ကျွန်တော့ကိုမွေးဖွားပေးခဲ့ဟောဒီတောင်ပေါ်မြို့လေးဟာတော်တော်အေးချမ်းပြီးနေလို့ကောင်းတဲ့မြို့လေးပေါ့.....ငယ်စဉ်အခါကဆိုချယ်ရီပန်းလေးတွေဝေဆာနေတယ်လေ
ဆောင်းတွင်းဆိုရင် မြူနှင်းမှုန်တွေနဲ့ လမ်းလျှောက်ကျောင်းသွားရတာအမောပေါ့.....မြို့လေးဟာ တောင်ပတ်လည်ဝိုင်းနေပြီးဒယ်အိုးလေးနဲ့တူတယ်လို့ တင်စားကြတယ်လေ
မိုးရာသီဆိုလဲ ...ထီးလေးနဲ့ကျောင်းသွားပြီး ကျောင်းပြန်လာရင် မိုးရွာမှုကြောင့် လမ်းပေါ်မှာကျောက်လေးတွေ သူ့ဟာနဲ့သူ ပေါ်နေတယ်လေ...ဒါလေးတွေကို
ကလေးတွေက လမ်းပ ပေါ်က ကျောက်ကိုကောက်ပြီး ကျောက်ရောင်းတန်းကစားကြတာ ခုထိသတိရမိတယ်......
ဝါတွင်းတွေမှာဆိုလည်း ဘုရားကျောင်းကန်တွေမှာ လူတွေသီလယူကြတာအပြည့်ပေါ့...၀ိပဿနာတရားစခန်းတွေ ဟာတစ်သုတ်ပြီးတသုတ်ဖွင့်လှစ်ကြတယ်...
ဒီလိုအေးချမ်းလှပ တဲ့တောင်ပေါ် မြို့လေးကို ဖျက်ဆီး ဖို့ဝင်လာတာ ၁၉၉၀ နှောင်းပိုင်းလောက်မှာ ဖက်စပ်လို့ ခေါ်တဲ့ အကျိုးတူတွေဝင်လားပြီးတော့ ....
မြို့လေးကို ဖျက်ဆီးလိုက်ကြတယ်လေ..။။အဲဒီမှာ ...အလင်းဝင်အဖွဲ့ အစည်းတွေ ဒီအခုမှ တိုင်းရင်းသားထဲကောက်တွင်းထားတဲ့ ဗမာ စကားမတတ်တဲ့
လူတွေ က မြို့ပေါ်မှာရှိတဲ့ တောင်လေးတွေကို စတင်ဖျက်ဆီးတော့တယ်လေ.....
အေးချမ်းလှပတဲ့ ကျွန်တော် တို့ မြို့လေးဟာ ခုဆိုရင် တော်တော်လေးကိုပျက်ဆီးနေပြီလေ... ကြည့်ပါ လားသူတို့တွေက တောင်တွေကိုလည်းပင်းညစ်ပြီးအတင်းအဓမ္မ္မ္မ္မ
ကျောက်တွေကိုထွေးထုတ်ခိုင်းနေတယ်လေ....အင်ဂျင်အားကြီးတဲစက်တွေ....မြေကော်စက်တွေနဲ့ တောင်လေးတွေကိုဖြိုနေကြတယ်လေ...တောင်တွင်မကသေးဘူး
ကျောက်တူး တွင်းသမားလေးတွေကို လည်း ဗမာ စကားမတတ်တဲ့ ပေါလံ ကြီးတွေက ခေါင်းပုံဖြတ်တာလွန်ပါရောဗျာ....သူတို့တွေလုပ်တာကိုထိုင်ကြည့်နေတဲ့
လူကြီးတွေကတော့ တိုက်တွေကားတွေနဲ့ပေါ့....ဒီဖက်စပ်ပေါင်းစုံက နှိပ်စက်လို့ မြို့လေးထဲ ကိုဖြတ်သန်းစီးဆင်းနေ တဲ့ ရေနီချောင်းလေး ဟာ မှုံတွေပိတ်ပြီးတော့
မြို့နေလူထုရဲ့ အိမ်တွေဟာတော်တော်ပျက်ဆီးသွားကြတယ်လေ.....
ဒီမြို့ကလူတွေက တော့ ဘာတတ်နိုင်မှာလဲ....
စီးပွားရေဆိုလဲ အရင်ကလောက်မကောင်းတော့ဘူး ..လို့ ကုန်သည်အချို့ ပွဲစားအချို့ က ညည်းငြူနေတဲ့အသံကတော့ ထာပွဲ ထဲမှာ ပုဇင်းယင်ကွဲအော်သလိုပါဘဲ...
မြို့ထဲကလူတွေဟာ ဘာလုပ်ရ ကိုင်ရမှန်းမသိဘဲ တနယ်ခြား တနိုင်ငံခြားမှာ အလုပ်တွေလုပ်ကြရတယ်လေ...ကိုယ့်မြို့မှာမှ ဘာအလုပ်မရှိတာလို့ ပြောတိုင်း
တော်တော်စိတ်မကောင်းဖြစ်ရတယ်ဗျာ....အရင်က ကမ္ဘာ ကသိတဲ့ ကျွန်တော်တို့မြို့လေးဟာ ခုဆိုရင်ပေါလံကြီးတွေ ခေါင်းပုံဖြတ်ခံနေရတဲ့မြို့လေးပေါ့......
တကယ်ဆိုကိုယ့်အရှေ့မှာမြင်နေပါရပ်နဲ့ မစားရတာတော့ တော်တော်လွန်မယ်လို့ထင်တယ်ဗျာ.....သြော်...စားကျက်ပျောက်တဲ့မြို့လေး
Wednesday, September 19, 2007
စားကျက်ပျောက်သွားတဲ့မြို့လေး
Posted by
အောင်ချမ်းသာ
at
9:34 PM
Labels: အက်ဆေး/၀တ္ထုတို
Subscribe to:
Post Comments (Atom)
2 comments:
I just want to say Hi, Aung Chan Tha is the place I grew up.
Miss peopel from Mogok and beautiful town alot.
Yin May
(California)
hi a ko, thank u for ur posting.
i miss my hometown so much
Post a Comment