ငါကမဆုံချင်တာမဟုတ်ဘူး
ဆုံမှတ်ကပြေးနေတာလေ
မျဉ်းပြိုင်နှစ်ခုကို ဆုံဖို့ ကြိုးစားရင်း
ငါ လက်ပန်းကျနေတယ်။
နားလည်မှုတွေကို ရေလောင်းရင်း
ခက်ခဲမှုပေါင်းတွေကို ငါထွင်းခဲ့တယ်
ဘ၀ဟာ မိနစ်ကိုးဆယ်မှ မဟုတ်တာ
မပြီးဆုံးတဲ့ပန်းချီကားတစ်ချပ်လေ.....
အိပ်မက်တွေကိုထုဆစ်ရင်း
လက်တွေ့ကျတဲ့ ဘ၀ကိုရင်ဆိုင်ဖို့
စကားတစ်ခွန်း ငတ်နေချိန်မှာ
နင် အိပ်မောကျနေတာလား။
တကယ်တော့ ဖူးစာ ဆိုတာ
နတ်ရေးတာမဟုတ်ဘူး မိန်းကလေး
လူတွေ ကိုယ်တိုင်ထုဆစ်ကြတာပါ။
ဒါကတော့ အပြည့်အစုံ post လေးပေါ့…
Thursday, February 25, 2010
ဖူးစာ
Posted by
အောင်ချမ်းသာ
at
9:03 PM
0
comments
Labels: ခံစားမှု
Saturday, February 20, 2010
ပစ်မှတ်
တဒင်္ဂမဟုတ် ထာဝရပါ
အမှတ်မထင်တောင့်တနေတာ မဟုတ်ဘူး
မင်းကြည့်လိုက်ပါလေ.......
ဒါငါညီအစ်ကိုတွေရဲ့ သွေးနဲ့ ချွေးနဲ့ ထုဆစ်ခဲ့တာ
ကောက်ရိုးမီးလို လောင်မြိုက်ခဲ့တာမဟုတ်ဘူး။
ဝင်လေထွက်လေ တစ်ချက်တိုင်းမှာ
သူတို့ရဲ့ ဆာလောင်မှုသံစဉ်တွေရှိတယ်
မင်း ဒါကို လျစ်လျူမရှုလိုက်ပါနဲ့
အချိန်ကိုအချိန်က သက်သေပြလိုက်ပါ့မယ်။
တိုတောင်းတဲ့ ဒီဘ၀မှာ
အေးချမ်းမှု နဲ့ဖြတ်သန်းဖို့
မင်း ငါတို့နဲ့ တစ်လှေတည်းစီးလိုက်ပါ
ဘယ်လောက် ဒီရေလှိုင်းတွေကြမ်းနေပါစေ
ငါတို့ ခရီးက မဝေးတော့ပါဘူး............
လရောင်ကိုမြိုနေတဲ့ ဒီပင်လယ်က ငါတို့ရဲ့နောက်ဆုံး ပစ်မှတ်
ဒါကတော့ အပြည့်အစုံ post လေးပေါ့…
Posted by
အောင်ချမ်းသာ
at
11:24 AM
0
comments
Labels: ခံစားမှု
Subscribe to:
Posts (Atom)