့ဦးခေါင်းထဲမှာ ရှုပ်ထွေးနေမိတယ်.....
၂၀၀၉ ခုနှစ် မှာ ဗမာ ပြည်သူအပေါင်း နှင့်တကွ လူသတ္တ၀ါ အပေါင်းတို့သည် ကိုယ်၏ကျန်းမာခြင်း.....စိတ်၏အေးငြိမ်းခြင်း
နှင့်ပြည့်စုံကြပါစေ လို့ ကျွန်တော့ ရင်ထဲမှ ခံစားချက်လေးကို တင်ပြလိုက်ပါတယ်။


read more...

Wednesday, December 24, 2008

အလွမ်းနာ

ဒီဇင်ဘာလ အအေးဒဏ်ကို အထီးကျန်ခြင်းနဲ့
ငါ တစ်ယောက်တည်း ကျောက်ချနေရတယ်
နေရာသစ်မှာ မင်းရယ် သံတွေကို
ငါ ကြားနေရတယ်.......

ပြက္ခဒိန်တွေပေါ်က ဂဏန်းတိုင်းမှာ....
ငါကြားခဲ့ ရတဲ့ ချိုမြ သံလေး ခုတော့
ငါကြားနေရတာက ရင်ကွဲသံစဉ်
အလွမ်းနာတွေ ကျလွန်းလို့
လမင်းက ငါ့ကို သနားနေတယ်



အလွမ်းတွေပုံ ဖော်ရင်း
ငါ ဟာ နေ့တိုင်း သိုင်းကွက်တစ်ရာ
နင်း ခဲ့ရတယ်.....
လမ်းဘေး ဓါတ်မီးတိုင်တွေတောင်
လှောင်ပြုံးပြုံး နေကြတယ် မိန်းကလေး...........

ငါ့ အတွက် အသာယာဆုံးလို့ထင်ခဲ့ တဲ့
ဟောဒီ စိမ်းလန်းတဲ့ ကွင်းပြင်ကြီးက
ခုဆို ကန္တာရ လို ခြောက်ကပ်နေပြီလေ....


read more...

Tuesday, December 16, 2008

ဒီဇင်ဘာလ မိုးကုတ်ရှုခင်း

ဒီဇင်ဘာလ တော်တော်လေးကိုအေးနေတယ် မြို့ လေးထဲမှာလဲ နှင်းမြူတွေဆိုင်းနေတယ်...ချစ်သူငယ်ချင်းတွေနဲ့ ဓါတ်ပုံ
လိုက်ရိုက်ဖို့ ချိန်းထားတာနဲ့ စောစောစီးစီး လိုက်ရိုက်မယ်ဆိုပြီးလေညင်းသာလက်ဖက်ရည်ဆိုင်မှာ စောင့်နေတယ်....ချစ်သူငယ်ချင်း
တွေ တစ်ယောက်ပြီးတစ်ယောက်ရောက်လာဖို့အတွက် စောင့်နေရတာ စိတ်ထဲမှာ တော်တော်လေးကြာတယ်လို့ထင်မိတယ်။
ကျွန်တော့်စိတ်က ငယ်စဉ်က ကလေးဘ၀ကို ပြန်သတိရမိတယ်..ချမ်းအေးလှတဲ့ ဒီမြို့ လေးထဲမှာ ငယ်စဉ်ကကျောင်းတက်
ခဲ့တာတွေကိုပြန်သတိရမိတယ်..မနက်စောစော ထရမှာကို ငယ်စဉ်က အရမ်းကြောက်မိတယ်...“သားရေ ထတော့ ကျူရှင်သွားရဦးမယ်
ထတော့ ထတော့ သူငယ်ချင်းတွေ လာခေါ်မှ ထရင်အားနာဖို့ ကောင်းတယ်” ဆောင်းတွင်း မှာလာနိုးတဲ့ မေမေ့ အသံကိုပြန်ကြားမိတယ်။
ဆောင်းတွင်းကာလ ရဲ့  မနက်စောစော အနွေးထည်အင်္ကျီ အထူတွေ လက်အိတ်အထူတွေ ၀တ်ပြီး သူငယ်ချင်းတွေနဲ့ ကျူ
ရှင်သွားတဲ့ အချိန်လေးတွေကို ပြန်သတိရမိတယ်....မိုးကုတ်ဆောင်းတွင်းရဲ့ အအေးဒဏ်ကို တစ်နှစ်ထက်တစ်နှစ် ခံနိုင်ရည် ရှိဖို့
မိုးကုတ်မြို့ နေလူထုတွေ တော်တော်ရုန်းကန်နေရတယ်..မြို့ လေးမှာရှိတဲ့ သစ်တောတွေက လဲ တော်တော်ကိုပြုန်းနေတယ်လေ...
ဘယ်နားကြည့်ကြည့် တောင်ကတုံးလေးတွေ ဖြစ်ကုန်တယ်လေ...ငယ်စဉ်ကတော့ လက်ညိုးညွန်ရာ တောင်တန်းစိမ်းစိမ်းလေးတွေ
ခုတော့ ဘယ်နားကြည့်ကြည့် အကျိုးတူတွေလေ..ခေတ်ကိုက ပြောင်းသွားတယ်....။
ရာသီဥတု တော်တော်ဖောက်ပြန်နေတယ်လေ..အေးရင်လဲ ရေခဲမတတ်အေး ပူရင်လဲ အရည်ပျော်အောင်ပူဆိုတော့ တောင်
ပေါ်မြို့ လေးရဲ့ ဆုတ်ယုတ်ခြင်းကိုပြနေတယ်...အင်း တွေးရင်းနဲ့ဒေါကန်လာတယ်...ခုတောင် အဝေးရောက်သူငယ်ချင်းတွေက လုပ်ပါဦး
ဆောင်းတွင်းဓါတ်ပုံလေးတွေ ဆိုလို့ ....ရိုက်ရမှာတောင် အားနာတယ်...ဘာဖြစ်လို့လဲဆိုတော့ စိမ်းလန်းတဲ့ တောင်တန်းတွေကို တော်
တော်ရှာရိုက်မယ်လေ.....ဒါနဲ့မထူးပါဘူး တောင်တန်းတွေကို မရိုက်တော့ဘဲ မြို့ လယ်အင်းလေးနဲ့ ဘီးတောင်ဘုရားတို့ကိုဘဲ ရိုက်ဖြစ်ခဲ့
တယ်....
သဘာဝ ပတ်ဝန်းကျင်စိမ်းလန်းဆိုပြေရေး ဆိုတဲ့ဆိုင်းဘုတ်ကိုတောင် အားနာမိတယ်ဗျာ။



ဒါကတော့ ရှားရှားပါးပါး စိမ်းစိမ်းလန်းလန်း

ဆောင်းရာသီနှင့်မိုးကုတ်မြို့ 

ဒီဇင်ဘာ မနက်ခင်း
post လေးပေါ့…

read more...

Tuesday, December 9, 2008

၁၀၉/၁၁၀ နှင့် မောင်အောင်ချမ်းသာ တို့ မြို့ 


မိုးကုတ်စီးပွားရေး ဒီလိုမျိုး ပြန်စည်နိုင်ပါ့ မလားကွယ်


၁၀၉/၁၁၀ လုပ်နေတာခုဆို ဘာလိုလိုနဲ့ သုံးလပြည့်တော့မယ်...ဘယ်မှာလဲ အလုပ်
ဘယ်မှာလဲ အချိန် ဟိုလိုဒီလို လက်ညိုးညွန်ရင်း နဲ့ လေပေနေတဲ့ ဘ၀ ကို ကျောက်ချထားတာ
ရက်ပေါင်း ၉၀ ရှိခဲ့ပြီလေ။တောင်ပေါ်ဒေသ ဖြစ်တဲ့ မိုးကုတ်မှာက စီးပွားရေးဆိုလို့ တစ်လမ်းဘဲ
ရှိတယ် ကျောက်လုပ်ငန်းလေ ခုကျောက်ဈေးကအေးတော့ တစ်မြို့ လုံးကလူတွေ အားလုံး
၁၀၉/၁၁၀ ဖြစ်နေကျတယ်လေ....
မြို့  လေးရဲ့  စီးပွားအချက်အချာဖြစ်တဲ့ ဌာပွဲ ဆိုတာလဲ ကန္တာရဆန်ဆန်ဖြစ်နေတာကြာ
ပြီ...တကွင်းလုံးလဲ ထီးဘဲကျန်တော့တယ်...ဘယ်သူမှ ဌာပွဲကို မလာကြတော့ဘူးလေ ခုတောင်
ပန်းခြံထာပွဲ ကို ကန်ထရိုက်ဆွဲထားတဲ့ ပိုင်ရှင်ကြီးက ခုလ ကုန်ရင် ဆက်လက်ပြီး ကန်ထရိုက်မယူ
တော့ဘူးတဲ့ ....ဟုတ်တော့လဲ ဟုတ်ပါတယ်လေ...အရင်ကဆို ထာပွဲ ကျောက်ဝိုင်းထဲ မှာ လူတစ်
ယောက်ကိုရှာဖို့ဆိုတာ တော်တော်လေးကို ခက်ခဲတယ် ခုတော့ ဘောလုံးကွင်းလောက်ရှိတဲ့ ကွင်း
ကြီးထဲမှာ မျက်စိမှိတ်လမ်းလျှောက်ရင်တောင် ခလုတ်တိုက်မိဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။
ဘယ်လောက်ထိများ စီးပွားရေးကောင်းလဲဆို ဒါကိုဘဲစဉ်းစားကြည့်ပေါ့....။
ခုပိုဆိုးတာက တစ်ကမ္ဘာလုံး စီးပွားရေးကပ်က ဆိုဒ်နေတော့ ကျွန်တော်တို့ တောင်ပေါ်
မြို့ လေး လဲအဲ့ဒီဒဏ်ကို ကြံ့  ကြံ့  မခံနိုင်တော့ဘူးလေ ရှိတာမှ စီးပွားရေးက တစ်လမ်းတည်းပါဆိုမှ ခုတော့
ပိုးဆိုးပက်စက် ပက်လက်ကိုလန်ပါလေရော........



ကျွန်တော်ဟိုတလောက အလုပ်လိုက်ရှာတယ် ဒါပေမဲ့ ရတာနဲ့ မကာမိဘူး စားစရိတ်ဆို
တဲ့ ကုန်ဈေးနှုန်းကလဲ ဒီရေလိုတက်လာတော့ မကိုက်ဘူးဖြစ်နေပြန်ရော ကြာတော့ အိမ်ကထမင်း
ကျွေးထားတဲ့ မိဘ နှစ်ပါးကိုတောင် အားနာလာတယ်....
မနက်မိုးလင်း ရင် လက်ဖက်ရည်တောင်နှပ်မမှန်တော့ဘူးလေ...ခုတောင် သူငယ်ချင်းတွေ
တိုက်တဲ့ လက်ဖက်ရည်လေးနဲ့ ပြည့်စုံနေရတယ်...ဒီလိုတိုင်းတာ ဘ၀ကြီးကိုဖြတ်သန်းနေရ ရင်တော့
ဘယ်မှာလဲ တိုးတက်မှု ဘယ်မှာလဲ အောင်မြင်မှု ဆိုတာ ပုံပြင်တစ်ပုဒ်လို ဖြစ်သွားတယ်...ကျွန်တော့
စိတ်တွေဟာ ပင်လယ်မျက်နှာပြင် အောက်ရောက်နေတာ ရက်စွဲပေါင်းမနည်းတော့ ဘူး။
ကျွန်တော်တကယ် ဒီ ၁၀၉/၁၁၀ ဘ၀ ကို တော်တော် ရွံမုန်းနေပြီ ဒါပေမဲ့ ဘယ်သူမှ မတက်
နိုင်ဘူးလေ....လူငယ်တစ်ယောက် ရဲ့  ဘ၀ အချိန်တွေကို ဒီလိုဘဲ ဆက်လျှောက်နေမယ်ဆိုရင်
အောင်မြင်ခြင်းဆို တဲ့ ဘ၀ပန်းတိုင်ဟာ ဒဏ္ဏရီ ဖြစ်သွားတယ်။
ဒီနေ့လည်း ၁၀၉/၁၁၀ စိတ်ကို သယ်ဆောင်ရင်း ချမ်းအေးလွန်းတဲ့ မိုးကုတ်ဆောင်းရာသီ
မှာ စိတ်ဓါတ်တွေ အရည်မပျော်သွား အောင် အံကိုကြိတ်ရင်း လူငယ်တစ်ယောက် ရဲ့ အနာဂတ်ကို
ဖန်တီးဖို့  ကျွန်တော် ခုထိ ဆက်လျှောက်နေရတယ်။


read more...

Saturday, November 8, 2008

သေတော့မယ့် ဆယ်ရက်အလို

သေခါနီး ဒသမနေ့အလို ..ဒီရဲ့  tag ကို ရေးမယ်လို့မထင်ခဲ့မိဘူး ချစ်ရသော ညီလေး ဂီတာနဲ့ လွယ်အိတ်လေး က ကျွန်တော့ကို တိုက်တွန်းလိုက်တာနဲ့ ရေးဖြစ်ခဲ့တယ်
ရင်ထဲမှာ လဲတင်းကျပ်နေတာတွေပြေလျှော့မယ်လို့ထင်မိတယ်...လူတစ်ယောက်ဟာ သေဆုံးခါနီး အချိန်မှာ ဘာတွေလုပ်သွားသလဲ ဘာတွေဖြစ်သွားသလဲဆိုတဲ့ စဉ်းစားချက်
နဲ့ ဒီ tag လေးကို ရေးဖြစ်သွားတာပါ။
ကိုးရက်အလို.... သူငယ်ချင်းတွေနဲ့ လိုက်လည်မယ် အနောက်ပိုင်း (ကျပ်ပြင် ) က သမိုင်းဝင် မယ်နန်းကြည့် တောင်ထိပ်မှာ သွားထိုင်ပြီး ကဗျာ နဲ့ ဂီတ အကြောင်း
ပြောမယ် အဓိက ကတော့ modern အကြောင်းတွေဆွေးနွေးမယ် မိုးကုတ်အရှေ့ပိုင်းပြန်ရင် အနောက်ပိုင်းက ဒေါင့်ဆိုင်မှာ ၀က်စတူးသုတ်တစ်ပွဲနဲ့ ရမ် ၂ပတ်လောက် ကိုင်
လိုက်မယ်......
ရှစ်ရက်အလို.... ဘ၀မှာ ဖြစ်ချင်တိုင်းမဖြစ်လာတဲ့ အချိန်ကိုတိုက်ပွဲဝင် ဖို့ လူငယ်လေးတွေနဲ့ဆွေးနွေးမယ်....ပြီးရင် သူတို့နဲ့ အနာဂတ်အတွက်ကောင်းစွာ ငြင်းဆိုကြ
မယ်..ပိုနေတဲ့အချိန်ကို ရောင်းစားဖို့ ကုမ္ပဏီတစ်ခုထောင်ဖို့ တိုင်ပင်ကြမယ်...
ခုနှစ်ရက်အလို .....မြို့လေးရဲ့ စီးပွားရေး အချက်အချာဖြစ်တဲ့ ဌာပွဲ (ကျောက်ဝိုင်း) ကို သွားလည်မယ် ဌာပွဲမှာရှိတဲ့ သူငယ်ချင်းမိတ်ဆွေနဲ့ စကားပြောပြီး ခုခေတ်ကျောက်
ဈေးအကြောင်းဆွေးနွေးကြမယ်....စုတ်ပြတ်နေတဲ့ ကျောက်လောက အကြောင်းကို အသံကုန်ဟစ်ကြရင်း ဦးပိုင် လက်ဖက်ရည်ဆိုင်က ထပ်တရာ ပဲလိပ်ကို အမုန်းဆွဲ မယ်...
ခြောက်ရက်အလို....ငယ်သူငယ်ချင်းတွေဖြစ်တဲ့ မပွင့်တို့ မဖြိုးတို့ သူရ တို့နဲ့ မြို့ လေးကို ဆိုင်ကယ်နဲ့အ၀ ပတ်လိုက်မယ်...သူတို့နဲ့ သစ္စာမှာ ကဲလိုက်မယ်...ရီဝေေ၀
နဲ့ ညတစ်ညကို ကုန်ဆုံးသွားချင်တယ်...



ငါးရက်အလို ....ရောဂါက ထလာပြီလေ...မတတ်နိုင်ဘူး ဒါပေမဲ့ ဖေဖေ နဲ့ မေမေ ကိုတော့အသိမပေးဘူး...သူငယ်ချင်းတွေက မျက်နှာပျက်နေကြတယ်..ဒါပေမဲ့
ကျွန်တော့ တူ တူမလေး တွေ ညီမတွေ အစ်မတွေ နဲ့ သွားပြီး မုန်ညင်းပေါင်းသွားစားမယ် ညဈေးတန်းလေးမှာပေါ့...အပြုံးမပျက်တဲ့မျက်နှာတွေ နဲ့လေ သူတို့ဟန်ဆောင်နေ
မှန်းသိပါရက်နဲ့ .....
လေးရက်အလို ...ကျွန်တော့ကို ထားသွားတဲ့ချစ်သူဆီကို စာတစ်စောင်ရေးချင်တယ်....“မင်းကို ငါ သိပ်ချစ်တယ်လို့”....သူမ ကျွန်တော့ဆီကိုပြန်မလာနိုင်တော့တာ
ပြီးတော့ ကျွန်တော်လတ်တလော ချစ်ရသော မမြင်ဘူးသေးပေမဲ့ တစ်ဖတ်သက် ရင်ခုန်နေရတဲ့ ချစ်ရသော ဆွေဆွေ ဆီကို ဖုန်းနဲ့ (သို့မဟုတ်) စာနဲ့ ဖြစ်ဖြစ် စကားပြောချင်တယ်
ပြီးရင် သူ့အတွက် ကျွန်တော့ဒိုင်ယာရီ စာအုပ်လေးကို လက်ဆောင်ပေးချင်တယ်....
သုံးရက်အလို ...ရောဂါက ကျွမ်းလောင်နေပြီ မိဘနှစ်ပါးလုံး ကျွန်တော့အတွက် မျက်ရည်ကျနေရတယ်...နားထဲမှာ မေမေ့ အသံကြားနေရတယ် ..သားလေး
သားလေး လို့အော်ခေါ်နေတဲ့အသံလေ သားနင် ဘာကြောင့်မိုက်ရတာလဲကွယ်...မေမေ့စကားနားထောင်နော်တဲ့ ဒီတစ်ခါ သားသက်သာရင် လုံးဝ ဆေးလိပ်မသောက်ရတော့
ဘူးနော်....သားလေး။ဖေဖေကတော့ ၀မ်းနည်းတဲ့ မျက်နှာနဲ့ ကျွန်တော့ကို စိုက်ကြည့်နေတယ်...ဘေးမှာ အမျိုးတွေကလဲ အပြည့်နဲ့ပေါ့....ငိုသူကငိုလို့လေ...
ကျွန်တော်သိပ်ဝမ်းနည်းတယ်ဗျာ....လူတစ်ယောက်သေခါနီးမှာ ဘေးကနေ အားပေးမယ်မရှိဘူး လာငိုပြနေတယ်....အဲ့ဒါ ဟန်ဆောင်မျက်ရည်တွေလို့တောင် အော်ပြောချင်တယ်
ဒါပေမဲ့ စကားက မထွက်လာတော့ဘူး.......
နှစ်ရက်အလို ....နားထဲမှာ မေမေ့ ခေါ်သံလေးကြားနေရတယ် မျက်စိကိုအားယူပြီးဖွင့်ကြည့်တယ်...ပိန်လှီနေတဲ့မေမေ့ ခန္ဓာကိုယ်လေးကို ကျွန်တော်မြင်ရတယ်...ဒါပေမဲ့
ကျွန်တော်မေမေ့ကိုစကားတစ်ခွန်းပြောချင်တယ်....မေမေ သား လူမိုက်ကို ခွင့်လွတ်ပေးပါ.....လို့
တစ်ရက် မှာ ချုပ်ငြိမ်းပြီ......ကျွန်တော့ ကို မေမေနဲ့ဖေဖေ က သားလူလေး မင်းမိုက်ပါပေ့တဲ့.....အဲ့ဒီအသံကိုတော့ကြားရတယ်...ပြီးတော့ကျွန်တော့မျက်စိထဲမြင်နေတာက
ကျွန်တောတစ်ဖက်သတ်စွဲလမ်းနေရတဲ့....ဆွေဆွေ(ခ) ငယ် သူ့မျက်နှာကိုမြင်နေမိတယ် ...ဒါပေမဲ့ သိပ်မကြာဘူး ကျွန်တော်ဟာ အမှောင်တိုက်ထဲကို တဖြေးဖြေးနဲ့...............
ကျွန်တော့ ခန္ဓာကိုယ်ဟာလဲ ပေါ့ပါးစွာနဲ့...........ကျွန်တော်ချစ်သောမြို့လေးကလဲ ကျွန်တော့်ကို မျက်ကွယ်ပြုလိုက်တယ်လေ.........................



read more...

Sunday, October 5, 2008

ဘာတွေယူဦးမှာလဲ...

ကောင်းကင်က လျှပ်စီးတွေက ကျွန်တော့အခန်းရဲ့  မှန်တံခါးကို လာရိုက်နေတယ်....မိုးခြိမ်းသံက လည်းကမ္ဘာကြီးပြိုကွဲတော့မလို အားရပါးရထစ်ချုန်းနေလိုက်တာ ..
စက်တင်ဘာလမှာရွာတဲ့ မိုးက မိုးရာသီကုန်တော့မယ်ဆိုတဲ့ အတိုင်းအငြိုးနဲ့ ကိုရွာချနေလိုက်တာ..ဒီအချိန်ကျွန်တော့ခေါင်းထဲမှာ ၀င်လာတဲ့အတွေးက မနက်ဖြန်လုပ်ရမဲ့ အလုပ်ကိစ္စ
အတွက် စဉ်းစားနေရင်း ယခုခေတ်စီးပွားရေး အကြောင်းကို ရောက်သွားတယ်..အရင်က ဆိုမြို့လေးရဲ့  စီးပွားရေးက တအားကိုတောက်ပြောင်ခဲ့တယ် ခုတော့ ကန္တာရ တစ်ခုလိုခြောက်
ကပ်ကပ် နိုင်လွန်းတယ်..ဒီမြို့ မှာ က အလုပ်ဆိုလို့ တစ်မျိုးဘဲရှိတယ်လေ။။
ကျောက်ဈေးတွေက အရမ်းအေးနေတော့ ကုန်သည်ရော ပွဲစားပါ ငြီးနေလိုက်တာ မြို့  လေးမှာ ခိုတွေတောင်မကျန်တော့ဘူး ...ဟုတ်လဲဟုတ်ပါတယ်လေ..ဒီမြို့  မှာက
အလုပ်တစ်ခု မဖြစ်ရင် ကျန်တဲ့ စီးပွားရေးတွေကပါ လိုက်ပြီး အေးသွားတယ်..ဥပမာ....ဈေးဆိုင်တို့ပါတို့ ဆိုရောင်းမကောင်းတော့ဘူးလေ...


အော်...`ငွေ ´ ငွေ ရှာရတာခက်တာ သုံးရတာကျတော့ အလွယ်လေး...ဒီနေ့လဲ ငွေလေးနည်းနည်းရတာနဲ့ ဟိုဟာဝယ်ဒီဟာဝယ်နဲ့ လက်ထဲမှာ အရွက်အနည်းငယ်ဘဲ
ကျန်ခဲ့တယ်...နောက်လဆို ပိုဆိုးပြီ သီတင်းကျွတ်ဆိုတော့ လူမှုရေးတွေများပြီ ပိုက်ဆံ ကုန်ဖို့များတဲ့ရာသီပေါ့ မြို့ လေးကလဲ ဆယ့်နှစ်ရာသီရှိလို့တာတော်တော့တယ် ပွဲလမ်းသဘင်
ကလည်းတော်များတာကိုး.....လူတွေညီးဆိုညီးလောက်တယ်...ဗျာ...
ဟိုတလောကလဲ မြို့ ထဲမှာ ငွေတွေတော်တော်ထွက်သွားကြတယ်..လူတွေလဲ တော်တော် အလုပ်ရှုပ်သွားကြတယ်လေ...ဘာကြောင့်ဆိုတော့ ဆိုင်ကယ်လိုင်စင်ပေးတာတဲ့
ညအိပ်စောင့်တဲ့လူနဲ့ ပြီးတော့ နေရာဦးပြီးတော့ ရောင်းစားတဲ့သူနဲ့ ....ပိုင်ရာဆိုင်ရာတွေလူတွေနဲ့ တော်တော်ကိုရှုပ်ရှက်ခက်နေတာဘဲ! နေရာရောင်းတဲ့သူဆိုတာက နေရာကို ဇာတ်ပွဲ
မှာဖျာခင်းဖို့နေရာ ဦးသလိုခဲလုံးတွေ ချ တစ်ချို့  ကလဲ ကြိုးတန်းပြီး ဦးကြတယ် ပြီးရင် အရင်ရချင်တဲ့ လူတွေကို နေရာရောင်း...သူ့ဟာနဲ့သူတော့ အလုပ်ဖြစ်နေကြတာဘဲ ပွဲတော်ကြီး
ကိုဖြစ်လို့.....
ဒီမြို့  လေးရဲ့  ထုံးစံက သူ့ထက်ငါ အရင်ရချင်တဲ့ စိတ်ကအင်မတန်များတယ်..ဥပမာ..ဆိုင်တစ်ဆိုင်အသစ်ဖွင့် တယ်ဆိုရင် အဲ့ဒီဆိုင်မှာ ပွဲတော်အလားဘဲ...၀ုန်းကနဲ့ဆိုပွဲကို
ကျနေတာဘဲ..ပြီးရင်တော့ အဲဒီဆိုင်လူကိုမရှိတော့ဘူး ..အင်း..သူတို့တွေအပြစ်လဲမဟုတ်ဘူးလေ မြို့ လေးကကျဉ်းတာကိုး ....ကြာတော့ ရိုးအီသွားတာပေါ့။
ဒီမြို့ လူထုရဲ့  စိတ်တွေက အရမ်းရိုးကြတယ်...ဘုရား တရားလဲ ကိုင်းရှိုင်းတယ် ရိုးလွန်းတဲ့ ဒီမြို့  လေးမှာ ခဏခဏ လိမ်လည်မှုတွေကို ကြားနေရတယ်..လိမ်ခံရတဲ့ လူကလဲ
စိတ်ထဲမှာ အင်း...၀ဋ်ရှိလို့ ခံရတာဘဲဆိုပြီးတော့ ဖြေသိမ့်ကြတယ်...တခါကလဲ မြို့ လေးထဲက ငွေပေါင်းသိန်းထောင်ချီ ကို လူတစ်ယောက်က လိမ်လည်သွားဘူးတယ်..
ကျွန်တော်တို့ ငယ်ငယ်တုန်းကပေါ့ Show Money ဆိုပြီး နာမည်ကို ကြီးသွားတယ်..လိမ်ခံရတဲ့ သူတွေက တော်တော်ကို စီးပွားရေးကျဆင်းသွားခဲ့တယ်...ပြီးတော့ မြို့ လေးရဲ့  စီးပွားရေး
ပါထိခိုက်ခဲ့တယ်....ဒီခုချိန်ထိ နလန်ကိုမထူနိုင်တော့ဘူး။။။။
ခုဆို ဒီမြို့ လေးကို နည်းပေါင်းစုံနဲ့ ငွေ တွေထုတ်နေကြတယ်...အကျိုးတူတို့ ဘာတို့ ဆိုပြီး ထုတ်နေကြတယ်......
ဒီမြို့ လေးကို နောက်ထပ် ဘယ်နည်းတွေနဲ့ များ ငွေတွေထုတ်ကြဦးမလဲ မသိဘူးနော်.....
နောက်ဆုံးတော့ မြို့ လယ်ခေါင်က ရေအင်းနဲ့ ရေနီချောင်းလေး ဘဲကျန်ခဲ့တော့မယ်...။

read more...

Tuesday, September 16, 2008

ခင်ဗျားနေကောင်းလား

ခင်ဗျား ဘယ်သွားနေလဲ....နေကောကောင်းလား
ခင်ဗျား နဲ့ကျွန်တော် ထိုင်ခဲ့တဲ့ လက်ဖက်ရည်ဆိုင်မှာ
ခင်ဗျား ကို ကျွန်တော် နေ့တိုင်းစောင့် ခဲ့တယ်....
ခင်ဗျား ရဲ့  ပို့စ်မော်ဒန်ထဲမှာ မမျှောရတာကြာပြီ
ခင်ဗျားနဲ့ ကျွန်တော် ပြက္ခဒိန်ဟောင်းတစ်ခုရဲ့
ရက်စွဲ တစ်ချို့  တစ်ခု မှာ အတူ တိုက်ပွဲဝင်ခဲ့တယ်
ခင်ဗျား ဇနီးနဲ့ သားသမီးတွေ .....
ခင်ဗျားကို မျှော်နေတယ်....
သူတို့ရဲ့  ဆုတောင်းသံ ကို......



ခင်ဗျား ကြားရဲ့ လား..?
ခင်ဗျား အခန်းကျဉ်းလေးထဲ မှာအဆင်ပြေလား.
သူတို့တွေ ခင်ဗျားကို ကောင်းမွန်စွာထားလား
ခင်ဗျား နဲ့ ကျွန်တော် ၀ါဒတစ်ခု အတွက်တိုက်ပွဲဝင်ခဲ့တယ်
ခင်ဗျား နဲ့ ကျွန်တော် တွေ့တဲ့ညနေက တိုတောင်းတယ်နော်
ခင်ဗျားပြောတဲ့ လွတ်လပ်မှုတွေ ကျွန်တော်နားလည်နေပြီ
ခင်ဗျားပြောတဲ့ လူ့အရင်းအမြစ်တွေ ကျွန်တော်နားလည်နေပြီ
ခင်ဗျား အတွက် ကျွန်တော် ဆုတောင်းပေးနေတယ်..
ခင်ဗျား အမြန်ပြန်လာနိုင်ပါစေ။
ခင်ဗျား နဲ့ အတူ ခရီးသွားဖို့ စောင့်နေမယ်.......


read more...

Friday, March 14, 2008

ဒါတွေကို ဒီလိုရိုက်ခဲ့တယ်..

ကြောက်စရာချောက်ကြီးတွေ
ဒါကစစချင်းမြင်နေရတဲ့ ရှုခင်း

မြို့ မြင်တောင်လမ်းခွဲ ကမြင်နေရတဲ့ ဒို့ရဲ့ မြို့

လမ်းအစမှ မြင်နေရတဲ့ မိုးကုတ်မြို့လေး
ဒီတောင်တန်းတွေကို ငါလျှောက်နိုင်ပါ့မလား



တပင်တည်းအထီးကျန်နေလိုက်တာ

read more...

ကျွန်တော်နဲ့ တောင်တန်းများ

(၁၄.၃.၀၈) မနက် (၆)နာရီခွဲ နိုးစက်ကငါ့ ကို နိုးလိုက်တယ်..မနက်ခင်းရဲ့ သန့်ရှင်းလတ်ဆတ်တဲ့ လေနူအေးက ကျွန်တော့်ကို စိတ်အားထက်တန်စေတယ်..မျက်နှာသစ်ပြီး မေ့မေ့
ရဲ့ မနက်ခင်း ထမင်းကြော်ကို အရင် ဆွဲလိုက်တယ်...ထမင်းစားရင်း အင်းငါ့ လူတော့ လက်ဖက်ရည်ဆိုင်မှာ စောင့်နေလောက်ပြီ ဆိုပြီး ထမင်းကြော်ကို ပြာယီးပြာယာ ဆွဲလိုက်တယ်..
မေမေ က နင့်ထမင်းစားတာကလဲ ကျားလိုက်တာကြနေတာဘဲတဲ့..မဟုတ်ဘူးဗျို့ သူငယ်ချင်းစောင့်နေလို့ လို့ ပြောပြီး နွေစံအိမ် လက်ဖက်ရည်ဆိုင်ကို တစ်ချိုးထဲ ပြေးပါလေရော။
ဟိုလည်းရောက် ရော သူငယ်ချင်းက လက်ဖက်ရည်နဲ့ မုန့်တီ သုတ်ဆွဲ နေတယ်..ဟာ ခင်ဗျားရောက်တာကြာပြီလားလို့မေးတော့ အေး (၆)နာရီကတည်းက မင်းကိုစောင့်နေတာတဲ့....
အာ ဆောရီး လို့ ပြော ပြီးလက်ဖက်ရည်တစ်ခွက်ဝင်ဆွဲ လိုက်တယ်..စားသောက်ပြီးတော့ ခဏလောက် စကားလေးပြောပြီး။
(၇း၀၀)ကျော်ကျော်မှာ သူက.. ကဲ တောင်ပေါ်ကိုစတက် ရအောင်လို့ ပြောတယ်...ဒီလိုနဲ့ အောင်ချမ်းသာ ဈေးလမ်းက နေ ပတ်ထွက်ရအောင်လို့ ကျွန်တော်က ပြောလိုက်တယ် ..
ဘာကြောင့်လဲဆိုတော့ ရေသန့်ဗူး ၀ယ်ရအောင်လေလို့..သူက ကောင်းသားဘဲဗျာတဲ့
ဒီလိုနဲ့ အောင်ချမ်းသာ ဈေးလမ်းက နေ ပတ်ထွက်ရအောင်လို့ ကျွန်တော်က ပြောလိုက်တယ် ..ဘာကြောင့်လဲဆိုတော့ ရေသန့်ဗူး ၀ယ်ရအောင်လေလို့..သူက ကောင်းသားဘဲဗျာတဲ့
မနက်ခင်းရဲ့ လေနူအေးလေးနဲ့ လမ်း မ လျှောက်ရတာ တော်တော်ကြာပြီ...လူက လန်းဆန်းတက်ကြွနေတာ..သူကတော့ ကျောပိုးအိတ်ကို ဟိုစမ်းဒီစမ်းနဲ့ပေါ့...နှစ်ယောက်သား
စကားတပြောပြောနဲ့ ကန်တော် ဘုန်းတော်ကြီးကျောင်းကို ကျော်ပြီးတော့ မိုးကုတ်မြို့ရဲ့ ဒုတိယ တောင်တန်းဖြစ်တဲ့ ဇလပ်နီတောင်ကို တက်ဖို့ရာလမ်းတစ်လမ်းဖြစ်တဲ့ ကန်တော် ရှမ်းဘုန်းတော်
ကြီးကျောင်းလမ်းကို စတင်ဖြတ်လျှောက်ခဲ့တယ်.....ကဲမြင်နေပြီ တောင်တက်မဲ့ လမ်းစကို ..သူငယ်ချင်းက ဘယ်လိုတက်မလဲ တဲ့ ခုမြင်နေရတဲ့ မြို့မြင်တောင် လမ်းခွဲကနေတက်ရမယ်အစ်ကိုလို့
ကျွန်တော်က လမ်းညွန်လိုက်တယ်...



နှစ်ယောက်သား တက်ခဲ့တာ မြို့မြင်တောင် လမ်းတစ်ဝက် မှာ ခဏနားပြီးတော့ မိုးကုတ်မြို့ ရဲ့ ရှုခင်းလေးကို ခဏလေး ငှေးမောနေမိတယ်...ကျွန်တော်ကတော့ အကျင့်တိုင်း ကင်မရာ
တစ်လုံးနဲ့ အလုပ်တွေရှုပ်နေမိတယ်...နွေရာသီ ရဲ့ အစပိုင်းကာလ ဆိုတော့ မြူတွေက အုံ့ဆိုင်းနေပြီလေ..မြူတွေက တော်တော်လေးကို အုပ်မိုးထားတယ်...ဓါတ်ပုံကိုမနည်း ရိုက်ယူရတယ်ဗျာ။
ဖြေးဖြေးခြင်းတက်ပါကွာ တဲ့ သူငယ်ချင်းက မင်းမောနေပြီမဟုတ်လား...ခုမှ စတက်နေတာ အကြာကြီးတက်ရအုံးမှာ နော်တဲ့။
ဟား လမ်းခွဲ တွေ့ပြီ ဟိုမှာ တွေ့လားလို့ အားရ၀မ်းသာစွာနဲ့ အော်မိလိုက်တယ်...ညာလမ်းကိုတက်ရမှာ ဘယ်လမ်းဆို မြို့မြင်တောင်ကိုတက်ရမှာ ဒါနဲ့ ညာလမ်းကို ရွေးပြီးတက်လာခဲ့တယ်
တောင်က တော်တော်မတ်တယ်...ဘာကြောင့်ငါ ဒီတောင်ပေါ်ကို ရောက်ချင်ရတာလဲ...လို့ ကို့ကို ကို မေးခွန်းတွေတစ်ပုံကြီးနဲ့ လွန်ဆွဲနေခဲ့တယ်...ဘာကြောင့်တက် ရလဲဆိုတော့ ကျွန်တော့် ရဲ့
ဘလော့ လေးမှာ မိုးကုတ်ပုံ လေးတွေတင် ချင်တာရယ် ပြီးတော့ မိုးကုတ်မြို့ ရဲ့ အရှေ့ တောင်ရိုးကိုဘဲ တက်လို့ရတယ်လေ အနောက်တောင်ရိုးကို မှ တက်လို့မရတာ။
အရင်တစ်ခေါက်က ဒီဇင်ဘာမှာ ကျွန်တော့အဖေနဲ့ သူ့ သူငယ်ချင်းတွေတက် တုန်းက လူကြီးတွေက မိုးကုတ်ရှုခင်းဘယ်လိုလှကြောင်း ဘယ်လိုစွန့်စား ရကြောင်းပြော တော့ အဲဒီမှာတင်
ကျွန်တော် တော်တော်စိတ်ဝင်စား မိသွားတယ်။အဲဒီထဲမှာ စာရေးဆရာ ကိုမျိုးသန့်က အပြောကောင်းတော့ တော်တော် စိတ်ဝင်စားသွားတယ် သူပြောတာ တောင်က လမ်းတစ်ဝက်မှာ တော်တော်
မတ်တယ် ဘေးမှာချောက် တွေနဲ့ လူသွားလမ်းလေးက ကျဉ်းကျဉ်းလေး တော်တော်လန့်စရာကောင်းတယ် မင်းတို့တက်ရင် တွေ့လိမ့်မယ်တဲ့...အင်း ငါလည်း အဲဒီအရာကို ခံစားချင်လို့ တက်လာတာ
ဘဲ...လို့ စိတ်ကို တင်းပြီး ဖြေးဖြေးခြင်းတက်ခဲ့တယ်။
တောင်ရိုးလေးပေါ် ရောက်ပြီ နာရီ ကြည့်လိုက်တော့ (၉း၂၀) ဟာတော်တော်စောသေးတာဘဲ ဒီလိုနဲ့ နှစ်ယောက်သား မိုးကုတ်မြို့ လေးကို အပေါ်ကနေ အားရပါးရ ကြည့်နေမိတယ်
ကျွန်တော်ကတော့ ဓါတ်ပုံတွေ တဖျတ်ဖျတ် အားရပါးရ ရိုက်လိုက်တယ် သူငယ်ချင်းကတော့ သူ့ရဲ့ မှန်ဘီလူး လေးနဲ့ အလုပ်တော်တော်ရှုတ်နေတယ်...အားပါးပါး တော်တော်လှတဲ့ ရှုခင်းကွာ မြူတွေ
တာ အပေါ်ကနေ မအုပ်ထားရင်း တော်တော်လှမှာနော်တဲ့..
ကဲ...ကိုဦးရေ ဆက်လျှောက်ရအောင်ဗျာ..ဟိုဘက် ဘယ်လောက်လျှောက်ရမယ်မသိသေး ဘူးဗျာ..ဒီလိုနဲ့ လျှောက်လာလိုက်တာ ကျွန်တော်တို့ ဇလပ်နီတောင်လေးကို အစအန တောင်
မမြင်ရသေးဘူး...ဒါပေမဲ့ တောင်ကတော့ မတ်မတ်ကြီးမဟုတ်တော့ဘူး...ပြေပြေလေး လျှောက်နေရတယ်....ဒီလိုနဲ့ လမ်းမှာ လီဆူတိုင်းရင်း ကလေးလေးတွေကို မေးပြီး လျှောက်လာခဲ့တယ်
သူတို့က ဦးလေး လမ်းမှားနေပြီ ဇလပ်တောင်ကို ဒီလမ်းအတိုင်းတည့်တည့် သွားရမှာ နောက်ပြီး ခုလမ်းက မက်ကော်လို့ ခေါ်တဲ့ ရှမ်းရွာကို ရောက်သွားမှာတဲ့ နှစ်ယောက်သား ပြန်လှည့် ထွက်
ပြီး ကလေးလေးတွေကို ၀ယ်လာတဲ့ ကိတ်မုန့်တစ်ချို့ကို ပေးကမ်းပြီး ဆက်တက်ခဲ့တယ်....တစ်လမ်းလုံး သစ်ခုတ်တဲ့ သူတွေ က မနည်းဘူးဗျ...ပြီးတော့ တစ်လမ်းလုံးလည်း တောင်ယာတွေ
မီးရှို့ထားကြတာတော်တော်ကို ဆိုးတယ်ဗျာ။
သဘာဝပတ်ဝန်းကျင် ထိန်းရေးတာ တဖွတဖွ ပြောနေတာ ခုကြတော့လည်း ဘာမှမရှိတော့ဘူး သစ်ပင်တွေက မြေသြဇာ ဖြစ်နေလောက်ပြီ။တော်တော်ဆိုး တဲ့ တောင်ယာမီးရှို့မှုဘဲ။
သူငယ်ချင်းကတော့ သူ့စိတ်ကူးနဲ့ သူ နှစ်ယောက်သား စကားမပြောဘဲ တက်လာလိုက်ကြတာ ဇလပ်နီတောင်ရဲ့ အခြေကို ရောက်ခဲ့ပြီ...ကျွန်တော်က ကိုဦးရေ ...ထမင်းဆွဲရမယ်ထင်တယ်
ဗိုက်ဆာပြီလို့ပြောတော့ သူက ရှုခင်းကောင်းတဲ့နေရာ မှာ ထိုင်စားစမ်းပါတဲ့ ဒီလိုနဲ့ နေရာရှာ ပြီးတက်လာခဲ့တယ် နာရီဝက်လောက်ကြာလိုက်တယ်ထင်တယ်...တွေ့ပြီ တွေ့ပြီ နေရာ...
ကျွန်တော့ဗိုက်ကို ဖြည့်ပေးမဲ့ နေရာ..အားပါးပါး လှလိုက်တဲ့ နေရာ ဘေးက ချောက်ကလည်း တော်တော်နက်တယ် ....ဒါပေမဲ့ ကျောက်ဖျာကြီးဘေးမှာ လေ။
တော်တော်ဟန်ကျတယ် ဒါပေမဲ့ မတ်တတ်မရပ် ရဲဘူးဗျ ဘေးက ချောက် က ပေ(၂၀၀၀)လောက်၇ှိမယ်ထင်တယ်...နက်လားမနက်လား သစ်ပင်တွေတောင် တည့်တည့်မပေါက်တော့ဘူး
ပေကတော်တော် မြင့်နေတယ်... လတ်ဆတ်တဲ့ လေနူအေးက လည်း တရကြမ်းကို တိုက်ခတ်နေတယ်...ရှုခင်းလည်းကြည့်ထမင်း လည်းစား တော်တော်ကို စိမ်ကျနေမိတယ်..အဲဒီမှာ ကိုဦးက
အေး အမြင့်ရောက်ရင် ပြန်မဆင်းချင်တာ ဒါကြောင့်ကိုးတဲ့..တော်တော်ကို နေလို့ကောင်းတာကိုးတဲ့။
ထမင်းစားပြီး လို့ တအောင့်လောက်ကြာတော့ ခရီးဆက်ခဲ့ ကြတယ် ဒီတခါတော့ တောင်ပတ်လမ်းကို လျှောက်ရမှာ လမ်းက (၂)ပေ လောက်ဘဲ ဘေးက တော့ ချောက်နက်ကြီးပေါ့
လူက အဲဒီလမ်းကို စလျှောက်တော့ ဒူးတွေဘာတွေတုန်နေတယ် ရင်ထဲမှာ လည်းဘယ်လိုကြီးမှန်းမသိ ကြောက်နေမိတယ် နှစ်ယောက်သား ဖြေးဖြေးခြင်း လျှောက်ခဲ့တယ်...တစ်ဖက်က ချောက်
အလွန်မှာ ရှမ်း၊ပလောင် တို့ရဲ့ လှေကားထစ် စိုက်ခင်းလေးတွေကို အပေါ်က နေ သေးသေးလေး မြင်နေရတယ်။လှေကားထစ် စိုက်ခင်း က ကွန်တို မြေပုံလိုလေး တော်တော်ကိုလှတယ်ဗျာ။
လမ်းကျဉ်းလေးကို ကျော်လွန်ပြီး ကျွန်တော်တို့ ရောက်ချင်တဲ့ ဇလပ်နီတောင်ကြီးကိုတော့မြင်နေရပြီ ဒါပေမဲ့ သူ့အောက်က တောင်ကြီးက တော့ တောမီးရှို့ ဒဏ်ကို အလူးအလဲခံထားရလို့
တစ်တောင်လုံးမဲ နေတယ်။တော်တော်ကို ကြောက်စရာ ကောင်းတဲ့ တောင်ကြီးဗျာ..မဲတူးနေတာဘဲ။ ရောက်ခါနီးမှ လမ်းသွယ်လေးတွေက ပေါလိုက်တာ ဘယ်လမ်းကို ရွေးရမလဲကို မသိတာ..နဲ့
လမ်းတစ်ခုကို ရွေးပြီး လျှောက်ခဲ့တယ် ဒါပေမဲ့ လမ်းကမှားနေလို့ တော်တော် ပြန်တက်ခဲ့ရတယ် လမ်းမှားတဲ့ လမ်းမှာ တွေ့ ရတဲ့ ရှုခင်းကလည်း တော်တော်ကိုလှတယ် ဗျာ ...ချုံနွယ်လေးနဲ့ ပိန်းနေတာ
ကိုက ပန်းချီကား တစ်ချပ်ကို ကြည့်နေရသလိုဘဲ။
လမ်းမှားတဲ့ အခြေအနေကို တော်တော်လေး ခံလိုက်ရတယ် သစ်ပင်တွေ ထူနေတော့ တောင်တွေကိုတောင်မမြင်ရတော့ဘူး...လာလမ်းအတိုင်းလည်း ပြန်တက်ခဲ့တယ် အဲဒီအချိန်မှာ
ဘွားကနဲဆို ဇလပ်နီတောင်ကြီးကို မြင်လိုက်ရ တော့တော်တော် လေး ပီတိဖြစ်မိတယ်။ သူငယ်ချင်းက အဲဒီအချိန်မှာ ပြောလိုက်တာကတော့ တောင်ကြီးဖ၀ါးအောက်ပါ ကွာတဲ့.....
မဖြစ်နိုင်ဘူးဆိုတာ မရှိဘူးလို့ အော်နေတယ်......ကျွန်တော်လည်း ၀မ်းသာလွန်းလို့ ဓါတ်ပုံတွေ အပြတ်ရိုက်ခဲ့လိုက်တယ်။
ဇလပ်နီတောင် ပေါ်မှာက မိုးကုတ်တစ်မြို့  လုံးရဲ့ တယ်လီဖုန်းဆက်သွယ်ရေး တာဝါတိုင်ကြီး ရှိတယ်လေ။တောင်ပေါ်ကနေ မြို့လေးကို လှမ်းကြည့်လိုက်တော့ သေးသေးမှုန်မှုန်လေးဘဲမြင်
ရတယ် ရှုခင်းကတော့ ဗျာ ပြောစရာမရှိ အောင်ကို ဘဲဗျာ...နှစ်ခါမရနိုင် တဲ့ ပန်းချီကားတစ်ချပ်ကို ကြည့်ရသလိုဘဲ....တော်တော်လေးကို မှော်ဆန်တယ်လို့ ပြောလိုက်ချင်တယ်ဗျာ။
ဒါပေမဲ့ တောင်တက်ရတာ တော့ ဟုတ်ပါပြီ ရင်ထဲမှာ မကျေနပ်တာကတော့ သဘာဝပတ်ဝန်းကျင် ကိုဆက်လက်ထိန်းသိမ်းနိုင်မလားဆိုတာပါဘဲ........






read more...

Sunday, March 2, 2008

တကယ်ပြောတာပါ

အင်း ..ဒီနေ့လည်းပျင်းပျင်းနဲ့ အင်တာနက်ဆိုင်ကို မနက်ကတည်းက ရောက်နေတာ ဘာလုပ်လို့ဘာကိုရမှန်းကိုမသိတာ.....ဟိုတနေ့က တော့ ထာပွဲသွားတော့ လည်းအစဉ်မပြေ ဒီလိုနဲ့ အစဉ်မပြေတဲ့နေ့ တွေ ကိုတော်တော်များနေပြီ။ပိုက်ဆံကလည်း..ရှာတော့တာ ခက်တာ သုံးရတာကတော့အလွယ်လေး ခေတ်ကိုက မကောင်းတာ..ဟွန်း..တကဲပဲ ဗျာ။


တလရှာလို့မှ ငွေ တစ်သိန်းတောင်မ၀င်ဘူး....တစ်သိန်းမပြောနဲ့ တစ်သောင်းတောင်အနိုင်နိုင်
တကယ်ဗျာ..တော်တော်ကို ကြပ်တယ်..ဟိုတနေ့ ကလဲ မီတာပေါက် ကျတယ်ဆိုပြီး လျှပ်စစ်ရုံးက အကြောင်းလာကြားတော့ ဘယ်လောက်ကုန်မှလဲလို့ မေးကြည့်တော့ (၂သိန်းခွဲ)လောက်ကုန်မယ်တဲ့
အင်း ..တော်တော်ဖြုံသွားတယ် ရှိစုမဲ့စုလည်း ကုန်ရောဗျာ။
အဲ..လျှပ်စစ်ရုံးသွားတော့ မီတာပေါက်သွားထုတ် တာ ကို့ကို တောင်သူဌေး ကြနေတာဘဲ
ဟိုနားသွားလဲ တစ်ရွက် နှစ်ရွက် ဘာလုပ်ပါဦးဆိုလဲ ထုတ် ညာဆိုလဲထုတ်နဲ့ ထော်လာဂျီကျနေတာဘဲ
တထုတ်ထုတ်နဲ့ ပေါ့...ရေးထားတဲ့ ဆိုင်းဘုတ်က တော့ (၅သောင်း၅ထောင်တဲ့) တော်သေးပေါ့ ဆိုင်းဘုတ်
ချိတ်ထားတာ..(၇)သောင်းခွဲလောက်ကျလို့ မချိတ်တာထားလို့ကတော့ ဆရာရေ ဟင်းဟင်း...
ပြီးတော့ လိုင်းချိတ်တဲ့ အလိုင်းမန်းက ဘယ်လောက်တောင်းတယ်ထင်လဲ( ၂၇၀၀၀)ကျပ်တဲ့
လွန်တယ်ဗျာ တကယ်ကိုလွန်တာဗျ။ဘယ်ဝဋ်ကျွေး များ ပါလဲမသိဘူးနော်..ပေးဘဲပေးနေရတယ်..
အင်း ဒါလဲမမြဲပါဘူးဗျာ...အနိစ္စပေါ့။
အဲဒါနဲ့ ရှိစုမဲ့စု ငွေလေ (သုံးသိန်း)လောက် အိပ်ထဲက ထွက်ကျသွားပါလေရော ဗျာ။အင်း ...ပြန်ပြီးကြက်ကောက်ကောက်ရဦးမှာပေါ့...ဗျာ။ ခေတ်ကြီးကလဲနော် ရှိတဲ့လူနဲ့ မရှိတဲ့ လူက အရမ်း
ကိုကွာနေပြီနော်...ဒါကိုဘယ်လိုဖြေရှင်းကြမလဲ။ကျောင်းနေတင့် တဲ့ အရွယ်မှာ မသင်နိုင်ဘဲ
ဝမ်းရေးတိုက်ပွဲကို ၀င်နေရတယ် မြင်လို့မကောင်းဘူးဗျာ...တော်တော် စိတ်မကောင်းဘူး။ကျွန်တော်
ကတော့ မျက်မြင်ကိုယ်တွေ့မို့ ပါ....ကျွန်တော် ဖက်စပ်တစ်ခုမှာ သွားတုန်းက ကောင်လေးတစ်ယောက်
ကိုခေါ်ပြီး ညီလေး မင်းအသက်ဘယ်လောက်လဲ လို့ မေးတော့ (၁၃) နှစ်ဆို တော့ တော်တော်အံ့သြ သွား
တယ်ဗျာ...မင်းကျောင်းမတက်ဘူးလားမေးတော့ အိမ်ကမထားနိုင်တော့လို့ ပါတဲ့....အင်းတော်တော်စိတ်ပျက်စရာဘဲနော်.
တစ်ခါကလည်း ကလေးလေးတစ်ယောက်ကို မေးဘူးတယ် ..သူတို့နေတာက ကျွန်တော်တို့တောင်ပေါ် ဒေသနဲ့ ဆိုနည်းနည်း ဝေးတယ်..သူက မြို့ထဲကို မျစ်လာရောင်းရတာလေ...
အသက်ကမှ (၁၀)နှစ်ကျော်လေးဘဲ ရှိသေးတယ်..ဟာ မင်းကျောင်းမနေဘူးလားမေးတော့
အစ်ကို ရာ နေချင်တာပေါ့ ဒါပေမဲ့ အိမ်မှာ က စားဖို့ ကျွန်တောက ရှာရတယ် မိသားစုက ကြီးတော့
ဒီလိုဘဲ ကျောင်းမနေရဘူး ညီမလေးတွေ ကိုဘဲထားတယ် အိမ်က တဲ့.......တော်တော်စိတ်မကောင်းစရာလေးဘဲ။ဒီလို မျိုး ပညာမဲ့ ကလေးလေး တွေကို ဘယ်လိုကူညီကြမလဲ ဆိုတာကိုတော့
ခေါင်းထဲမှာ နည်းနည်း လေး တောင်မထည့်ထားဘူးထင်တယ်နော်။ဒီလို ဆက်သွားနေမယ်ဆို ရင် တော်တော်လေး ကို အောက်ဆင်းသွားမယ်လို့ အကြံပြု ချင်တယ်ဗျာ။


read more...

Wednesday, February 13, 2008


ယနေ့လူငယ်တွေ ချစ်သူများနေ့ ဆိုတဲ့ အထိမ်းမှတ်နေ့နောက်ကိုလိုက်ရင်းပျော်နေကြတယ်
ဒါပေမဲ့ ငါတို့ တိုင်းပြည်ရဲ့ လွတ်လပ်ရေးဖခင်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ကိုတော့ မေ့နေလိုက်ကြတာလွန်ပါရော...
ခုလည်းမြို့ထဲကဆိုင်တွေမှာ သူ့ထက်ငါအလုအရက်ဝယ်နေလိုက်ကြတာ ...ပျာယာခက်နေတာဘဲ...တကယ့်ပုဂ္ဂိုလ်ကိုကျတော့မေ့နေလိုက်ကြတာ........
တကယ်ဆို လူငယ်ဆိုတာ တိုင်းပြည်ရဲ့အနာဂတ်ပါ...ချစ်သူများနေ့ကို မပျော်ရဘူး လို့မဆိုလိုပါဘူး....ပျော်ပါရပါတယ်..ဒါပေမဲ့ ကို့တိုင်းပြည်ရဲ့ ဖခင် မွေးနေ့ကိုတော့
မမေ့သင့်ပါဘူး...



ကျွန်တော်တို့တိုင်းပြည်က လူငယ်တွေက သူများဒါဆို သူတို့လည်းလိုက်ဒါလိုက်တာဘဲ...ကောက်ရိုးမီးလိုဖြစ်နေကြတယ်...
တစ်ခြားတိုင်းပြည်ကတော့ အကန့်နဲ့ ခွဲထားတယ် ..ပျော်သင့်တဲ့နေရာမှာ ပျော်တယ် သတိရသင့်တဲ့နေရာမှာ သတိရတယ်....ဒီနေ့ဟာ အခါကြီးရက်ကြီးလို့တောင်ပြောသင့်တယ်...
ခင်ဗျားတို့စဉ်းစားကြည့်လေ ဒါဟာမှန်လားလို့...တိုင်းတစ်ပါးကျွန်ဘ၀အောက်ကနေ ..လွှတ်မြောက်ဖို့အတွက်သူ့အသက်ကိုစတေးပြီးတိုက်ပွဲဝင်ခဲ့တယ်...မြန်မာပြည်အတွက်
ဒီနေ့ဟာ သူရဲခေါင်းတစ်ယောက်ဖွားမြင်ခဲ့တဲ့ နေ့လို့ ပြောရင်မလွန်ဘူးလို့ထင်ပါတယ်..ဂျပန်ပြည်မှာ အပင်ပန်းဆင်းရဲဒဏ်ခံပြီး စစ်ပညာကိုသင်ယူရင်း..မြန်မာပြည်အတွက်
တိုက်ပွဲဝင်ခဲ့တဲ့ ပုဂ္ဂိုလ်တစ်ယောက်ကိုခင်ဗျားတို့ မေ့မထားသင့်ပါဘူးဗျာ...ကို့အကျိုးကိုမကြည့်ဘဲ လွတ်လပ်ရေးရအောင် လုပ်ဆောင်ပေးခဲ့တဲ့ ပုဂ္ဂိုလ်ထူးကို အထူးသတိရသင့်ပါတယ်
ယခင်က အာရှတွင်မက ကမ္ဘာကပါ လေးစားရတဲ့ ပုဂ္ဂိုလ်ထူးအား အစဉ်းလေးစားလျှက်....................
ယနေ့ခေတ်လူငယ်တွေကို ကျွန်တောပြောချင်တာက တော့ ပျော်တင့်နေရာမှာပျော်ပြီး သတိရတင့်နေရာမှာ သတိရကြပါလို့ ပြောချင်ပါတယ်....
(မည်သည့်ရည်ရွယ်ချက်နှင့် မျှရေးခြင်းမဟုတ်)post လေးပေါ့…


read more...

မေမေ အတွက် သားဆိုးကျွန်တော်

၁၉၈၁ ခုနှစ်မှာ ငါ့ကို ဒီကမ္ဘာမြေကြီးပေါ်ရောက်အောင် မွေးဖွားပေးလိုက်တာကတော့ ငါ့အမေပေါ့...ဒီလိုနဲ့ နေ့ရက်တွေအစားထိုးပြန်ဝင်လာရင်း ငါဟာအတောင်စုံခဲ့ပြီလေ။
အထက်တန်းပညာရေးကို အောင်မြင်တဲ့နေ့က အမေ့ရဲ့ အပြုံးဟာ နှစ်ခါမရနိုင်တဲ့ ပန်းချီကားတစ်ချပ်လိုပါဘဲဗျာ..သက္ကရာဇ်တွေပြောင်းပြီး စီးပွားရေးလောကကိုဝင်လာတော့လည်းအမေဘဲသွန်သင်ဆုံးမလမ်းညွှန်ပေးခဲ့တယ်။
ပြက္ခဒိန်တစ်ခုရဲ့ ရက်စွဲတစ်ချို့ မှာ ကျွန်တော်ဟာ ဘုရင်ခေတ် ရဲ့ နောက်ဆုံးမြို့ ကိုသွားပြီး ပညာတော်သင်သွားခဲ့တယ် ဒါပေမဲ့ အဲဒီအချိန် လူငယ်သဘာဝအတိုင်းပျော်ရွင်မှုကို အတိုင်းအတာတစ်ခုထိတော့ ရခဲ့တယ်လေ။
ရွှေမြို့တော်ကပြန်လာတော့ မေမေ့ရဲ့ အပြုံးဟာ သန်းခေါင်ယံလမင်းလို အေးချမ်းမှုအပြည့်နဲ့ ကျွန်တော်ပြောသမျှကို နားထောင်ပေးခဲ့တယ်...ဒါပေမဲ့ ကျွန်တော် ရွှေမြို့တော်မှာ အပျော်ကြူးပြီး လမ်းမှားရောက်ခဲ့တာကို အမေ မသိခဲ့ဘူး ...
လူငယ်သဘာဝအတိုင်းမူးယစ်ဆေးကို လက်တည့်စမ်းမိခဲ့တယ်...ကျွန်တော်မူးယစ်ဆေးရဲ့ သားကောင်တော့မဖြစ်ခဲ့ပါဘူး...ဘာကြောင့် ငါဒီအရာကို သုံးစွဲလဲလို့ ကို့ကို ကို အရင်မေးကြည့်တော့ အဖြေရှာမရဘူး။။ အကျိုးမရှိတဲ့ ဒီမူးယစ်ဆေးကို
ကျွန်တော် ကန့်လန့်ကာချဖို့ ကြိုးစားခဲ့တယ်..အောင်မြင်စွာနဲ့ ကန့်လန့် ကာချနိုင်ခဲ့တယ်...ကျွန်တော်မိသားစုက လူကုန်ထံအတိုင်းအ၀ိုင်းထဲက မဟုတ်ဘူး အလတ်တန်းစားထဲကပါ...ကျွန်တော် ကျောင်းတက်တော့ မေမေ့ ရဲ့ စုငွေလေးနဲ့ ကျောင်းတက်ခဲ့ရတယ်..
ဒါတောင်ကျွန်တော်က မိုက်လိုက်သေးတယ်..ကျွန်တော်ဘာကောင်ဖြစ်သွားလဲဆိုစဉ်းစားတာ ကြည့်ပေါ့ဗျာ...



ပညာရေးကံမပါလို့ဘဲလား.. မသိဘူး...ရွှေမြို့တော်ရဲ့ ပညာရေးကို ဒုတိယနှစ်မှာ ဘဲ ကျွန်တော်ဆုံးခန်းရောက်ခဲ့တယ်..အဲဒီအတွက် အမေစိတ်မကောင်းဖြစ်နေလားဆိုတာ ဖော်ပြမှုမရှိခဲ့ဘူးလေ..
(၂၀၀၃)ခုနှစ်မှာ ကံကြမ္မာဂြိုလ်ဆိုးကဘယ်လိုအငြိုးနဲ့ ၀င်လာလဲမသိဘူး မေမေ့ ရဲ့ ကျန်းမာရေးကတော်တော် ကို ဆိုးရွားခဲ့တယ်..ဒါကိုကျွန်တော်လောလောလတ်လတ်သိခွင့်မရခဲ့ဘူးလေ...ခရီးကပြန်လာတော့သူငယ်ချင်းတစ်ယော်က.."ဟေ့ ကောင်..မင်းအမေ..
ကျန်းမာရေး သိပ်မကောင်းဘူးတဲ့" ကျွန်တော့်ရင်ထဲကိုမြားတစ်စင်း မှန်လိုက်သလို ကျွန်တော် တော်တော် ဖျားသွားတယ်..အိမ်ထဲဝင်သွားတော့ မေမေ က ဟန်ဆောင်ပြုံးနဲ့ ဆီးကြိုတယ်လေ..သူ့မှာရောဂါမရှိသလိုပုံစံနဲ့ပေါ့...
"သား...ခရီးပန်းရင် မေမေ အအေးဖျော်လိုက်မယ်လေတဲ့.." ကဲ ဘယ်လောက်ထိ ရင်ထဲမှာ ကြွေကွဲဝမ်းနည်းရလဲဗျာ..."
နောက်နေ့မနက် ထမင်းစားကြတော့ 'အမေ....အမေ့ ရောဂါဘာတဲ့လဲ' လို့မေးတော့တခါမှ မမြင်ဘူးတဲ့ အမေ့ရဲ့ မျက်နှာက စီးဆင်လာတဲ့ မျက်ရည်ကို
ကျွန်တော်မြင်တွေ့လိုက်ရတယ်..' ဆရာဝန်ကပြောတယ် အဆုပ်ပွပြီး နှလုံးအပေါက်ကျယ်တာတဲ့' သားရယ်...ကျွန်တော် တော်တော်တုန်လှုပ်သွားတယ်...နွေ၊ မိုး၊ ဆောင်း
ဆိုတဲ့ ရာသီ ရဟတ်ကြီးကိုစီးပြီး မေမေရဲ့ ရောဂါ ကိုပျောက်ကင်းအောင်ကုသခဲ့ရတယ်..မေမေ ဟာအရင်ကလို မဟုတ်တော့ဘူး ပိန်ပိန်သေးသေးလေးနဲ့ အဘွားကြီးအိုပေါက်စလေး
ဖြစ်သွားခဲ့တယ်...ဒါပေမဲ့ မေမေ ဟာ ဘယ်တော့မှ စိတ်ဓါတ်မကျဘူး....
ဒီလိုနဲ့ ကျွန်တော်ဟာ ကျောက်လောကမှာ ကျောက်ပွဲစားလုပ်လိုက်...ဈေးပေါပေါ လေးတွေ တွေ့ ရင်ဝယ်လိုက် ရောင်းလိုက်နဲ့ ကုန်သည်တစ်ပိုင်း ပွဲစားတစ်ပိုင်းကိုရောက်ခဲ့တယ်
..ငွေလေး ရတာကိုအားမရဘဲ ဖြစ်နေတယ်..' သား တဲ့ ဥစ္စာဆိုတာ ကိုယ်နဲ့ တန်မှ ရမှာတဲ့ ' " ကိုကရချင်တဲ့ လောဘကြီးလေ ..သူကပြေးလေဘဲတဲ့ "
" အာ.. အမေကလည်း ဒါတွေ အမေ မသိပါဘူး " လို့ ကျွန်တော် ရိုင်းပျစွာ ပြောခဲ့ဘူးတယ်.. " အေး..ငါ့သား မင်းလမ်းမှား ရောက်မှာဆိုးလို့ ပူပန်ပြီး အမေ ပြောတာ"
"အမေ..ကလည်း ငွေရှာတာ ဘဲ မပူပါနဲ့ဗျာ"
"အင်း...မင်းမိဘ ဖြစ်မှ သိမယ် ငါ့သား" တဲ့ .......
ခုခေတ်စားနေတဲ့ (၁)လုံး (၂) လုံး (၃)လုံး လောကထဲကို ကျွန်တော် ရမ္မက်အပြည့်နဲ့ ခြေစုံ ပစ်ဝင်ခဲ့တယ်..ပထမ (၁)နှစ် (၂) နှစ်မှာတော့ အပြုံးတွေတောင်လိုပုံလို့ပေါ့....
ဒီလောကထဲ ၀င်တာကို အမေ က ဘာတစ်ခုမှ ၀င်မကန့်ကွက်ခဲ့ဘူး..'ငွေ'လေးကဖောဖော သီသီနဲ့ဆိုတော့ အရာရာကို ကျောခိုင်းပြီး အတ္တက ငယ်ထပ်ရောက်နေချိန်လေ..မျက်စိလည်တာလား?
လမ်းမှားလာတာလား? တည့်တည့် ဘဲလား? မသိတဲ့ ..ကံကြမ္မာ ဂြိုလ်ဆိုးက တော်တော်ကို ရိုက်ခတ်သွားတယ်..ရှိတာလေးလဲ ကုန်စင်အောင် စားသောက်သွားတယ်...ဗလာမဲ့ ဘ၀ ကိုရောက်
သွားတယ်....
စိတ်ညစ်ပြီး အရက်တွေသောက်တော့ မေမေ က 'ငါ့သား မင်းဒီလိုဘဲ နေတော့မှာလားတဲ့? "မင်းကို အမေ ပြောတယ်နော် ! ဘယ်အရာမှ လွယ်လွယ်နဲ့ အလကားမရဘူး..သူများဟာ
လိုချင်ရင် ကို့ဟာလည်းပေးဆပ်ရမယ်တဲ့" ဒါမှ သဘာဝကျမှာတဲ့ ! ခုဟာ မင်းက ဒီငွေတွေကို လွယ်လွယ်နဲ့ ရတော့ မင်းမကုန်ဘူးထင်တာ ကိုး...ဒီခုကုန်တော့ မင်းဘာလုပ်မလဲ မင်းစဉ်းစားပေါ့"
တစ်လော ကလုံးမှာ ကျွန်တော်ဟာ ဘယ်သူ့ကိုမှ မတွေ့ချင် လောက်အောင်ဖြစ်နေချိန်လေ..ဒါပေမဲ့ ကျွန်တော်ပေးဆပ်ရမဲ့ အကြွေးတွေကို မေမေဟာ သူ့အတွင်းပစ္စည်းလေးတွေကို ထုခွဲရောင်း
ချပြီး...သားလူမိုက်အတွက် ပေးဆပ်ပေးခဲ့တယ်..' ငါ့သား..မင်းစိတ်ဓါတ်ကျနေတာလား...စိတ်ဓါတ်ကျတယ်ဆိုတာ လူပျော့လူညံ့တွေရဲ့ အလုပ်ပါ ငါ့သားရယ် " စိတ်ကို တင်းထားစမ်းပါ "
အလုပ်တစ်ခု မလုပ်ရသေးဘူး မဖြစ်နိုင်ဘူးထင်တယ် လို့ မင်းစိတ်က ထင်ရင် အဲဒီအလုပ်က ဖြစ်လာနိုင်ဦးမှာလား ?
"လောကမှာ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး မဖြစ်သေးတာဘဲ ရှိတယ် ငါ့သားရယ်"
"မင်းငွေတွေကို မကုန်ဘူးလို့ထင်ခဲ့တာကိုး ....အားလုံးက အနိစ္စတွေပါ " တဲ့ "ခုချိန်မှ စပြီး မင်းရှာလို့ရတဲ့ "ငွေ" ကို မိဘအတွက် ဆွေမျိုးတွေအတွက် လူအများအတွက်ဖြစ်အောင်
ရှာပါငါ့သားရယ်"
သြော်...အမေ..သား ဒီလောက်ထိ မိုက်မဲခဲ့ပေမဲ့လည်း အမေဟာ ဘယ်တော့မှ မပစ်ပယ်ခဲ့ဘူး သားရှေ့က မားမားမတ်မတ် ဖြေရှင်းပေးခဲ့တယ်....ဗုဒ္ဓမြတ်စွာတောင် မိဘကျေးဇူး
ကိုနို့ တစ်လုံးဖိုး ဘဲ ကျေအောင်ဆပ်နိုင်ခဲ့တယ်... သားကတော့ မေ့မေ့ ကို လက်သည်းခွံ လေးလောက်တောင်ဆပ်နိုင် ပါ့ဦးမလား အမေရယ်! အသက်အရွယ်အိုမင်းလေ ..အမေ့ရဲ့ ကျေးဇူးပိုကြီးလေပါလား..
" မေမေရယ်"…


read more...

Sunday, January 13, 2008

ယုံကြည်ခြင်း စိတ်ချခြင်း

ဒီနေ့ တောင်တန်းတွေပေါ်ကို ငါထပ်သွားရပြန်ပြီကွာ॥ရင်ထဲမှာတော့ မသွားချင်ဘူး ဒါပေမဲ့ အလုပ်ကအရေးကြီးတော့ သွားကိုသွားရမယ်လို့ သူငယ်ချင်းတွေက၀ိုင်းပြောကြတယ်॥ ဘာကြောင့်သွားရမှာ လဲလို့ခင်ဗျားတို့သိချင်မှာဘဲ ॥အဖေပိုင်ခဲ့တဲ့ လက်ဖက်ခြံနဲ့ လယ်ယာမြေတွေအတွက်ပေါ့ ॥ဒီနေရာကို ဦးနှောက်ထဲမှာ ဖျက်ဆီးထားတာ (၁၀)နှစ်ကျော်ရှိခဲ့ ပြီလေ။ ဒီလိုနဲ့ မနက်(၄း၃၀)မှာ စတင်ထွက်ခဲ့တယ် ..သူငယ်ချင်းနှစ်ယောက်နဲ့ပေါ့ ..ပြီးတော့ မြေတိုင်းရုံး က အစ်ကိုကြီးတစ်ယောက်ရယ်လေ..ကျွန်တော်တို့တောင်ပေါ်မြို့လေးကိုကျော်ဖြတ်ချိန် ကောင်းကင်က ကြယ်လေးတွေမထလောက်သေးဘူး....ကျွန်တော်တို့သုံးယောက်က ကို့စိတ်ကူးနဲ့ကို အတွေးများစွာနဲ့လျှောက်နေမိတယ်.. ကြေးနီးတောင်ထိပ်လည်းရောက်ရောသတိပြန်ဝင်လာပြီး မြေတိုင်းရုံးကအစ်ကိုကြီးကို စကားစမိတယ် ...'အစ်ကိုဒီခုကိစ္စကမသွားလို့မရဘူးလားလို့ 'မေးမိတော့ သူက ဒါကတော့ခင်ဗျားသဘောတဲ့ သူငယ်ချင်းတွေကတော့ ကျွန်တော့်အတွက်စိတ်မကောင်းဖြစ်နေတယ်...မင်းကလည်းကွာ သွားလိုက်ပါကွာ မင်းအတွက်ငါတို့ပြောနေတာပါကွာတဲ့...ဒါပေမဲ့ဒီနေရာကိုကျွန်တော်သွားရင် ကျွန်တော်အရမ်းချစ်ခင်လေးစားရတဲ့ အဖေကိုသတိရ မိတယ်..ဒါကြောင့်ဒီနေရာကို ဦးနှောက်ထဲမှာ ဖျက်ဆီးထားတာပေါ့.. ကဲ...ဟေ့ကောင် အရှေ့ကတောင်လေးကိုကျော်တက်ပြီးရင်ငါတို့ရောက်ပြီဟေ့...လို့သူငယ်ချင်းက အော်ပြောလိုက်တယ်... ဝေါ..ကနဲတိုက်သွားတဲ့ လေနုအေးကိုရှုရှိုက်နေမိတယ် ဒီလေအေး လေးကို အမေရိကန်သမ္မတ ဂျော့ဘု ရှ် လည်းမရှုဘူး ဘူး ...ပီကာဆိုလည်းမရူရှိုက်ဖူး ဘူး ဒါပေမဲ့ကျွန်တော့ဖေဖေကတော့ ရိုးအီနေလောက်ပြီထင်တယ်...ဟိုးတချိန်ကတော့ ဤနေရာလေးက ဖေ့ဖေ့ ရဲ့ အင်ပါယာနေရာလေးတွေပေါ့.... ဒီလိုနဲ့ ကျွန်တော်တို့ရောက်ချင်နေတဲ့ ခရီးကိုရောက်ပြီ ....တောတောင်လေးတွေကို စွန့်ခွာထားတာ ရာစုတခုရှိခဲ့ တဲ့ ကျွန်တော်ဟာ တောင်တန်းလေးတွေရဲ့ဖမ်းစားခြင်းကို ခေတ္တခံလိုက်ရတယ် ကျွန်တော်ရောက်တဲ့အချိန်မှာ နေရောင်ခြည်က တောင်ထိပ်ကနေ ထိုးထွက်နေလိုက်တာ မျက်စိထဲမှာ ဘယ်လိုမှမေ့လို့မရတဲ့ ပန်းချီကားတစ်ချပ်လိုပါဘဲ နှင်းမြူတွေကလည်း တောင်ခါးပန်းကိုပတ်ထားတာ နဂါးတစ်ကောင် ရစ်ပတ်ထားသလို....တောငှက်လေးတွေ ရဲ့ မနက်ခင်းသီချင်းကလည်းတော်တော်ကို ဟဲနေလိုက်ကြတာ...... ဒီအချိန်မှာ မြေတိုင်းရုံးကအစ်ကိုကြီးက ကဲရွာသူကြီးကိုသွားခေါ်တဲ့ အဲရွာသူကြီးရောက်လာချိန်မှာတော့(ကော့တလက်) စက်တစ်လုံးကိုခါးမှာ ချိတ်ထားပြီးကော့တော့ကော့တော့နဲ့ပေါ့ ဘယ်သူမှလူမထင်တဲ့ပုံစံနဲ့ပေါ့


ကျွန်တော်တို့လည်းအလုပ်အကြောင်းဆွေးနွေးပြီးတော့ လုပ်ငန်းစမယ် မြန်မြန်လုပ်ရင် စောစောအိမ်ရောက်တာပေါ့ဆိုပြီးလုပ်ငန်းကိုစလိုက်ကြတယ်. မြေတိုင်းရုံးက လူကြီးက ပေကြိုးတစ်ချောင်းနဲ့စပြီးအလုပ်ရှုပ်ပါလေရော...ရွာသူကြီးကလည်း ကြိုးစက ကိုင်ပေးရင်း ကျွန်တော် က အဖေပိုင်ဆိုင်ခဲ့ တဲ့ နေရာတွေကိုလိုက်ပြတယ် ဒီလိုနဲ့ လက်ဖက်ခြံတွေကိုစတိုင်းတော့ ညီလေးမင်းရဲ့  ဧရိယာကတော်တော်ကျယ်လှပါလားတဲ့ ကျွန်တော်ကပြန်ပြောလိုက်တယ်အစ်ကို လို့ ဒါဟာအဖေပိုင်တဲ့မြေတွေပါလို့ခင်ဗျားမယုံရင် ဒီသူကြီးကိုမေးကြည့်လို့ ကျွန်တော်နည်းနည်းအော်မိသွားတယ်ထင်တယ်....ရွာသူကြီးကလည်းဟုတ်တယ်ဒါတွေဟာသူ့အဖေပိုင်ဆိုင်တဲ့မြေတွေခြံတွေပါ.... ရွာသူကြီးကလည်းအူကြောင်ကြောင်နဲ့ ကျွန်တော့်ကိုလာမေးတယ်..ငါ့တူ မင်းဘာလုပ်နေတာလဲ ဒါတွေအားလုံးဟာမင်းအဖေပိုင်ဆိုင်တဲ့ ဟာတွေတဲ့...ဘာကြောင့်ပြန်လာတိုင်းနေရတာလဲတဲ့ နားမလည်တဲ့ပုံစံနဲ့ပေါ့။ စဉ်းစာတာကြည့်ပါ မိတ်ဆွေတို့ရေ အရင်ကအဖေ ပိုင်ဆိုင်တဲ့ ခြံ၊လယ်မြေက ဧက ၂၀ ကျော်ရှိတယ် အဖေမသေခင်က အိမ်ဘေးမှာ မီးလောင်တော့ ဂရမ်စာအုပ်ကိုဘယ်မှာသိမ်းထားမိသလဲ မကြာခင်ကဆုံးသွားတဲ့ မိခင်တောင်မသိလိုက်ရဘူး..သူငယ်ချင်းတွေက ဟေ့ကောင်မင်းအဖေပိုင်တဲ့ ခြံနားမှာ တရုတ်တွေခြံလာလုပ်နေတယ် မင်းသွားပြီးမှ ခြံကို စည်းရိုးလေးဘာလေးခပ်အုန်းဟ တော်ကြာမင်းဟာ ပါသွားဦးမယ်....ဆိုလို့ သွားကြည့်တော့ ဘေးခြံကသူဌေးက ဖေဖေပိုင်တဲ့ ဧရိယာ တစ်ချိုးလောက်ကိုသိမ်းပိုက်သွားတယ် ကျွန်တော်လည်း သက်ဆိုင်ရာကို ပြောတော့ လည်းသိပ်ပြီးမထူးခြားပါဘူး...ပါသွားသာပါဘဲ..ဒါကြောင့်ထပ်မပါသွားရအောင်ဒီနေ့ ဤနေရာကို ရောက်လာခဲ့ရတာပေါ့...ဖေဖေပိုင်ဆိုင်ကြောင်းစာရွက်စာတမ်းတွေ ရုံးမှာရှိပါလျှက်နဲ့ဘာကြောင့်ပြန် ပြီးတိုင်းနေရလဲဆိုတာတော့သဘောမပေါက်မိပါဘူး... မြေတိုင်းရုံးက အစ်ကိုကြီးကိုမေးကြည့်တော့ အစ်ကို စာအုပ်ပြန်လုပ်ရင် ဘယ်လိုလုပ်မလဲလို့...သူ က အစ်ကိုမင်းကို ၅ အုပ်လောက်တော့လုပ်ပေးနိုင်တယ်တဲ့ မင်းရဲ့ ဧရိယာက တော်တော်ကိုကြီး တယ်တဲ့ ...ကျွန်တော်ကတစ်အုပ်ထဲလုပ်လို့မရဘူးလားဆိုတော့ အေးညီလေးတဲ့ မင်းတစ်အုပ်လုပ်ထားရင်တော့ ကျန်တဲ့ ဟာကိုမြေလွတ်ရိုင်းဆိုပြီးတော့ သိမ်းနိုင်တယ်တဲ့...အင်း.... ခင်လို့အားကိုမိတာမှားပြီထင်တယ်......ဘယ်လောက်ကျမလဲ ၅ အုပ်ဆို မေးမိတော့ အင်း.....(၅)သိန်းလောက်တော့ကျမယ်တဲ့... အောင်မယ်လေးဗျာ .....ဒီငွေ(၅)သိန်းဘယ်မှာသွားရှာရမှာလဲ....အင်းတော်တော်ခက်တာဘဲ.....ဒီလက်ဖက်ခြံတွေ ၊လယ်ယာမြေတွေကို အဖေပိုင်ဆိုင်ကြောင်းကို တစ်မြို့လုံး..တစ်ရွာလုံး...မြေတိုင်းတစ်ရုံးလုံး သိတယ် သိတာတောင်မဟုတ်ဘူး ...စာရွက်စာတမ်းကောအကုန်ရှိပါရက်နဲ့ ဘာကြောင့် ပြန်ပြီးတိုင်းနေရတာလဲဆိုတာကိုတော့ ဒီအချိန်ထိ စဉ်းစားလို့မရဘူး ...အင်းရှာရအုံးမှာပေါ့ ငွေ(၅)သိန်း.....ရယ်...စဉ်းစားလို့ရမိတာကတော့်စိတ်ချမှု လုံခြုံမှုဆိုတာဘာလဲ..!


read more...

Sunday, January 6, 2008

လူကြီးလူကောင်းစိတ်

တစ်ရက်မှာ ကျွန်တော့ဆယ်တန်းတပည့်တွေက သူတို့ကိုရိုက်ပြီးဆုံးမဖို့ တိုက်တွန်သည်။ဒါမှ ဆရာ့ကိုလေးစားပြီးအတန်းမှန်မှန်တက်မည်॥စာမှန်မှန်ကျက်မည်ဟုပြောသည်။ဒါနဲ့ကျွန်တော် ဥပမာလေးတွေနှင့်ပြန်ပြောရသည်။လူတစ်ယောက်ကလူတစ်ယောက်ကိုနာကျင်အောင်ပြူမူတာမကောင်းကြောင်း။ဆရာကြီးဦးဖေမောင်တင်ဆိုရင်အသက်(၂၄)နှစ်မှာရန်ကုန်ကောလိပ်..ပါဌိဘာသာဌာနမှာပါမောက္ခတာဝန်ထမ်းဆောင်ခဲ့ကြောင်း...ဗိုလ်ချုပ်အောင်ဆန်းဆိုရင်အသက်(၃၀)၀န်းကျင်မှာအများကလေးစားရတဲ့နိုင်ငံ့ခေါင်းဆောင်ဖြစ်နေကြောင်း॥သူတို့သင်ခန်းစာတွေနဲ့ နှီးနွယ်နေတဲ့ ဥပမာတွေနှင့်ခိုင်းနှိုင်းပြောပြရသည်။ဆယ်တန်းကျောင်းသားတွေဟာ ဆယ်တန်းဖြေပြီးလို့အောင်စာရင်းထွက်တာနှင့်လူကြီးဖြစ်ပြီ။ဘယ်တက္ကသိုလ်လျှောက်မည်।ဘယ်မေဂျာယူမည် စသည်ဖြင့်ကိုယ်တိုင် ဆုံးဖြတ်ရတော့မည်॥လူကြီးဖြစ်တော့မည့်သူတွေကိုဆရာရိုက်နက်မဆုံးမချင်ကြောင်းပြန်ပြောရသည်॥တစ်နေ့ကသောက်ရေအိုးစင်မှ ရေခပ်သောက်ပြီးနံရံကိုတဗြန်းဗြန်းပက်သည့်ကျောင်းသားတစ်ယောက်ကိုခေါ်ပြီး "ကိုယ်သောက်မယ့်ရေလေးမှချင့်ချိန်မခပ်နိုင်ရင်အနာဂတ်မှာရင်ဆိုင်ကြုံတွေ့ရမည့်အခက်အခဲပြသာနာတွေကိုဘယ်လိုရင်ဆိုင်ဖြေရှင်းနိုင်မလဲ'ဟုမေးတော့ထိုကျောင်းသားလေးရော၊ကျန်အတန်းသားတွေပါငြိမ်သက်သွားကြသည်...

ကျွန်တော့ဆီကို မိတ်ဆွေများ မကြာခဏလာရောက်လည်ပတ်တတ်သည်။မိတ်ဆွေတစ်ယောက်ကရောက်လာတိုင်းဘယ်ကောင်က ဘယ်လိုကျေးဇူးကန်းတာ။ဘယ်လိုမသိတတ်ဘူး။သူ့တုန်းကဘယ်လိုကူညီထားတာ။ကိုယ်အကူအညီတောင့်းတော့ပြန်လှည့်မကြည့်ဘူး စသည်ဖြင့်မြည်တွန်သောက်တီးနေတတ်သည်။ဒါနဲ့ကျွန်တော်က "နေပါဦး၊ ခင်ဗျားလူတစ်ယေက်ကိုကူညီတယ်ဆိုတာ အခက်အခဲတွေ ပြေလည်ပါစေတော့ဆိုပြိးစေတနာသန့်သန့်နဲ့ကူညီခဲ့တာမဟုတ်ဘူးလား"ကျွန်တော်က အဲသလိုမေးတော့ထိုမိတ်ဆွေက ငေါက်ခနဲထပြန်သွားသည်၊ကျွန်တော့်ဆိုင်ရှေ့မှာ နွေစံအိမ်လက်ဖက်ရည်ဆိုင်ရှိသည်။တစ်မြို့လုံးဧ။် ထင်ရှားသောဆိုင်လက်တစ်ဖက်စာတွင် ပါသည်ဟုပြောလျှင် ရနိုင်ကောင်းသည်॥ဆိုင်ရှင်ကိုထွန်းက ဆိုင်သန့်ရှင်းသပ်ရပ်ပါစေတော့ဆိုပြီးခုံအောက်မှာခြင်းထားပြီး ပလပ်စတစ်အိတ်စွပ်ပေးထားသည်॥ရေနွေးကျန်သွန်လို့ရသည်..လက်သုတ်..ပါးစပ်သုတ်ပြီးစက္ကူစတွေကိုအသာလေးကောက်ထည့်လိုက်ရုံ.....ဒါပေမဲ့အချိန်တန်လို့ ကြည့်လိုက်လျှင်ခုံအောက်မှာစက္ကူစဖွေးဖွေးတွေကပြန့်ကြဲနေသသည်။အမှိုက်စွန့်ပစ်သည့်ကိစလေးမှာပင်ကိုယ့်ကိုယ်ကိုတာဝန်ယူဖို့လိုသည်။လူကြီးလူကောင်းစိတ်ဓါတ် ရှိဖို့လိုသည်။ခေတ်တွေ၊စနစ်တွေနှင့်မဆိုင်ဟုထင်သည်။မကြာသေးခင်က ကျွန်တော့မိတ်ဆွေရင်းတစ်ယောက်သူ့ဆိုင်တွင်းမှာ သန့်ရှင်းရေးလုပ်ရင်းကျောက်နှစ်ပွင့်ကောက်တွေ့သည်။တစ်ပွင့်က ခြောက်ကရက်စီလောက်ရှိမည်။ဂေါ်ကြိုးအသန့်တွေ နှစ်ပွင့်ကိုသိန်းတစ်ရာ့ငါးဆယ် ဈေးပေးပြီးသားအသာလေးတိတ်တဆိတ် ယူထားလျှင်လည်းဘယ်သူမှသိမည်မဟုတ်။ဒါပေမဲ့ ထိုမိတ်ဆွေက ဆိုင်ကယ်တစ်စီးနဲ့ကျောက်ရှင်ကိုလှည့်ပတ်ရှာသည် ကျောက်ကောက်တွေ့ထားသည် ဟုနီးစပ်ရာတွေပြောခိုင်းသည်။ဘာလို့ သည်လောက်လောနေတာလဲ အချိန်တန် သတင်းကြားရင်လာယူမှာပေါ့ ဟုပြောတော့သည်လောက်တန်ဖိုးကြီးတဲ့ကျောက်တွေလက်ထဲကြာကြာမထားချင်ဘူးပြီးတော့ကျခဲ့သူခမျာဘယ်လောက်များ သောကဖြစ်နေမလဲဟု သူကစာနာစိတ်ဖြင့်ပြန်ပြောပြသည်။ကျွန်တော်ဆိုရင် ဒီလောက်တန်ကြေးများတဲ့ပစည်းကြီးပြန်ပေးဖို့ဆို တော်တော်ဆုံးဖြတ်ရခက်လိမ့်မယ်ဟု ထိုမိတ်ဆွေကိုပြောပြတော့ "လောကမှာ ကိုယ်ပိုင်ဆိုင်ခွင့်မရသင့်တဲ့ ပစည်းဥစာဆိုတာရှိတယ်။ကိုယ်ပိုင်ဆိုင်ခွင့်မရှိတာကို ပိုင်ဆိုင်ခွင့်ရချင်နေရင်စမှားတော့တာပဲ။ကိုယ့်အတွက်လည်းမကောင်းဘူး ဟုထိုမိတ်ဆွေက တိုးတိုးသက်သာပြန်ပြောသည်။ကျွန်တော်က ထိုမိတ်ဆွေကို စိတ်ထဲမှ အကြိမ်ကြိမ်ဦးညွတ်နေမိတော့သည်။

read more...