ကမ္ဘာ့အံ့ဖွယ်တောင် ရဲ့ တောင်လယ်စခန်း (ပန်ထီလာစခန်း)
မနက် (၄)နာရီ ခွဲ လူစ စုကြတယ်လေ ဆရာမအိမ်ရှေ့မှာ
ရွာသာယာ ခေါ် လွယ်ဆာ ရွာ သို့ရောက်ပြီ
စစတက်ခြင်းတော့ တက်တက်ကြွကြွနဲ့ပေါ့
“ဇန်န၀ါရီ (၂) ရက်နေ့ တောင်တက်မယ်လိုက်မှလား” တဲ့ ကျွန်တော့် ကွန်ပျူတာဆရာမ က...“ဟာလိုက်မှာပေါ့လို့ ”ပြောလိုက်တယ်လေ...ခုတလော အထီးကျန်ခြင်းတွေနဲ့ပြည့်နေတဲ့ ကျွန်တော့ ကို
စစချင်း အဖော်လာပြုလိုက်တဲ့ စကားသံလေ...ဘယ်တောင်တက်မှာလဲ...ကမ္ဘာ့ အံဖွယ်တောင်(လွယ်ဆာတောင်)ထိပ်ကိုတက်မှာတဲ့....နှစ်သစ်ကူးအပျော်လေ ပြီးတော့ဆရာမ မွေးနေ့တဲ့ အင်းကောင်းပါတယ်
ကျွန်တော် အဲ့တောင်ထိပ်ကို မတက်တာ တော်တော်ကြာနေပြီဗျ ဆယ်တန်းအောင်ပြီးခါစ 1998 လောက်မှာ တစ်ခါတက်ဖူးတယ် နောက်တော့မတက်တော့ဘူးလေ....ဒီတစ်ခါတော့ ကျွန်တော့်ဝါသနာအရ
ကင်မရာ နဲ့ရှုခင်းတွေကို ကောင်းကောင်းရိုက်ရမယ် ဆိုပြီး စိတ်ထဲက နေ တော်တော်လေးကို ကျုံးဝါးမိတယ်လေ။
ယခုတက်မည့် ကမ္ဘာ့  အံ့ဖွယ် တောင်ကြီးသည် မိုးကုတ်မြို့  မှ (၁၅)မိုင် မိုးမိတ်မြို့  မှ (၁၅) မိုင်အကွာ နယ်ခြား လွယ်ဆာ(ခ)ရွာသာယာ ကားလမ်းမကြီးမှ စတက်ရလျှင် (၅)မိုင်ခန့်အကွာတွင်တည်ရှိသည်။
ပင်လယ်ရေမျက်နှာပြင်အထက်ပေပေါင်း (၇၈၀၄) ပေ အမြင့်ရှိသော တောင်ထွဋ်ဖြစ်သည်....ဤတောင်ကြီး၏ ရာဇ၀င်မှာလဲ ကောဇာသက္ကရာဇ် ၃၈၀ တွင် မိုးမိတ်မြို့  နယ်ပိုင် စော်ဘွားကြီး ဆေတိုင်ဖ ဦးစီး၍ တရုတ်မင်း
ဥတည်ဘွား နှင့် တိုင်ပင်ကာ ပေ ၇၈၀၄-ပေ အမြင့်ရှိသော ထူးခြားသော တောင်ထူးတောင်မြတ် တောင်ကလပ်ကြီး၏ တောင်ထွဋ် တွင် ဌာပနာ ဓါတ်တော်တိုက်တစ်ခု ပြုလုပ်၍တည်ထားပါသည်....ဤဓါတ်တော်တိုက်ကြီး
ကား နှစ်တွေကြာညောင်း၍ချုံ နွယ်ပိတ်များပိတ်ဖုံးကာ သမိုင်းပင် ပျောက်ကွယ်လုမတက်ဖြစ်ခဲ့ပါသည်....။
ကောဇာသက္ကရာဇ် ၁၃၅၉ ခုနှစ်သို့ ရောက်ရှိသောအခါ မိုးမိတ်မြို့  ရွှေကျောင်း စာသင်တိုက် ပဓါန နာယက ဘဒ္ဒ န္တနာဂသေန(အဂ္ဂမဟာပဏ္ဍိတ) ဆရာတော်ကြီးမှ တောင်ကြီးအား ချုံနွယ်ပိတ်ပေါင်းတို့အား ရှင်းလင်း
ကာ ပြန်လည်ဖော်ထုတ်ပြီး အမြင့်ဥာဏ်တော် ၃၇ -တောင်ရှိသောစေတီတော်ကြီးကို တည်ထားကိုးကွယ်ခဲ့ပါသည်။
ဤတောင် ၏ ထူးခြားချက်မှာ ကျောက်တုံးတစ်တုံး တည်းကပင်လျှင် အမြင့်ပေ (၇၀၀၀)ကျော်ထိ မြင့်တက် တည်ရှိနေပါသည်....။
ဒီလောက်မြင့်တဲ့တောင်ကို တက်နိုင်ပါ့မလား...ပြီးတော့ ကိုတက်ရမဲ့ အဖွဲ့က ကိုကအကြီးဆုံး ဖြစ်နေတယ်..မတက်နိုင်ရင် တော့ဒုက္ခဆိုပြီး ရင်ထဲမှာလဲတော်တော်လေးကို တင်းကြပ်နေမိတယ်လေ....
ဇန်န၀ါရီ (၂) ရက် ...မနက်လေးနာရီနိုးဆက်ပေးထားတော့....ချစ်ညီလေး တေဇာ ကိုနိုးပြီး ထထ တော်နေ ဟိုလုပ်ဒီလုပ်နဲ့နောက်ကျနေမယ်ဆိုပြီး နှစ်ယောက်သား ကုန်းရုန်းထပြီး....ပျာယိပျာယာနဲ့ ထွက်ခဲ့တယ်လေ
ဆရာမ ရဲ့  သင်တန်းကို ရောက်တဲ့အထိ ကျွန်တော့အတွေးက ၀င်လာတယ်...ငါဖြစ်ပါ့မလား ငါဖြစ်ပါ့မလား ဆိုပြီး ဒါပေမဲ့ လူစုနေတုန်းဆရာမ က ဟဲ့ ကိုအောင်ချမ်းသာ ထမင်းကြော်သွားစားမယ်ဆိုပြီး...ခေါ်သွားတယ်..
တဖြည်းတဖြည်းနဲ့...ကလေးတွေလည်းရောက်လာကြတယ်.....အားလုံးထမင်းစားပြီးတော့ ....နာရီကြည့်လိုက်တော့ နံနက် (၅)နာရီခွဲနေပြီ ....မိုးကုတ်ဆောင်းတွင်းမနက်ကတော့ ပြောမနေပါနဲ့ လူကို တစ်ကိုယ်လုံးကျင်
နေတယ် လေ အအေးဓါတ်တွေက ဖုံးလွှမ်းလွန်းအားကြီးတယ်.....
ဆရာမ က တော့ သူ့ထုံးစံအတိုင်းကလေးတွေနဲ့ ပျော်နေတယ်လေ....ကဲ စထွက်မယ်လို့လဲ ပြောလိုက်ရော...ဟာ တစ်ယောက်ကျန်သေးတယ်တဲ့ သူ့ကိုသွားခေါ်ရမှာတဲ့......ဆယ်ကျော်သက်ကလေးလေးတွေ
နဲ့နေရတာလဲ တစ်ခါတလေ ကို့စိတ်ကိုနုပျိုစေတယ်ဆိုတဲ့ စကားက တော်တော်မှန်တာဘဲ...မနက်အစောကြီးကို ဆူညံနေကြပြီ....ထမင်းကြော်ပြီးကျွေးတဲ့ အန်တီ တို့လင်မယားကလဲ ချမ်းချမ်းအေးအေးနဲ့ စေတနာတွေပို
ကာ ဟဲ့ကလေးတွေ စားကြနော် နင်တို့ တောင်တက်ရင် ဗိုက်ဆာမှာနော်..ခုထဲက စားထားကျတဲ့...ကလေးတွေကလည်း အပီလွေးနေလိုက်တာ..ကျွန်တော်တို့ အဆောင်နေတုန်းက သူငယ်ချင်းတွေကို အမှတ်ရမိတယ်လေ...
ဆရာမ က ကိုအောင်ချမ်းသာ ရေ စိတ်ညစ်နေပြီလားတဲ့ အာ ဆရာမကလဲ မညစ်ပါဘူး ကျွန်တောင်ပြန်နုသွားသလိုဘဲလို့..ပြောလိုက်တော့ တစ်ဖွဲ့ လုံးပွဲကျသွားတယ်....
ကဲစထွက်မယ်....ဒီတစ်ခါ တစ်ကယ်ထွက်မှာလားတဲ့ ကလေးတစ်ယောက်က ထပ်ပြီးပွဲသွားကျသွားပြန်ရော ......ကဲကဲ ဆိုင်ကယ်ပေါ်တက်ထွက်မယ်...ဆိုပြီ စထွက်ခဲ့ကျတယ်....တစ်လမ်းလုံး အေးစိမ့်နေတာ...မနက် (၆း၂၀) လောက်
မှာ လွယ်ဆာရွာ(ခ)ရွာသာယာကို ရောက်တယ်လေ....ဒီရွာလေးမှာ က ဈေးဆိုင်လေးတွေရှိတော့ ခဏမီးလုံ အနားယူပြီး စတက်ခဲ့ကြတယ်....တက်တက်ခြင်းတော့ အားကျိုးမာန်တက်နဲ့ပေါ့.........
တဖြေးတဖြေး...နဲ့ လျှာထွက်လာပြီ ကလေးမလေးတွေက အမလေး ဆိုပြီးအော်သူအော်နဲ့ တော်တော်လေး လဲ ပျော်ဖို့ကောင်းတယ်.....ကျွန်တော်ကတော့ ဖြေးဖြေးခြင်းတက်ခဲ့တယ်....တောင်ပေါ်ရောက်ရင် စားရမဲ့ ထမင်းထုပ်တွေ
ကို ကောင်လေးတစ်ယောက်က ကျွန်တော့ကို လာပေးထားတယ် ကိုအောင်ချမ်းသာ က လူကြီးဆိုတော့ ဒါလေးလွယ်ပေးပါတဲ့ ရုပ်က စပ်ဖြဲဖြဲနဲ့...အေးရပါတယ်ကွာ ဆိုပြီး အဲ့ဒီ ကျောပိုးအိတ်ကို လွယ်ခဲ့ တာ အမေလေး
လူကို မနည်းတက်နေရတယ်........ကျွန်တော်အရင်တစ်ခါ တက်တုန်းက တော့ ကို က သူတို့လိုအရွယ်လေ..တော်တော်လေးကို တက်တက်ကြွကြွနဲ့ ပေါ့.....အဲ့ဒီတုန်းက ခုလို တောင်ထိပ်ထိ ကားလမ်းမဖောက်ရသေးဘူးလေ.......
တောလမ်းလေးထဲက နေ တက်ရတယ်....အခန့်မတင့်လို့ လမ်းမှားရင်တော့ ရွာတွေလည်ပြီ.....ခုတော့ ကားလမ်းအတိုင်းဖြေးဖြေးခြင်းတက်လို့ရတယ်လေ...လမ်းမှားစရာအကြောင်းလဲမရှိတော့ဘူးလေ.......
ဟူး တောင်တက်ရင်း ဘေးက ရှုခင်းတွေကို ကင်မရာနဲ့ ရိုက်လိုက်....အလုပ်ရှုပ်နေတဲ့ ကျွန်တော်နဲ့ ကျွန်တော့ချစ်ညီလေး တေဇာက တော့ နောက်ဆုံးပေါ့ဗျာ...တစ်လမ်းလုံး ရိုက်နေလိုက်တာ အားလည်းမနာဘူးတဲ့
ကလေးမလေးတွေက နောက်လိုက်နဲ့ တက်လာခဲ့ တာ တောင်လည်စခန်း(ပန်ထီလာစခန်း) ကိုရောက်တော့ ခဏလေးအနားယူကြတယ်လေ...တောင်ကိုတော့မြင်နေ၇ပြီ....ကလေးမလေးတွေ ကောင်လေးတွေက ဟာ အဲ့တောင်
ကြီးကိုဆက်တက်ရဦးမှာ အမလေး....လို့အော်တဲ့လူကအော်နဲ့....ဆူညံပွက်လောကိုရိုက်နေလိုက်ကျတာ...နားကွဲမတက်ဘဲ။ကဲကဲ ဆက်တက်မယ်ဟေ့ လို့ကျွန်တော်က ပြောလိုက်တော့ ကလေးတွေမျက်နှာက တော်တော်လေး
ကို ရယ်ဖို့ကောင်းတဲ့မျက်နှာလေးတွေနဲ့......ဒါပေမဲ့ သူတို့လေးတွေက တော့ အနားယူပြီးတော့ ပြန်လန်းဆန်းတက်ကြွစွာနဲ့ ကဲဟေ့ လာမဝေးတော့ဘူးလို့အော်ပြီး ဆက်တက်ခဲ့ကြတယ်.....................။
လှုပ်စိလှုပ်စိနဲ့ တက်လာလိုက်ကြတာ...ကဲ ရောက်တော့မယ် နောက်တစ်ကွေ့ ဆိုပြီး တစ်ယောက်က နောက်လိုက်နဲ့ တက်လာလိုက်ကြတာ.... ဘုရားတောင်ထိပ်ကို ရောက်ခဲ့တယ်....အနားယူသူက ယူ တောင်ထိပ်စေတီတော်
ကိုသွား ဖူးတဲ့လူက ဖူး....ကျွန်တော်ကတော့ တောင်ထိပ်လဲရောက်ရော လမ်းမှာချွတ်ထားတဲ့ အင်္ကျီတွေပြန်ဝတ်ပြီး ကင်မရာကို အိတ်ထဲက ထုတ်ပြီး ကျွန်တော့်လုပ်ငန်းကိုစတင်ပါလေရော....လေကလည်း တဖြူးဖြူးနဲ့ တိုက်နေလိုက်
တာ လူတောင်ပါသွားမတက်ဘဲ......အံ့မခန်းစေတီတော်ကြီးကို ခုပြန်လည်ပြုပြင်မွမ်းနေတယ်လေ...တောင်ထိပ်မှာ သွားပြီး မိုးကုတ်-မိုးမိတ် ရှုခင်းတွေကို အားရပါးရ ဓါတ်ပုံတွေ ရိုက်ရလွန်းလို့ ကျွန်တော် ပင်ပန်း ရကျိုး နပ်တယ်
ဒီလို အချိန်ရှုခင်းတွေ ကိုရိုက်ရတာ မြူနေဖုံးနေတဲ့ တောင်တန်းတွေကို ရိုက်ရတာ..တော်တော်လေးကို ပီတိဖြစ်မိတယ်...ပြီးတော့ ဆရာတော်ကို သွားဖူးတော့ ဆရာတော့် ဆုပေးသံကလဲ ပင်ပန်းသမျှကို ပြေပျောက်စေတယ်။
ရင်ထဲမှာ တော့ ဆရာမ မခိုင်ကိုလည်း ကျေးဇူးးတင်နေမိတယ်...သူလာမခေါ်ရင် လည်း ကျွန်တော်ဒီတောင်ကိုတက်ဖို့ဆိုတာမဖြစ်နိုင်ဘူးလေ....သူ့မွေးနေ့မှာ ဒီအံ့မခန်းတောင်ကြီးကိုတက်ဖို့လာခေါ်တဲ့အတွက်...
ဆရာမ မခိုင်ရဲ့မွေးနေ့မှသည် နှောင်နှစ်ပေါင်းများစွာအထိ ပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါသည်။
(P.S) ၂၀၀၉ ခုနှစ် နှစ်သစ်မှာ တောင်တက်ခြင်းသည် မိုးကုတ်မြို့ သူမြို့ သားတွေရဲ့ ထုံးတမ်းဓလေ့ လိုဖြစ်နေပါသည်..ဤပို့စ်ကိုရေးသားရခြင်းမှာ အဝေးရောက် သောမိုးကုတ်မြို့ သူမြို့သားနှင့် ကျွန်တော့် အချစ်ရဆုံးသူငယ်ချင်း
တွေအတွက် အမှတ်တရ ရေးလိုက်ရခြင်းဖြစ်ပါသည်။ နှစ်သစ်မှာ အားလုံးပျော်ရွင်နိုင်ကြပါစေ။ ဗမာပြည်သူအပေါင်းလဲဤနှစ်သစ်မှာ ဆင်းရဲဒုက္ခမှ အမြန်ဆုံးလွတ်မြောက်နိုင်ပါစေ။
ဒါကတော့ ကျွန်တော်နဲ့ အတူတောင်တက်ခဲ့ ကြသော ညီ၊ ညီမလေးများအား အမှတ်တရ
မောတယ်...နားဦးမယ်
ကဲ ပါတာလေးတွေထုပ် စားကြမယ်ဟေ့
မောမောနဲ့စားနေလိုက်ကြတာ
ရာသီ ဥတု အမျိုးမျိုးပြောင်းနေတဲ့ ကမ္ဘာ့ အံ့ဘွယ်တောင်တော်
ဆရာတော်ကို ၀င်ရောက်ဖူးမျှော် ကန်တော့ကြနေစဉ်
စေတီတော်ကြီးအား ပြန်လည်မွမ်းမံနေပုံ မိုးကုတ်ဘက်က ရှုခင်းပုံလေ
ဒါကတော့ မိုးမိတ်ဘက်က ရှုခင်းပုံလေ
ကျောက်သားအမြင့်ပေါ်တွင် တည်ထားသော အံ့ဘွယ်တောင်စေတီတော်
ချစ်ညီလေး တေဇာနဲ့ အမှတ်တရ...မောလွန်းလို့ ဗျာ...
တောင်လယ်စခန်း က လီဆူ ကလေးကလေး
တောင်လယ်စခန်း မရောက်ခင်ခရီးတစ်ထောက်နားမယ်- လူစု ဓါတ်ပုံရိုက်
တောင်လယ်စခန်းကနေ တောင်ထိပ်ကို လှမ်းမြင်နေရပြီ ဆက်တက်ရမယ်
ခဏခဏနားနေလိုက်ကြတာနော်.....
လေးပေါ့…
Saturday, January 3, 2009
(၂၀၀၉) အံ့ဘွယ်တောင်တော်သို့ အမှတ်တရ
Posted by
အောင်ချမ်းသာ
at
8:33 PM
3
comments
Labels: ကိုယ်တွေ့လေးပါဗျာ။
Friday, March 14, 2008
ကျွန်တော်နဲ့ တောင်တန်းများ
(၁၄.၃.၀၈) မနက် (၆)နာရီခွဲ နိုးစက်ကငါ့ ကို နိုးလိုက်တယ်..မနက်ခင်းရဲ့ သန့်ရှင်းလတ်ဆတ်တဲ့ လေနူအေးက ကျွန်တော့်ကို စိတ်အားထက်တန်စေတယ်..မျက်နှာသစ်ပြီး မေ့မေ့
ရဲ့ မနက်ခင်း ထမင်းကြော်ကို အရင် ဆွဲလိုက်တယ်...ထမင်းစားရင်း အင်းငါ့ လူတော့ လက်ဖက်ရည်ဆိုင်မှာ စောင့်နေလောက်ပြီ ဆိုပြီး ထမင်းကြော်ကို ပြာယီးပြာယာ ဆွဲလိုက်တယ်..
မေမေ က နင့်ထမင်းစားတာကလဲ ကျားလိုက်တာကြနေတာဘဲတဲ့..မဟုတ်ဘူးဗျို့ သူငယ်ချင်းစောင့်နေလို့ လို့ ပြောပြီး နွေစံအိမ် လက်ဖက်ရည်ဆိုင်ကို တစ်ချိုးထဲ ပြေးပါလေရော။
ဟိုလည်းရောက် ရော သူငယ်ချင်းက လက်ဖက်ရည်နဲ့ မုန့်တီ သုတ်ဆွဲ နေတယ်..ဟာ ခင်ဗျားရောက်တာကြာပြီလားလို့မေးတော့ အေး (၆)နာရီကတည်းက မင်းကိုစောင့်နေတာတဲ့....
အာ ဆောရီး လို့ ပြော ပြီးလက်ဖက်ရည်တစ်ခွက်ဝင်ဆွဲ လိုက်တယ်..စားသောက်ပြီးတော့ ခဏလောက် စကားလေးပြောပြီး။
(၇း၀၀)ကျော်ကျော်မှာ သူက.. ကဲ တောင်ပေါ်ကိုစတက် ရအောင်လို့ ပြောတယ်...ဒီလိုနဲ့ အောင်ချမ်းသာ ဈေးလမ်းက နေ ပတ်ထွက်ရအောင်လို့ ကျွန်တော်က ပြောလိုက်တယ် ..
ဘာကြောင့်လဲဆိုတော့ ရေသန့်ဗူး ၀ယ်ရအောင်လေလို့..သူက ကောင်းသားဘဲဗျာတဲ့
ဒီလိုနဲ့ အောင်ချမ်းသာ ဈေးလမ်းက နေ ပတ်ထွက်ရအောင်လို့ ကျွန်တော်က ပြောလိုက်တယ် ..ဘာကြောင့်လဲဆိုတော့ ရေသန့်ဗူး ၀ယ်ရအောင်လေလို့..သူက ကောင်းသားဘဲဗျာတဲ့
မနက်ခင်းရဲ့ လေနူအေးလေးနဲ့ လမ်း မ လျှောက်ရတာ တော်တော်ကြာပြီ...လူက လန်းဆန်းတက်ကြွနေတာ..သူကတော့ ကျောပိုးအိတ်ကို ဟိုစမ်းဒီစမ်းနဲ့ပေါ့...နှစ်ယောက်သား
စကားတပြောပြောနဲ့ ကန်တော် ဘုန်းတော်ကြီးကျောင်းကို ကျော်ပြီးတော့ မိုးကုတ်မြို့ရဲ့ ဒုတိယ တောင်တန်းဖြစ်တဲ့ ဇလပ်နီတောင်ကို တက်ဖို့ရာလမ်းတစ်လမ်းဖြစ်တဲ့ ကန်တော် ရှမ်းဘုန်းတော်
ကြီးကျောင်းလမ်းကို စတင်ဖြတ်လျှောက်ခဲ့တယ်.....ကဲမြင်နေပြီ တောင်တက်မဲ့ လမ်းစကို ..သူငယ်ချင်းက ဘယ်လိုတက်မလဲ တဲ့ ခုမြင်နေရတဲ့ မြို့မြင်တောင် လမ်းခွဲကနေတက်ရမယ်အစ်ကိုလို့
ကျွန်တော်က လမ်းညွန်လိုက်တယ်...
နှစ်ယောက်သား တက်ခဲ့တာ မြို့မြင်တောင် လမ်းတစ်ဝက် မှာ ခဏနားပြီးတော့ မိုးကုတ်မြို့ ရဲ့ ရှုခင်းလေးကို ခဏလေး ငှေးမောနေမိတယ်...ကျွန်တော်ကတော့ အကျင့်တိုင်း ကင်မရာ
တစ်လုံးနဲ့ အလုပ်တွေရှုပ်နေမိတယ်...နွေရာသီ ရဲ့ အစပိုင်းကာလ ဆိုတော့ မြူတွေက အုံ့ဆိုင်းနေပြီလေ..မြူတွေက တော်တော်လေးကို အုပ်မိုးထားတယ်...ဓါတ်ပုံကိုမနည်း ရိုက်ယူရတယ်ဗျာ။
ဖြေးဖြေးခြင်းတက်ပါကွာ တဲ့ သူငယ်ချင်းက မင်းမောနေပြီမဟုတ်လား...ခုမှ စတက်နေတာ အကြာကြီးတက်ရအုံးမှာ နော်တဲ့။
ဟား လမ်းခွဲ တွေ့ပြီ ဟိုမှာ တွေ့လားလို့ အားရ၀မ်းသာစွာနဲ့ အော်မိလိုက်တယ်...ညာလမ်းကိုတက်ရမှာ ဘယ်လမ်းဆို မြို့မြင်တောင်ကိုတက်ရမှာ ဒါနဲ့ ညာလမ်းကို ရွေးပြီးတက်လာခဲ့တယ်
တောင်က တော်တော်မတ်တယ်...ဘာကြောင့်ငါ ဒီတောင်ပေါ်ကို ရောက်ချင်ရတာလဲ...လို့ ကို့ကို ကို မေးခွန်းတွေတစ်ပုံကြီးနဲ့ လွန်ဆွဲနေခဲ့တယ်...ဘာကြောင့်တက် ရလဲဆိုတော့ ကျွန်တော့် ရဲ့
ဘလော့ လေးမှာ မိုးကုတ်ပုံ လေးတွေတင် ချင်တာရယ် ပြီးတော့ မိုးကုတ်မြို့ ရဲ့ အရှေ့ တောင်ရိုးကိုဘဲ တက်လို့ရတယ်လေ အနောက်တောင်ရိုးကို မှ တက်လို့မရတာ။
အရင်တစ်ခေါက်က ဒီဇင်ဘာမှာ ကျွန်တော့အဖေနဲ့ သူ့ သူငယ်ချင်းတွေတက် တုန်းက လူကြီးတွေက မိုးကုတ်ရှုခင်းဘယ်လိုလှကြောင်း ဘယ်လိုစွန့်စား ရကြောင်းပြော တော့ အဲဒီမှာတင်
ကျွန်တော် တော်တော်စိတ်ဝင်စား မိသွားတယ်။အဲဒီထဲမှာ စာရေးဆရာ ကိုမျိုးသန့်က အပြောကောင်းတော့ တော်တော် စိတ်ဝင်စားသွားတယ် သူပြောတာ တောင်က လမ်းတစ်ဝက်မှာ တော်တော်
မတ်တယ် ဘေးမှာချောက် တွေနဲ့ လူသွားလမ်းလေးက ကျဉ်းကျဉ်းလေး တော်တော်လန့်စရာကောင်းတယ် မင်းတို့တက်ရင် တွေ့လိမ့်မယ်တဲ့...အင်း ငါလည်း အဲဒီအရာကို ခံစားချင်လို့ တက်လာတာ
ဘဲ...လို့ စိတ်ကို တင်းပြီး ဖြေးဖြေးခြင်းတက်ခဲ့တယ်။
တောင်ရိုးလေးပေါ် ရောက်ပြီ နာရီ ကြည့်လိုက်တော့ (၉း၂၀) ဟာတော်တော်စောသေးတာဘဲ ဒီလိုနဲ့ နှစ်ယောက်သား မိုးကုတ်မြို့ လေးကို အပေါ်ကနေ အားရပါးရ ကြည့်နေမိတယ်
ကျွန်တော်ကတော့ ဓါတ်ပုံတွေ တဖျတ်ဖျတ် အားရပါးရ ရိုက်လိုက်တယ် သူငယ်ချင်းကတော့ သူ့ရဲ့ မှန်ဘီလူး လေးနဲ့ အလုပ်တော်တော်ရှုတ်နေတယ်...အားပါးပါး တော်တော်လှတဲ့ ရှုခင်းကွာ မြူတွေ
တာ အပေါ်ကနေ မအုပ်ထားရင်း တော်တော်လှမှာနော်တဲ့..
ကဲ...ကိုဦးရေ ဆက်လျှောက်ရအောင်ဗျာ..ဟိုဘက် ဘယ်လောက်လျှောက်ရမယ်မသိသေး ဘူးဗျာ..ဒီလိုနဲ့ လျှောက်လာလိုက်တာ ကျွန်တော်တို့ ဇလပ်နီတောင်လေးကို အစအန တောင်
မမြင်ရသေးဘူး...ဒါပေမဲ့ တောင်ကတော့ မတ်မတ်ကြီးမဟုတ်တော့ဘူး...ပြေပြေလေး လျှောက်နေရတယ်....ဒီလိုနဲ့ လမ်းမှာ လီဆူတိုင်းရင်း ကလေးလေးတွေကို မေးပြီး လျှောက်လာခဲ့တယ်
သူတို့က ဦးလေး လမ်းမှားနေပြီ ဇလပ်တောင်ကို ဒီလမ်းအတိုင်းတည့်တည့် သွားရမှာ နောက်ပြီး ခုလမ်းက မက်ကော်လို့ ခေါ်တဲ့ ရှမ်းရွာကို ရောက်သွားမှာတဲ့ နှစ်ယောက်သား ပြန်လှည့် ထွက်
ပြီး ကလေးလေးတွေကို ၀ယ်လာတဲ့ ကိတ်မုန့်တစ်ချို့ကို ပေးကမ်းပြီး ဆက်တက်ခဲ့တယ်....တစ်လမ်းလုံး သစ်ခုတ်တဲ့ သူတွေ က မနည်းဘူးဗျ...ပြီးတော့ တစ်လမ်းလုံးလည်း တောင်ယာတွေ
မီးရှို့ထားကြတာတော်တော်ကို ဆိုးတယ်ဗျာ။
သဘာဝပတ်ဝန်းကျင် ထိန်းရေးတာ တဖွတဖွ ပြောနေတာ ခုကြတော့လည်း ဘာမှမရှိတော့ဘူး သစ်ပင်တွေက မြေသြဇာ ဖြစ်နေလောက်ပြီ။တော်တော်ဆိုး တဲ့ တောင်ယာမီးရှို့မှုဘဲ။
သူငယ်ချင်းကတော့ သူ့စိတ်ကူးနဲ့ သူ နှစ်ယောက်သား စကားမပြောဘဲ တက်လာလိုက်ကြတာ ဇလပ်နီတောင်ရဲ့ အခြေကို ရောက်ခဲ့ပြီ...ကျွန်တော်က ကိုဦးရေ ...ထမင်းဆွဲရမယ်ထင်တယ်
ဗိုက်ဆာပြီလို့ပြောတော့ သူက ရှုခင်းကောင်းတဲ့နေရာ မှာ ထိုင်စားစမ်းပါတဲ့ ဒီလိုနဲ့ နေရာရှာ ပြီးတက်လာခဲ့တယ် နာရီဝက်လောက်ကြာလိုက်တယ်ထင်တယ်...တွေ့ပြီ တွေ့ပြီ နေရာ...
ကျွန်တော့ဗိုက်ကို ဖြည့်ပေးမဲ့ နေရာ..အားပါးပါး လှလိုက်တဲ့ နေရာ ဘေးက ချောက်ကလည်း တော်တော်နက်တယ် ....ဒါပေမဲ့ ကျောက်ဖျာကြီးဘေးမှာ လေ။
တော်တော်ဟန်ကျတယ် ဒါပေမဲ့ မတ်တတ်မရပ် ရဲဘူးဗျ ဘေးက ချောက် က ပေ(၂၀၀၀)လောက်၇ှိမယ်ထင်တယ်...နက်လားမနက်လား သစ်ပင်တွေတောင် တည့်တည့်မပေါက်တော့ဘူး
ပေကတော်တော် မြင့်နေတယ်... လတ်ဆတ်တဲ့ လေနူအေးက လည်း တရကြမ်းကို တိုက်ခတ်နေတယ်...ရှုခင်းလည်းကြည့်ထမင်း လည်းစား တော်တော်ကို စိမ်ကျနေမိတယ်..အဲဒီမှာ ကိုဦးက
အေး အမြင့်ရောက်ရင် ပြန်မဆင်းချင်တာ ဒါကြောင့်ကိုးတဲ့..တော်တော်ကို နေလို့ကောင်းတာကိုးတဲ့။
ထမင်းစားပြီး လို့ တအောင့်လောက်ကြာတော့ ခရီးဆက်ခဲ့ ကြတယ် ဒီတခါတော့ တောင်ပတ်လမ်းကို လျှောက်ရမှာ လမ်းက (၂)ပေ လောက်ဘဲ ဘေးက တော့ ချောက်နက်ကြီးပေါ့
လူက အဲဒီလမ်းကို စလျှောက်တော့ ဒူးတွေဘာတွေတုန်နေတယ် ရင်ထဲမှာ လည်းဘယ်လိုကြီးမှန်းမသိ ကြောက်နေမိတယ် နှစ်ယောက်သား ဖြေးဖြေးခြင်း လျှောက်ခဲ့တယ်...တစ်ဖက်က ချောက်
အလွန်မှာ ရှမ်း၊ပလောင် တို့ရဲ့ လှေကားထစ် စိုက်ခင်းလေးတွေကို အပေါ်က နေ သေးသေးလေး မြင်နေရတယ်။လှေကားထစ် စိုက်ခင်း က ကွန်တို မြေပုံလိုလေး တော်တော်ကိုလှတယ်ဗျာ။
လမ်းကျဉ်းလေးကို ကျော်လွန်ပြီး ကျွန်တော်တို့ ရောက်ချင်တဲ့ ဇလပ်နီတောင်ကြီးကိုတော့မြင်နေရပြီ ဒါပေမဲ့ သူ့အောက်က တောင်ကြီးက တော့ တောမီးရှို့ ဒဏ်ကို အလူးအလဲခံထားရလို့
တစ်တောင်လုံးမဲ နေတယ်။တော်တော်ကို ကြောက်စရာ ကောင်းတဲ့ တောင်ကြီးဗျာ..မဲတူးနေတာဘဲ။ ရောက်ခါနီးမှ လမ်းသွယ်လေးတွေက ပေါလိုက်တာ ဘယ်လမ်းကို ရွေးရမလဲကို မသိတာ..နဲ့
လမ်းတစ်ခုကို ရွေးပြီး လျှောက်ခဲ့တယ် ဒါပေမဲ့ လမ်းကမှားနေလို့ တော်တော် ပြန်တက်ခဲ့ရတယ် လမ်းမှားတဲ့ လမ်းမှာ တွေ့ ရတဲ့ ရှုခင်းကလည်း တော်တော်ကိုလှတယ် ဗျာ ...ချုံနွယ်လေးနဲ့ ပိန်းနေတာ
ကိုက ပန်းချီကား တစ်ချပ်ကို ကြည့်နေရသလိုဘဲ။
လမ်းမှားတဲ့ အခြေအနေကို တော်တော်လေး ခံလိုက်ရတယ် သစ်ပင်တွေ ထူနေတော့ တောင်တွေကိုတောင်မမြင်ရတော့ဘူး...လာလမ်းအတိုင်းလည်း ပြန်တက်ခဲ့တယ် အဲဒီအချိန်မှာ
ဘွားကနဲဆို ဇလပ်နီတောင်ကြီးကို မြင်လိုက်ရ တော့တော်တော် လေး ပီတိဖြစ်မိတယ်။ သူငယ်ချင်းက အဲဒီအချိန်မှာ ပြောလိုက်တာကတော့ တောင်ကြီးဖ၀ါးအောက်ပါ ကွာတဲ့.....
မဖြစ်နိုင်ဘူးဆိုတာ မရှိဘူးလို့ အော်နေတယ်......ကျွန်တော်လည်း ၀မ်းသာလွန်းလို့ ဓါတ်ပုံတွေ အပြတ်ရိုက်ခဲ့လိုက်တယ်။
ဇလပ်နီတောင် ပေါ်မှာက မိုးကုတ်တစ်မြို့  လုံးရဲ့ တယ်လီဖုန်းဆက်သွယ်ရေး တာဝါတိုင်ကြီး ရှိတယ်လေ။တောင်ပေါ်ကနေ မြို့လေးကို လှမ်းကြည့်လိုက်တော့ သေးသေးမှုန်မှုန်လေးဘဲမြင်
ရတယ် ရှုခင်းကတော့ ဗျာ ပြောစရာမရှိ အောင်ကို ဘဲဗျာ...နှစ်ခါမရနိုင် တဲ့ ပန်းချီကားတစ်ချပ်ကို ကြည့်ရသလိုဘဲ....တော်တော်လေးကို မှော်ဆန်တယ်လို့ ပြောလိုက်ချင်တယ်ဗျာ။
ဒါပေမဲ့ တောင်တက်ရတာ တော့ ဟုတ်ပါပြီ ရင်ထဲမှာ မကျေနပ်တာကတော့ သဘာဝပတ်ဝန်းကျင် ကိုဆက်လက်ထိန်းသိမ်းနိုင်မလားဆိုတာပါဘဲ........
Posted by
အောင်ချမ်းသာ
at
5:17 PM
0
comments
Labels: ကိုယ်တွေ့လေးပါဗျာ။