ခြောက်ကပ်နေတဲ့ ပင်လယ်ထဲ
ဘယ်သူက စီးမျှောချင်မှာလဲ
ဇာတ်လမ်းတစ်ပုဒ် လိုပြန်ရစ်မနေနဲ့တော့
ဘယ်သူက စီးမျှောချင်မှာလဲ
ဇာတ်လမ်းတစ်ပုဒ် လိုပြန်ရစ်မနေနဲ့တော့
လေပေ နေတဲ့ ဘ၀ကို ခိုကပ်နေရတာ
ပျင်းလှပြီ မေခလာနတ်သမီးကိုစောင့်ရင်း
ဘ၀က အသံပြဲ ကြီးနဲ့အော်နေရတယ်
ဒါကို လူတစ်စုက လက်ခုပ်တီးနေတယ်
ပြောင်းလဲခြင်းတရားကို ဖော်ထုတ်ဖို့အတွက်
မော့ဆက် အဖွဲ့ကို ခေါ်ရမှာလား
ကြယ်တွေကြွေ တိုင်းလဲ ဆုတောင်းမနေနဲ့တော့
မိုးမြေကိုလဲ တိုင်တည်မနေနဲ့တော့
နောက်ဆုံးတော့လည်း ငါတို့လမ်းငါတို့လျှောက်ရမှာဘဲ။
ပျင်းလှပြီ မေခလာနတ်သမီးကိုစောင့်ရင်း
ဘ၀က အသံပြဲ ကြီးနဲ့အော်နေရတယ်
မျှတမှုမရှိတဲ့ ဒီအရိပ်အောက်မှာ
ဒို့ တွေ အသက်ရှုဖို့ ဘုရားသခင်က ဖန်ဆင်းခဲ့တာလား ဒါကို လူတစ်စုက လက်ခုပ်တီးနေတယ်
ပြောင်းလဲခြင်းတရားကို ဖော်ထုတ်ဖို့အတွက်
မော့ဆက် အဖွဲ့ကို ခေါ်ရမှာလား
ကြယ်တွေကြွေ တိုင်းလဲ ဆုတောင်းမနေနဲ့တော့
မိုးမြေကိုလဲ တိုင်တည်မနေနဲ့တော့
နောက်ဆုံးတော့လည်း ငါတို့လမ်းငါတို့လျှောက်ရမှာဘဲ။
1 comment:
ဒီကဗျာလေးထဲက
အထီးကျန်တဲ့ အနာဂတ်ကို ခံစားရတယ်...
ကောင်းတဲ့ကဗျာလေးပါပဲ..
Post a Comment