Tuesday, October 6, 2009

မရေမရာ

ညိုမွဲနေတဲ့ မျက်နှာအိုတစ်ခုက
ကုန်းကောက်စရာ မရှိတဲ့နေ့စွဲ
ဟန်ဆောင်ပြုံး နေရသော်လည်း
အဖေ့အမွေကို လက်လွဲလုပ်ခဲ့ရတယ်။

လက်ဆုပ်လက်ကိုင်ပြဖို့
ငါ့ခြေထောက်ပေါ်ရပ်ခဲ့ပေမဲ့
နားလည်မှုတစ်ခုမှာ ငါရပ်စောင့်နေရတယ်

ကြီးကောင်ဝင်စ နေ၀င်ချိန်မှာ
အမေနဲ့တောင်ပေါ်ကိုလွမ်းတယ်
အထီးကျန်ညတွေ ကုန်မြောက်စေဖို့
ဆုတောင်းရတာ ငါမောလှပြီ။

ကဒ်ပြားတစ်ကဒ် ပညာရေးနဲ့
လမ်းဆုံးမရောက် ခပ်ခပ်ညံ့အတွေးက
မေတ္တာစေတနာတော့ ထားတတ်ပါရဲ့

အလွမ်းဓါတ်ခံ ယိုင်နဲ့နဲ့ကိုအဖော်ပြုရင်း
အဖေနဲ့အမေကို မျက်နှာလွဲခဲ့တယ်
မနက်ခင်းတစ်ခု အဟာရပြည့်ဖို့
ငါဟာ လှုပ်ရှားနေရဦးမှာဘဲ ။။။။။။။။။။။



ဒါကတော့ အပြည့်အစုံ post လေးပေါ့…

4 comments:

ဖြိုးဇာခြည်မမအောင် said...

ရေရေရာရာ တွေဖြစ်ပါစေတော့ကွယ် ..:)

ဖိုးဖိုး said...

ငါလဲ လွမ်းတယ်ကွာ ..

အောင်ချမ်းသာ said...

ကျေးဇူးတင်ပါတယ် မိတ်ဆွေတို့ ခုလိုအားပေးတာကို ။

သဇင်ဏီ said...

ကဗျာလေးကိုခံစားဖတ်ရူသွားပါတယ်အကို..း)