Wednesday, July 14, 2010

အလွမ်း

တစ်ခါတရံ အိပ်မောကျနေတဲ့
တောင်ပေါ်မြို့ မှာ ငါ့ကိုငါ မြုပ်နှံမိတယ်
ဘ၀မှာ သူ့အတွက်မျက်ရည်ကျခဲ့ရတယ်
ဟာသ တစ်ပုဒ်ဖြစ်သွားလား ?

အလွမ်းနေ့ရက်တွေ နဲ့ ငါကခုန်ရင်း
တစ်ခါတလေလဲ ငါ ငိုနေမိတယ်
အချစ်က လုပ်ယူလို့မရပေမဲ့
ဖျက်ဆီးလို့မရဘူးဆိုတာ ငါ့ကိုငါ မသိခဲ့ဘူးလေ !

လမ်းမှားရောက်တဲ့ ကျင့်စဉ်လို
ငါ့ အသိတွေက ရှေ့တိုးရခက်နေတယ်
အလွမ်းတွေ သယ်ပိုးရလို့
ငါ့ကိုငါတောင် မနိုင်တော့ဘူး ။

မင်းသိနိုင်ပါ့မလား ငါ့အလွမ်း စာမျက်နှာတွေကို
တတ်နိုင် ရင် မင်းကို နောက်တစ်ခါ ထပ်ရွတ်ပြချင်မိတယ်။့်
ဒါကတော့ အပြည့်အစုံ post လေးပေါ့…

read more...

အရိပ်မဲ့

ကျောက်စရစ်လမ်းထဲ ငါဝင်ခဲ့တယ်
ငါ့နောက်မှာငါ့အရိပ်မပါဘူး
ပြေးတမ်းလိုက်တမ်း ဘ၀ကြီးမှာ
ငါ့အတွေး ကို ငါပြန်လိုက်မိတယ်

တစ်ခါတရံလမ်းကြုံလို့
ငါ့အတွေးကို ငါဝင်ကြည့်မိတယ်
ဘ၀တစ်ခုတည်ဆောက်ဖို့
လက်ထဲမှာ ယုံကြည်ချင်းသံမှို
ယုံကြည်ခြင်း အုတ်မြစ်တွေချ

ငါ့အနားမှာ ငါ့အရိပ်မရှိချိန်
အဝေးက ချစ်သူဆီကို
နေ့တိုင်းပို့လွတ်တဲ့ ငါ့ချစ်ခြင်းတွေကို
အဖော်ပြုပေးတဲ့ ဖန်ခွက်လေးလဲ
ခုဆို ရင်ကွဲပက်လက်ဖြစ်နေတယ်......့်
ဒါကတော့ အပြည့်အစုံ post လေးပေါ့…

read more...