Friday, November 16, 2007

ကျိန်စာ

ထက်နိုင်(တလုပ်မြို့)

ကျွန်တော်အိမ်ကထွက်လာတော့ မိုးက တဖွဲဖွဲ ကျနေသည်။ စောစောလေးကတော့ ရာသီဥတုက လင်းလင်းချင်းချင်း သာသာယာယာပဲ ရှိနေခဲ့သေးသည်။ အခုမှ ရုတ်တရက် ဗြုန်းစားကြီးအပြောင်းလဲ ကြီးပြောင်းလဲသွား ခြင်းဖြစ်သည်။ ပြီးခဲ့သည့် တစ်ပတ်လောက်က ကျွန်တော်တို့တောင်ပေါ်မြို့ကလေးမှာ ကလေးတွေ ပင်လယ်ရေလှိုင်းစီးကြသည်။ကျွန်တော်တို့က ငပလီသွားစရာမလိုတော့ဘူး။ ချောင်းသာလည်းသွားစရာမလိုတော့ဘူး။ကျွန်တော့် သားအကြီးကောင်က သူ့သူငယ်ချင်းအိမ်က ကားကျွတ်ကြီးယူပြီး ရုပ်ရှင်တွေထဲကလို လှိုင်းစီးသည်။ကလေးဆိုတာကတော့ ကလေးလိုပျော်ဖို့သိတာကိုး။

တောင်တန်းတွေပေါ်မှာ တိမ်တွေက ညှိ့မည်းတက်လာနေသည်။ ဒါဟာ မိုးသည်းသည်းမည်းမည်းရွာမည့် အဓိပ္ပ္ပ္ပာယ်ပဲ။ ကျွန်တော်က စိုးရိမ်ထိတ်လန့်စွာနှင့် ရေမြောင်းလေးဆီ ခပ်သွက်သွက် လျှောက်လိုက်သည်။ ကျွန်တော်ရေမြောင်လေးဆီရောက်တော့ ရပ်ကွက်ထဲကလူတွေ တော်တော်လေးစုမိနေပြီ။ မြောင်းပေါက်ကိုဖာထေးသည့် သဲအိတ်တွေကလှုပ်ချင်လာပြီ။ လူတွေ စိုးရိမ်နေတယ်ဆိုတာ ကျွန်တော်အသေအချာ သိပါသည်။ လူတွေက စိုးရိမ်နေတာကလွှဲလို့ ကိုယ်တိုင်ပါဝင်ဖို့ကြတော့လည်း ၀န်လေးနေပြန်သည်။ ကျွန်တော် ပတ်ဝန်းကျင်ကို စောင်းငဲ့ကြည့်ပြီးအသက်ပြင်းပြင်းတစ်ချက် ရှုပစ်လိုက်၏။ ကျွန်တော်အသက်ရှုပြီး သက်ပြင်းချလိုက်သည့်အချိန်မှာ လူတစ်ယောက်က ကျွန်တော့် ကို ဆွဲခေါ်သွားသည်။ ဘာကိစ္စ္စရှိလို့ လဲဒ ဒခင်ဗျားဘာလို့အသက်ကို ပြင်းပြင်းရှုပစ်လိုက်တာလဲ၊ ကျွန်တော်အံ့သြ တုန်လှုပ်သွားသည်။ ဒကျွန်တော် အသက်ရှုခွင့် မရှိဘူးလား။ အသက်မရှုရင် ကျွန်တော် ရပ်တန့်သွားမှာပေါ့ဒ ဓခင်ဗျားနှာခေါင်းက လေတွေ စုပ်ယူလိုက်လို့ လေဟာနယ်ဖြစ်ပြီး မြောင်းကျိုးသွားရင် ခင်ဗျားမှာ တာဝန်ရှိတယ်ဆိုတာ ခင်ဗျားမ မေ့ပါနဲ့။ဓ ကျွန်တော့ကိုအမိန့်ပေးနေတဲ့သူက ဒေါသတွေနှင့် ခါရမ်းနေသည်။

ကျွန်တော် သည်နေရာမှာ ဆက်နေလို့မဖြစ်နိုင်တော့တာနှင့်မြို့ကလေး၏ တစ်ခြားလမ်းကြောင်းတစ်ခုဆီ ခြေလှမ်းကိုရွှေ့ လိုက်၏။ မိုးတိမ်မည်းတွေ သည်းသည်းမည်းမည်း ပြိုမကျခင် လမ်းမပေါ် ကျွန်တော်ခပ်သွက်သွက် လျှောက်သည်။ လူတွေက ဘာမှမရှိသည့် လမ်းမပေါ် စိတ်ဝင်တစား ငေးမောနေကြသည်။သူတို့အကြည့်တွေက လမ်းမပေါ် မှာတစ်စုံတရာကို ပိုက်စိပ်တိုက်ရှာဖွေ သလိုမျိုး အသေးစိတ်ဆန်လွန်းလှ၏။ မိုးတိမ်မည်းတွေက ကျွန်တော်မျှော်လင့် ထားသလို ပြိုကျမလာခဲ့ပါဘူး။ ရာသီဥတုက ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ ကျွန်တော့ခန္စ္စ္ဓာကိုယ်ပေါ် သို့ နေရောင်ခြည်က ထိုးဆိုက်ကျလာခဲ့သည်။ ကျွန်တော်က မြို့ကလေးကို ဖြတ်ပြီးလမ်းလျှောက်နေဆဲပါ။ ခရီးတစ်ခုကို ရည်ရွယ်ချက်ရှိရှိ ကျွန်တော် လှမ်းလျှောက်နေခြင်းဖြစ်သည်။ ကျွန်တော် ထာပွဲတစ်ခုကို ဖြတ်သည်။ ဈေးတစ်ခုကို ဖြတ်သန်းအပြီးမှာ လက်ဖက်ရည်ဆိုင်နှင့် စာအုပ်ဆိုင် တစ်ဆိုင်ကိုတွေ့သည်။ လူတွေက လူထူးဆန်းတစ်ယောက်လို ကျွန်တော့်ကို စုပြုံကြည့်နေကြသည်။တစ်ချို့အကြည့်တွေက အံ့သြရိပ်ဆင်နေသလို တစ်ချို့အကြည့်တွေက ဒေါသအရိပ်အငွေ့တွေ သန်းနေသည်။ တိတ်ဆိတ် ငြိမ်သက်နေသည့် လူအုပ်ကို ကျွန်တော်လက်တွေ ဝှေ့ရမ်းပြလိုက်သည်။ ဟေး... ခနဲ ကျွန်တော် အသံပေးသည်။ ငြိမ်သက်နေသည့် ကန်ရေပြင်လို ဘာတုန့်ပြန်သံမှ ပြန်မလာဘူး။

ကျွန်တော်သဘောပေါက်လိုက်ပါပြီ။ သူတို့က ကျွန်တော့်ကို လူထူးဆန်းတစ်ယောက်အဖြစ် ကြည့်ရှုနေခြင်း ဖြစ်သည်။ တကယ်တော့ သူတို့က လူယောင်ဆောင်နေကြပေမယ့်လူတွေ မဟုတ်ကြဘူး လူတစ်ယောက်၏ အစစ်မှန်ဘ၀ကို သူတို့မရကြဘူး။ မျက်လုံး တွေပါပေမယ့် မမြင်ရဘူး။ မျက်လုံးယောင်ဆောင်နေကြတာ။ နားတွေပါပေမယ့် မကြားရဘူး။ နားယောင်ဆောင်နေကြတာ။ ပါးစပ်တွေပါပေမယ့် မပြောတတ်ဘူး ပါးစပ်ယောင်ဆောင်နေကြခြင်းဖြစ်သည်။ လမ်းချိုးအကွေ့ ရောက်တော့ချောက်ကမ်းပါးကြီးတစ်ခုက ဆီးကြိုနေသည်။ ကျွန်တော်ရှေ့ဆက်လျှောက်ရမှာလား။ လှည့် ပြန်ရမှာလား။
ထက်နိုင်(တလုပ်မြို့)

read more...