နာရီတွေဝါးမြိုတဲ့ညက ငါ့စိတ်ကူးတွေကို
ခွေးကိုက်သွားတယ် အနီရောင်
ကြက်ခြေခတ်တွေ ပြည့်နေတဲ့ ဘ၀မှာ
တစ်နေရာစာတော့ ကြောခင်းခွင့်ပြုပါ....
ဗလာမဲ့ဘ၀ကို ခင်းကျင်းရင်း
ကံတရားက ငါ့အတွက်
သူ့ကို လမ်းပြသူအဖြစ်
ဖန်ဆင်းခဲ့ပြီလေ.....
အဆုံးစ မရှိတဲ့လမ်းကိုလျှောက်ရင်း
ခဏခဏလဲပြိုခဲ့ ပေမဲ့......
သူ့စကားသံနဲ့ စိတ်ကိုကြိုးဆွဲရင်း
ငါဟာ ဆက်ပြီး.............
ဒါကတော့ အပြည့်အစုံ post လေးပေါ့…
Wednesday, December 16, 2009
လျှောက်လှမ်းခြင်း
Posted by
အောင်ချမ်းသာ
at
8:38 PM
1 comments
Labels: ခံစားမှု
Tuesday, December 1, 2009
ဆောင်းရာသီအလွမ်း
ဆောင်းရာသီရဲ့ သင်္ကတေတ တစ်ခုနဲ့
တောင်နေကြာတွေ အလှပြိုင်နေကြတယ်။
မြူနှင်းမှုန်တွေကြားထဲ ခေါပုတ်စားတဲ့
ငယ်ဘ၀ကိုပြန် လွမ်းမိတယ်။
အပူအပင်မရှိ ဘ၀မှာ
အမေ့ရင်ခွင်ထဲခေါင်းလျှိုပြီး
ဆောင်းရာသီ မီးလင်းဖိုဘေး
တစ်ထောင့်တည ပုံပြင်တွေကို
မျှော်နေမိတယ်။
ခုတော့ ဆောင်းရာသီက
ငါ့အတွက် ဒဏ်ခတ်နေလေရဲ့
မြူနှင်းမှုန်တွေကြား
ချစ်သူပြန်အလာကိုစောင့်နေမိတယ်။
ဒါကတော့ အပြည့်အစုံ post လေးပေါ့…
Posted by
အောင်ချမ်းသာ
at
9:25 PM
0
comments
Labels: ခံစားချက်
Tuesday, October 6, 2009
မရေမရာ
ညိုမွဲနေတဲ့ မျက်နှာအိုတစ်ခုက
ကုန်းကောက်စရာ မရှိတဲ့နေ့စွဲ
ဟန်ဆောင်ပြုံး နေရသော်လည်း
အဖေ့အမွေကို လက်လွဲလုပ်ခဲ့ရတယ်။
လက်ဆုပ်လက်ကိုင်ပြဖို့
ငါ့ခြေထောက်ပေါ်ရပ်ခဲ့ပေမဲ့
နားလည်မှုတစ်ခုမှာ ငါရပ်စောင့်နေရတယ်
ကြီးကောင်ဝင်စ နေ၀င်ချိန်မှာ
အမေနဲ့တောင်ပေါ်ကိုလွမ်းတယ်
အထီးကျန်ညတွေ ကုန်မြောက်စေဖို့
ဆုတောင်းရတာ ငါမောလှပြီ။
ကဒ်ပြားတစ်ကဒ် ပညာရေးနဲ့
လမ်းဆုံးမရောက် ခပ်ခပ်ညံ့အတွေးက
မေတ္တာစေတနာတော့ ထားတတ်ပါရဲ့
အလွမ်းဓါတ်ခံ ယိုင်နဲ့နဲ့ကိုအဖော်ပြုရင်း
အဖေနဲ့အမေကို မျက်နှာလွဲခဲ့တယ်
မနက်ခင်းတစ်ခု အဟာရပြည့်ဖို့
ငါဟာ လှုပ်ရှားနေရဦးမှာဘဲ ။။။။။။။။။။။
ဒါကတော့ အပြည့်အစုံ post လေးပေါ့…
Posted by
အောင်ချမ်းသာ
at
7:55 AM
4
comments
Labels: ခံစားမှု
Sunday, September 20, 2009
အဖြေ
အေးချမ်းတဲ့တောင်ပေါ်ဒေသ အငွေ့အသက်တွေကို ကြိုးဖြေလျော့ပြီး အမေနဲ့ တောင်ပေါ်မြို့ လေးက သူငယ်ချင်း
တွေကို ထားခဲ့ပြီး ရောင်စုံလူတွေနဲ့ မြစ်ယောင်ဆောင်ထားတဲ့ မြို့ ကြီးကို အိပ်မက်ဆန်ဆန် ကျွန်တော်ရောက်ခဲ့တယ်.........
မထင်မိဘူး ၀ံပုလွေယောင်ဆောင်ထားတဲ့ သိုးတွေပေါမှန်း ဒါပေမဲ့ ချစ်စရာ ကောင်းတဲ့ ဂျင်းဘောင်းဘီလေးတွေကိုလဲ တွေ့
ရတယ်.........
ညညအိပ်မပျော်ရင် အမေနဲ့ တောင်ပေါ်လွမ်းတဲ့ ဒဏ်က အိပ်စက်ဖို့ကို တားဆီးနေတယ် ဘ၀ဆိုတာ ဘာလဲဆိုတဲ့
အရာကို ခုမှ မျက်ဝါးထင်ထင်မြင်နေရတယ်...ဘတ်စ်ကား ပေါ်မှာ ဘ၀ဆိုတာစတာလား ?ဆိုက်ကားပေါ်မှာဘ၀ဆိုတာစတာ
လား ? တောင်ပေါ်ကလာတဲ့ တောသားတစ်ယောက်ရဲ့ ဥာဏ်ထဲမှာ မီဒီယာက ရေးထားတဲ့ သူတို့စည်းကမ်းချက်တွေကတော့
ဝေေ၀ဆာဆာ ဒါပေမဲ့ တကယ့်လက်တွေ့ကျတော့ ဗရမ်းဗတာ တော်တော်လေးကို ဗရမ်းဗတာ နိုင်တဲ့ စာစောင်တွေ ....။
မနက်လင်းလို့ သူ့အလုပ်ကို့အလုပ်သွားကြတဲ့အခါ ဘီယာဘူးခွံထဲက အမြုပ်တစီစီထွက်ကျလာသလို ခေါင်းတွေချာ
ချာလည်လည်သွားလောက်အောင် ပေါလှတဲ့ လူတွေ......တောသားကျွန်တော့်အတွက် အထူးအဆန်းပြဇာတ်တစ်ပုဒ်ကိုငေး
ကြည့်နေမိသလိုခံစားရတယ်.....အတ္တတွေ မာနတွေ ပြည့်နေတဲ့ ဒီနေရာမှာ ဘ၀အတွက် လှုပ်ရှားနေကြရတဲ့ လူတွေကို
ကြည့်ရင်း စိတ်ထဲမှာ သနားနေမိတယ်.......ဒီလူတွေ ဘာကြောင့် မလိုအပ်တာတွေပြည့်နေရတာလဲ ?
ဘ၀ အတွက်ရုန်းကန်နေရတဲ့ ဒီနေရာမှာ ကိုယ်ချင်းစာနာစိတ်တွေ မေတ္တာစိတ်တွေ ကဘယ်နားမှာ ထားထားခဲ့ကြ
လဲ ? အရင်ကအဆင့်အတန်းမြင့်ခဲ့တဲ့ ဒီမြို့ ကြီးမှာ စာနာစိတ်တွေ ကင်းပြီး ရန်ငြိုးတွေ ဘဲ ပြည်လျှံနေတာလား ?ငါ့အတွက်ကို
ရှေ့တန်းတင်ထားတဲ့ အတ္တတွေ ကြားထဲမှာ ကျွန်တော်ဘယ်လိုနေသားကျ အောင် နေထိုင်ရမလဲဆိုတာ ခေါင်းပူအောင် စဉ်း
စားလဲ အဖြေက အန်ကြမလာဘူး............။
လေးပေါ့…
Posted by
အောင်ချမ်းသာ
at
1:21 PM
1 comments
Friday, September 4, 2009
ရန်ကုန်
ရောင်စုံတွေများတဲ့ မြို့  မိုးရွာရင် ရေကြီးတဲ့မြို့ 
တောင်ပေါ်ဒေသမဟုတ်ဘဲ ရေတွေကြီးနေတဲ့မြို့ 
ငါတို့နိုင်ငံရဲ့ မြို့ ကြီးတစ်မြို့ ......
ပတ်ဝန်းကျင်ညစ်ညမ်းမှုတွေနဲ့ ပြည့်လျှံနေတဲ့မြို့ 
တီဗွီစလောင်းတွေ ပွင့်လန်းဝေဆာနေတဲ့မြို့ 
အိုင်တီပညာတွေ အပြေးပြိုင်နေတဲ့မြို့ 
ဒါကတော့ အပြည့်အစုံအလုပ်မရှိရင် လူပိုတစ်ယောက်ဖြစ်သွားတဲ့မြို့ 
ကြီးကောင်စ နေ၀င်ချိန်မှာ တရေးနိုးတတ်တဲ့မြို့ 
ဒီမြို့ လေးက ကောင်မလေးရေ....
ငါ့အတွက် တစ်သက်စာ ပြက္ခဒိန်တွေကို ယူခဲ့ပေးပါ။ လေးပေါ့…
Posted by
အောင်ချမ်းသာ
at
1:51 PM
0
comments
Sunday, May 10, 2009
ဝိုးတ၀ါးလမ်း
အလင်းရောင်မှိန်တဲ့ နေ့ကိုဆုပ်ကိုင်ရင်း
ဝိုးတ၀ါးလမ်းလျှောက် ရတဲ့ရက်တွေ
လွယ်အိတ်တစ်လုံးအပြည့်နဲ့ပေါ့
လွင့်ချင်ရာလွင့်နေခဲ့တဲ့ ငါ့စိတ်က
ငါ့ကိုလှောင်ပြောင်နေတယ်။
ညီမျှခြင်းမရှိတဲ့ ဒီနေရာမှာ
ဆုံးရှုံးမှုတွေက ပင်လယ်လိုဝေနေလေရဲ့
မရေရာမှုနဲ့ ရောင်စုံလူတွေထဲမှာ
တိကျမှုတစ်ခုကို မျှော်လင့်မိခဲ့တယ်။
ဆုံးဖြတ်ချက်တွေ နည်းလမ်းတွေ
ကို အိတ်တစ်ခု ထဲ အလုံပိတ်
တံခါးပိတ်ထားတာလဲ ကြာလှပါပြီ
ဒေါက် ဒေါက် အိမ်ရှင် မရှိတာလား?
ဟိုးမြေပုံကိုကြည့်
အဲ့ဒါ ဘိုးဘွားတွေ ထာဝရ အိပ်စက်နေလေရဲ့
နားစွင့်လိုက်ပါ မျှော်လင့်ချက်ရောင်ခြည်ကို
ဥပက္ခာ မပြုလိုက်ပါနှင့်။
Posted by
အောင်ချမ်းသာ
at
10:51 AM
2
comments
Labels: ကဗျာ
Saturday, April 25, 2009
မိုးလင်းတဲ့ည
အတွေးစတွေပြန့်ကြဲနေတဲ့ ဒီအခန်းထဲမှာ
စိတ်ကိုစုစည်းဖို့ ငါဟာမောပန်းနေတယ်
အလည်လွန်တဲ့ အတွေးတွေနဲ့
ငါဟာမိုးလင်းညတွေ မနည်းတော့ဘူး။
ကဗျာရေးဖို့ ကလောင်တံကိုင်လည်း
တွန့်ကြေနေတဲ့ အတွေးစ က ငါ့ကိုလက်ယှက်ခေါ်လို့
ကျွန်တော့်အတွက် တစ်ပုဒ်လောက် ဆွဲပေးပါတဲ့
သူ့အတွက် တစ်ပုဒ်လောက်ရေးချင်ပေမဲ့
စကားလုံးတွေက အန်ထွက်မလာဘူး
ဆေးလိပ်တိုကိုမီးညှိ တော့လဲ
စကားလုံးတွေက ငါ့ကိုပုန်းနေကြတယ်
အတွေးရေယာဉ်မှာ မျှောနေရင်း
နှစ်ခါမရနိုင်တဲ့ ပုံရိပ်တစ်ခုက ဆွဲဆောင်မှုအပြည့်
ဂီတာကိုင်ပြီး ထိုင်မနေပါနဲ့ မိန်းကလေးရယ်
ငါ့အတွက် အချစ်သီချင်းလေးတစ်ပုဒ် နဲ့
ငါ့ကို အိပ်စက်ဖို့ ဖန်တီးပေးပါလား။
(ချစ်သူငယ်ချင်းအတွက် အမှတ်တရ)
Posted by
အောင်ချမ်းသာ
at
11:32 AM
1 comments
Labels: ကဗျာ