Thursday, April 9, 2009

ကြေကွဲခြင်း


ဝေးကွာခြင်းဆိုတဲ့ အဓိပ္ပါယ်ထဲ
ငါလက်ပစ်ကူးနေရတာ မောလှပြီ
တစ်ခါတစ်ခါ ကြေကွဲခြင်းဆိုတဲ့
ဒဏ်ရာက ငါ့ကို လာပြီးကျီစယ်နေတယ်။


အဆင်သင့်မဖြစ်သေးဘူးဆိုတဲ့
စကားတစ်ခွန်းနဲ့ ဘ၀ကို ဖောင်ဖျက်ခဲ့တယ်
လန်းဆန်းတဲ့ အတွေးခေါ်ကို ငါမော့သောက်ရင်း
ဘ၀ ဟာ အေးမြခဲ့တယ်....

ကမ်းခြေမဲ့နေတဲ့ ဘ၀ထဲမှာ
ငါ လို လူမျိုးအတွက် ယုယကြင်နာခြင်းတွေ
မြေမြုပ် သဂြိုလ် ခဲ့ပြီးပါပြီ....
ကျရှုံးခြင်း တွေကို ငါ ထွန်းညှိ
ကြေကွဲခြင်းတွေနဲ့ ငါ ရွက်လွင့်တော့မယ်။


4 comments:

မောင်ခင်လေး said...

နယ်ရေ ကဗျာလာဖတ်တယ် ကြေကွဲနေတယ်လား
:)
အားလုံးပဲအဆင်ပြေပါစေ နယ်ရေ ကောင်းသောနေ့ပါ :)

သဇင်ဏီ said...

nIcE pOeM & nIcE pIc AlSo =)
wish u all the best bro...

ဖြိုးဇာခြည်မမအောင် said...

ဒီကဗျာလေး အရမ်းကြိုက်တယ် ..:)

သဇင်ဏီ said...

nice one.. :)