ရှင်လျှက်သေနေသူတွေ နေတဲ့နေရာမှာ
ငါ့ မိတ်ဆွေ ငါ့လုပ်ဖော်ကိုင်ဘက်တွေ
ငါ့ ဆွေမျိုးတွေရှိတယ်။
သူတို့ရဲ့ ဆာလောင်မှုကို မမေ့သင့်ဘူး
အချိန်အခါ မကျပေမဲ့ တလှမ်းခြင်းတော့
ရွေ့နေရမှာဘဲ...........
မှန်တာကိုမှန်တယ်လို့ ပြောသူတွေ
မှားတာကိုမှားတယ်လို့ ပြောသူတွေ
သူတို့ရဲ့စိတ်ဓါတ်
သူတို့ရဲ့ရည်မှန်းချက်
ဒါတွေအားလုံးကို မင်းတို့ဖျက်စီးမှာလား
သူတို့မိသားစုရဲ့ ပူဆွေးသောက ကို
မျက်ကွယ်ပြုကြတော့မှာလား.....
စိတ်ကူးယဉ်ဝါဒီတွေ နဲ့ မင်းတို့တွေ
ကြည်နူး ပျော်ရွင်ကြတော့မှာလား.......လုပ်ရပ်လိုက်ကြတာကွာ...........။ဒါကတော့ အပြည့်အစုံ post လေးပေါ့…
Thursday, August 5, 2010
အာလူးစားသုံးသူများ
Posted by
အောင်ချမ်းသာ
at
7:35 PM
1 comments
Labels: ခံစားမှု
Monday, March 22, 2010
ခံစားချက် မဲ့ ခြင်း
ငါ့ဦးနှောက်ကို ငါ ခွဲစိတ်ဖို့
အကြိမ်ကြိမ်ကြိုးစားခဲ့တယ်
လရောင်ပျောက်နေတာ
ထောင်စုနှစ်မနည်းတော့ဘူး
စွဲလန်းကြီးတဲ့ ငါ့စိတ်ကို
သင်္ဂြိုလ်ဖို့ အင်အားမဲ့နေတယ်
မာနရွက်လှေတွေ တစီတတန်းနဲ့
ငါ့မာနကို ရေလောင်းခဲ့တယ်
တကယ်တော့ မတူညီတာတွေ
တူညီဖို့အတွက် သီအိုရီတွေ
မီးရှို့ခဲ့ရတယ်..........
ခံစားချက်ခြင်း မတူတဲ့
လောက မှာ ခံစားချက်မဲ့တဲ့ ငါ
ငါ့အတွက် ၁၃ ဂဏန်းတွေ
မြေမြုပ်ပေးပါတော့.............
(ဘာမှန်းတော့ မသိဘူး ရင်ထဲရှိတာ ချရေးလိုက်တာ)
ဒါကတော့ အပြည့်အစုံ post လေးပေါ့…
Posted by
အောင်ချမ်းသာ
at
2:22 PM
0
comments
Labels: ခံစားမှု
Thursday, February 25, 2010
ဖူးစာ
ငါကမဆုံချင်တာမဟုတ်ဘူး
ဆုံမှတ်ကပြေးနေတာလေ
မျဉ်းပြိုင်နှစ်ခုကို ဆုံဖို့ ကြိုးစားရင်း
ငါ လက်ပန်းကျနေတယ်။
နားလည်မှုတွေကို ရေလောင်းရင်း
ခက်ခဲမှုပေါင်းတွေကို ငါထွင်းခဲ့တယ်
ဘ၀ဟာ မိနစ်ကိုးဆယ်မှ မဟုတ်တာ
မပြီးဆုံးတဲ့ပန်းချီကားတစ်ချပ်လေ.....
အိပ်မက်တွေကိုထုဆစ်ရင်း
လက်တွေ့ကျတဲ့ ဘ၀ကိုရင်ဆိုင်ဖို့
စကားတစ်ခွန်း ငတ်နေချိန်မှာ
နင် အိပ်မောကျနေတာလား။
တကယ်တော့ ဖူးစာ ဆိုတာ
နတ်ရေးတာမဟုတ်ဘူး မိန်းကလေး
လူတွေ ကိုယ်တိုင်ထုဆစ်ကြတာပါ။
ဒါကတော့ အပြည့်အစုံ post လေးပေါ့…
Posted by
အောင်ချမ်းသာ
at
9:03 PM
0
comments
Labels: ခံစားမှု
Saturday, February 20, 2010
ပစ်မှတ်
တဒင်္ဂမဟုတ် ထာဝရပါ
အမှတ်မထင်တောင့်တနေတာ မဟုတ်ဘူး
မင်းကြည့်လိုက်ပါလေ.......
ဒါငါညီအစ်ကိုတွေရဲ့ သွေးနဲ့ ချွေးနဲ့ ထုဆစ်ခဲ့တာ
ကောက်ရိုးမီးလို လောင်မြိုက်ခဲ့တာမဟုတ်ဘူး။
ဝင်လေထွက်လေ တစ်ချက်တိုင်းမှာ
သူတို့ရဲ့ ဆာလောင်မှုသံစဉ်တွေရှိတယ်
မင်း ဒါကို လျစ်လျူမရှုလိုက်ပါနဲ့
အချိန်ကိုအချိန်က သက်သေပြလိုက်ပါ့မယ်။
တိုတောင်းတဲ့ ဒီဘ၀မှာ
အေးချမ်းမှု နဲ့ဖြတ်သန်းဖို့
မင်း ငါတို့နဲ့ တစ်လှေတည်းစီးလိုက်ပါ
ဘယ်လောက် ဒီရေလှိုင်းတွေကြမ်းနေပါစေ
ငါတို့ ခရီးက မဝေးတော့ပါဘူး............
လရောင်ကိုမြိုနေတဲ့ ဒီပင်လယ်က ငါတို့ရဲ့နောက်ဆုံး ပစ်မှတ်
ဒါကတော့ အပြည့်အစုံ post လေးပေါ့…
Posted by
အောင်ချမ်းသာ
at
11:24 AM
0
comments
Labels: ခံစားမှု
Wednesday, December 16, 2009
လျှောက်လှမ်းခြင်း
နာရီတွေဝါးမြိုတဲ့ညက ငါ့စိတ်ကူးတွေကို
ခွေးကိုက်သွားတယ် အနီရောင်
ကြက်ခြေခတ်တွေ ပြည့်နေတဲ့ ဘ၀မှာ
တစ်နေရာစာတော့ ကြောခင်းခွင့်ပြုပါ....
ဗလာမဲ့ဘ၀ကို ခင်းကျင်းရင်း
ကံတရားက ငါ့အတွက်
သူ့ကို လမ်းပြသူအဖြစ်
ဖန်ဆင်းခဲ့ပြီလေ.....
အဆုံးစ မရှိတဲ့လမ်းကိုလျှောက်ရင်း
ခဏခဏလဲပြိုခဲ့ ပေမဲ့......
သူ့စကားသံနဲ့ စိတ်ကိုကြိုးဆွဲရင်း
ငါဟာ ဆက်ပြီး.............
ဒါကတော့ အပြည့်အစုံ post လေးပေါ့…
Posted by
အောင်ချမ်းသာ
at
8:38 PM
1 comments
Labels: ခံစားမှု
Tuesday, October 6, 2009
မရေမရာ
ညိုမွဲနေတဲ့ မျက်နှာအိုတစ်ခုက
ကုန်းကောက်စရာ မရှိတဲ့နေ့စွဲ
ဟန်ဆောင်ပြုံး နေရသော်လည်း
အဖေ့အမွေကို လက်လွဲလုပ်ခဲ့ရတယ်။
လက်ဆုပ်လက်ကိုင်ပြဖို့
ငါ့ခြေထောက်ပေါ်ရပ်ခဲ့ပေမဲ့
နားလည်မှုတစ်ခုမှာ ငါရပ်စောင့်နေရတယ်
ကြီးကောင်ဝင်စ နေ၀င်ချိန်မှာ
အမေနဲ့တောင်ပေါ်ကိုလွမ်းတယ်
အထီးကျန်ညတွေ ကုန်မြောက်စေဖို့
ဆုတောင်းရတာ ငါမောလှပြီ။
ကဒ်ပြားတစ်ကဒ် ပညာရေးနဲ့
လမ်းဆုံးမရောက် ခပ်ခပ်ညံ့အတွေးက
မေတ္တာစေတနာတော့ ထားတတ်ပါရဲ့
အလွမ်းဓါတ်ခံ ယိုင်နဲ့နဲ့ကိုအဖော်ပြုရင်း
အဖေနဲ့အမေကို မျက်နှာလွဲခဲ့တယ်
မနက်ခင်းတစ်ခု အဟာရပြည့်ဖို့
ငါဟာ လှုပ်ရှားနေရဦးမှာဘဲ ။။။။။။။။။။။
ဒါကတော့ အပြည့်အစုံ post လေးပေါ့…
Posted by
အောင်ချမ်းသာ
at
7:55 AM
4
comments
Labels: ခံစားမှု