Saturday, February 20, 2010

ပစ်မှတ်

တဒင်္ဂမဟုတ် ထာဝရပါ
အမှတ်မထင်တောင့်တနေတာ မဟုတ်ဘူး
မင်းကြည့်လိုက်ပါလေ.......
ဒါငါညီအစ်ကိုတွေရဲ့ သွေးနဲ့ ချွေးနဲ့ ထုဆစ်ခဲ့တာ
ကောက်ရိုးမီးလို လောင်မြိုက်ခဲ့တာမဟုတ်ဘူး။

ဝင်လေထွက်လေ တစ်ချက်တိုင်းမှာ
သူတို့ရဲ့ ဆာလောင်မှုသံစဉ်တွေရှိတယ်
မင်း ဒါကို လျစ်လျူမရှုလိုက်ပါနဲ့
အချိန်ကိုအချိန်က သက်သေပြလိုက်ပါ့မယ်။

တိုတောင်းတဲ့ ဒီဘ၀မှာ
အေးချမ်းမှု နဲ့ဖြတ်သန်းဖို့
မင်း ငါတို့နဲ့ တစ်လှေတည်းစီးလိုက်ပါ
ဘယ်လောက် ဒီရေလှိုင်းတွေကြမ်းနေပါစေ
ငါတို့ ခရီးက မဝေးတော့ပါဘူး............
လရောင်ကိုမြိုနေတဲ့ ဒီပင်လယ်က ငါတို့ရဲ့နောက်ဆုံး ပစ်မှတ်



ဒါကတော့ အပြည့်အစုံ post လေးပေါ့…

No comments: