အလင်းရောင်မှိန်တဲ့ နေ့ကိုဆုပ်ကိုင်ရင်း
ဝိုးတ၀ါးလမ်းလျှောက် ရတဲ့ရက်တွေ
လွယ်အိတ်တစ်လုံးအပြည့်နဲ့ပေါ့
လွင့်ချင်ရာလွင့်နေခဲ့တဲ့ ငါ့စိတ်က
ငါ့ကိုလှောင်ပြောင်နေတယ်။
ညီမျှခြင်းမရှိတဲ့ ဒီနေရာမှာ
ဆုံးရှုံးမှုတွေက ပင်လယ်လိုဝေနေလေရဲ့
မရေရာမှုနဲ့ ရောင်စုံလူတွေထဲမှာ
တိကျမှုတစ်ခုကို မျှော်လင့်မိခဲ့တယ်။
ဆုံးဖြတ်ချက်တွေ နည်းလမ်းတွေ
ကို အိတ်တစ်ခု ထဲ အလုံပိတ်
တံခါးပိတ်ထားတာလဲ ကြာလှပါပြီ
ဒေါက် ဒေါက် အိမ်ရှင် မရှိတာလား?
ဟိုးမြေပုံကိုကြည့်
အဲ့ဒါ ဘိုးဘွားတွေ ထာဝရ အိပ်စက်နေလေရဲ့
နားစွင့်လိုက်ပါ မျှော်လင့်ချက်ရောင်ခြည်ကို
ဥပက္ခာ မပြုလိုက်ပါနှင့်။
Sunday, May 10, 2009
ဝိုးတ၀ါးလမ်း
Posted by
အောင်ချမ်းသာ
at
10:51 AM
2
comments
Labels: ကဗျာ
Saturday, April 25, 2009
မိုးလင်းတဲ့ည
အတွေးစတွေပြန့်ကြဲနေတဲ့ ဒီအခန်းထဲမှာ
စိတ်ကိုစုစည်းဖို့ ငါဟာမောပန်းနေတယ်
အလည်လွန်တဲ့ အတွေးတွေနဲ့
ငါဟာမိုးလင်းညတွေ မနည်းတော့ဘူး။
ကဗျာရေးဖို့ ကလောင်တံကိုင်လည်း
တွန့်ကြေနေတဲ့ အတွေးစ က ငါ့ကိုလက်ယှက်ခေါ်လို့
ကျွန်တော့်အတွက် တစ်ပုဒ်လောက် ဆွဲပေးပါတဲ့
သူ့အတွက် တစ်ပုဒ်လောက်ရေးချင်ပေမဲ့
စကားလုံးတွေက အန်ထွက်မလာဘူး
ဆေးလိပ်တိုကိုမီးညှိ တော့လဲ
စကားလုံးတွေက ငါ့ကိုပုန်းနေကြတယ်
အတွေးရေယာဉ်မှာ မျှောနေရင်း
နှစ်ခါမရနိုင်တဲ့ ပုံရိပ်တစ်ခုက ဆွဲဆောင်မှုအပြည့်
ဂီတာကိုင်ပြီး ထိုင်မနေပါနဲ့ မိန်းကလေးရယ်
ငါ့အတွက် အချစ်သီချင်းလေးတစ်ပုဒ် နဲ့
ငါ့ကို အိပ်စက်ဖို့ ဖန်တီးပေးပါလား။
(ချစ်သူငယ်ချင်းအတွက် အမှတ်တရ)
Posted by
အောင်ချမ်းသာ
at
11:32 AM
1 comments
Labels: ကဗျာ
Monday, January 5, 2009
အနာဂတ်
ဘယ်သူက စီးမျှောချင်မှာလဲ
ဇာတ်လမ်းတစ်ပုဒ် လိုပြန်ရစ်မနေနဲ့တော့
ပျင်းလှပြီ မေခလာနတ်သမီးကိုစောင့်ရင်း
ဘ၀က အသံပြဲ ကြီးနဲ့အော်နေရတယ်
ဒါကို လူတစ်စုက လက်ခုပ်တီးနေတယ်
ပြောင်းလဲခြင်းတရားကို ဖော်ထုတ်ဖို့အတွက်
မော့ဆက် အဖွဲ့ကို ခေါ်ရမှာလား
ကြယ်တွေကြွေ တိုင်းလဲ ဆုတောင်းမနေနဲ့တော့
မိုးမြေကိုလဲ တိုင်တည်မနေနဲ့တော့
နောက်ဆုံးတော့လည်း ငါတို့လမ်းငါတို့လျှောက်ရမှာဘဲ။
Posted by
အောင်ချမ်းသာ
at
10:30 PM
1 comments
Labels: ကဗျာ
