Monday, March 22, 2010

ခံစားချက် မဲ့ ခြင်း

ငါ့ဦးနှောက်ကို ငါ ခွဲစိတ်ဖို့
အကြိမ်ကြိမ်ကြိုးစားခဲ့တယ်
လရောင်ပျောက်နေတာ
ထောင်စုနှစ်မနည်းတော့ဘူး
စွဲလန်းကြီးတဲ့ ငါ့စိတ်ကို
သင်္ဂြိုလ်ဖို့ အင်အားမဲ့နေတယ်

မာနရွက်လှေတွေ တစီတတန်းနဲ့
ငါ့မာနကို ရေလောင်းခဲ့တယ်
တကယ်တော့ မတူညီတာတွေ
တူညီဖို့အတွက် သီအိုရီတွေ
မီးရှို့ခဲ့ရတယ်..........

ခံစားချက်ခြင်း မတူတဲ့
လောက မှာ ခံစားချက်မဲ့တဲ့ ငါ
ငါ့အတွက် ၁၃ ဂဏန်းတွေ
မြေမြုပ်ပေးပါတော့.............
(ဘာမှန်းတော့ မသိဘူး ရင်ထဲရှိတာ ချရေးလိုက်တာ)



ဒါကတော့ အပြည့်အစုံ post လေးပေါ့…

No comments: