Saturday, January 3, 2009

(၂၀၀၉) အံ့ဘွယ်တောင်တော်သို့ အမှတ်တရ

ကမ္ဘာ့အံ့ဖွယ်တောင် ရဲ့ တောင်လယ်စခန်း (ပန်ထီလာစခန်း)
မနက် (၄)နာရီ ခွဲ လူစ စုကြတယ်လေ ဆရာမအိမ်ရှေ့မှာ

ရွာသာယာ ခေါ် လွယ်ဆာ ရွာ သို့ရောက်ပြီ

စစတက်ခြင်းတော့ တက်တက်ကြွကြွနဲ့ပေါ့

“ဇန်န၀ါရီ (၂) ရက်နေ့ တောင်တက်မယ်လိုက်မှလား” တဲ့ ကျွန်တော့် ကွန်ပျူတာဆရာမ က...“ဟာလိုက်မှာပေါ့လို့ ”ပြောလိုက်တယ်လေ...ခုတလော အထီးကျန်ခြင်းတွေနဲ့ပြည့်နေတဲ့ ကျွန်တော့ ကို
စစချင်း အဖော်လာပြုလိုက်တဲ့ စကားသံလေ...ဘယ်တောင်တက်မှာလဲ...ကမ္ဘာ့ အံဖွယ်တောင်(လွယ်ဆာတောင်)ထိပ်ကိုတက်မှာတဲ့....နှစ်သစ်ကူးအပျော်လေ ပြီးတော့ဆရာမ မွေးနေ့တဲ့ အင်းကောင်းပါတယ်
ကျွန်တော် အဲ့တောင်ထိပ်ကို မတက်တာ တော်တော်ကြာနေပြီဗျ ဆယ်တန်းအောင်ပြီးခါစ 1998 လောက်မှာ တစ်ခါတက်ဖူးတယ် နောက်တော့မတက်တော့ဘူးလေ....ဒီတစ်ခါတော့ ကျွန်တော့်ဝါသနာအရ
ကင်မရာ နဲ့ရှုခင်းတွေကို ကောင်းကောင်းရိုက်ရမယ် ဆိုပြီး စိတ်ထဲက နေ တော်တော်လေးကို ကျုံးဝါးမိတယ်လေ။
ယခုတက်မည့် ကမ္ဘာ့  အံ့ဖွယ် တောင်ကြီးသည် မိုးကုတ်မြို့  မှ (၁၅)မိုင် မိုးမိတ်မြို့  မှ (၁၅) မိုင်အကွာ နယ်ခြား လွယ်ဆာ(ခ)ရွာသာယာ ကားလမ်းမကြီးမှ စတက်ရလျှင် (၅)မိုင်ခန့်အကွာတွင်တည်ရှိသည်။
ပင်လယ်ရေမျက်နှာပြင်အထက်ပေပေါင်း (၇၈၀၄) ပေ အမြင့်ရှိသော တောင်ထွဋ်ဖြစ်သည်....ဤတောင်ကြီး၏ ရာဇ၀င်မှာလဲ ကောဇာသက္ကရာဇ် ၃၈၀ တွင် မိုးမိတ်မြို့  နယ်ပိုင် စော်ဘွားကြီး ဆေတိုင်ဖ ဦးစီး၍ တရုတ်မင်း
ဥတည်ဘွား နှင့် တိုင်ပင်ကာ ပေ ၇၈၀၄-ပေ အမြင့်ရှိသော ထူးခြားသော တောင်ထူးတောင်မြတ် တောင်ကလပ်ကြီး၏ တောင်ထွဋ် တွင် ဌာပနာ ဓါတ်တော်တိုက်တစ်ခု ပြုလုပ်၍တည်ထားပါသည်....ဤဓါတ်တော်တိုက်ကြီး
ကား နှစ်တွေကြာညောင်း၍ချုံ နွယ်ပိတ်များပိတ်ဖုံးကာ သမိုင်းပင် ပျောက်ကွယ်လုမတက်ဖြစ်ခဲ့ပါသည်....။
ကောဇာသက္ကရာဇ် ၁၃၅၉ ခုနှစ်သို့ ရောက်ရှိသောအခါ မိုးမိတ်မြို့  ရွှေကျောင်း စာသင်တိုက် ပဓါန နာယက ဘဒ္ဒ န္တနာဂသေန(အဂ္ဂမဟာပဏ္ဍိတ) ဆရာတော်ကြီးမှ တောင်ကြီးအား ချုံနွယ်ပိတ်ပေါင်းတို့အား ရှင်းလင်း
ကာ ပြန်လည်ဖော်ထုတ်ပြီး အမြင့်ဥာဏ်တော် ၃၇ -တောင်ရှိသောစေတီတော်ကြီးကို တည်ထားကိုးကွယ်ခဲ့ပါသည်။
ဤတောင် ၏ ထူးခြားချက်မှာ ကျောက်တုံးတစ်တုံး တည်းကပင်လျှင် အမြင့်ပေ (၇၀၀၀)ကျော်ထိ မြင့်တက် တည်ရှိနေပါသည်....။
ဒီလောက်မြင့်တဲ့တောင်ကို တက်နိုင်ပါ့မလား...ပြီးတော့ ကိုတက်ရမဲ့ အဖွဲ့က ကိုကအကြီးဆုံး ဖြစ်နေတယ်..မတက်နိုင်ရင် တော့ဒုက္ခဆိုပြီး ရင်ထဲမှာလဲတော်တော်လေးကို တင်းကြပ်နေမိတယ်လေ....
ဇန်န၀ါရီ (၂) ရက် ...မနက်လေးနာရီနိုးဆက်ပေးထားတော့....ချစ်ညီလေး တေဇာ ကိုနိုးပြီး ထထ တော်နေ ဟိုလုပ်ဒီလုပ်နဲ့နောက်ကျနေမယ်ဆိုပြီး နှစ်ယောက်သား ကုန်းရုန်းထပြီး....ပျာယိပျာယာနဲ့ ထွက်ခဲ့တယ်လေ
ဆရာမ ရဲ့  သင်တန်းကို ရောက်တဲ့အထိ ကျွန်တော့အတွေးက ၀င်လာတယ်...ငါဖြစ်ပါ့မလား ငါဖြစ်ပါ့မလား ဆိုပြီး ဒါပေမဲ့ လူစုနေတုန်းဆရာမ က ဟဲ့ ကိုအောင်ချမ်းသာ ထမင်းကြော်သွားစားမယ်ဆိုပြီး...ခေါ်သွားတယ်..
တဖြည်းတဖြည်းနဲ့...ကလေးတွေလည်းရောက်လာကြတယ်.....အားလုံးထမင်းစားပြီးတော့ ....နာရီကြည့်လိုက်တော့ နံနက် (၅)နာရီခွဲနေပြီ ....မိုးကုတ်ဆောင်းတွင်းမနက်ကတော့ ပြောမနေပါနဲ့ လူကို တစ်ကိုယ်လုံးကျင်
နေတယ် လေ အအေးဓါတ်တွေက ဖုံးလွှမ်းလွန်းအားကြီးတယ်.....
ဆရာမ က တော့ သူ့ထုံးစံအတိုင်းကလေးတွေနဲ့ ပျော်နေတယ်လေ....ကဲ စထွက်မယ်လို့လဲ ပြောလိုက်ရော...ဟာ တစ်ယောက်ကျန်သေးတယ်တဲ့ သူ့ကိုသွားခေါ်ရမှာတဲ့......ဆယ်ကျော်သက်ကလေးလေးတွေ
နဲ့နေရတာလဲ တစ်ခါတလေ ကို့စိတ်ကိုနုပျိုစေတယ်ဆိုတဲ့ စကားက တော်တော်မှန်တာဘဲ...မနက်အစောကြီးကို ဆူညံနေကြပြီ....ထမင်းကြော်ပြီးကျွေးတဲ့ အန်တီ တို့လင်မယားကလဲ ချမ်းချမ်းအေးအေးနဲ့ စေတနာတွေပို
ကာ ဟဲ့ကလေးတွေ စားကြနော် နင်တို့ တောင်တက်ရင် ဗိုက်ဆာမှာနော်..ခုထဲက စားထားကျတဲ့...ကလေးတွေကလည်း အပီလွေးနေလိုက်တာ..ကျွန်တော်တို့ အဆောင်နေတုန်းက သူငယ်ချင်းတွေကို အမှတ်ရမိတယ်လေ...
ဆရာမ က ကိုအောင်ချမ်းသာ ရေ စိတ်ညစ်နေပြီလားတဲ့ အာ ဆရာမကလဲ မညစ်ပါဘူး ကျွန်တောင်ပြန်နုသွားသလိုဘဲလို့..ပြောလိုက်တော့ တစ်ဖွဲ့ လုံးပွဲကျသွားတယ်....
ကဲစထွက်မယ်....ဒီတစ်ခါ တစ်ကယ်ထွက်မှာလားတဲ့ ကလေးတစ်ယောက်က ထပ်ပြီးပွဲသွားကျသွားပြန်ရော ......ကဲကဲ ဆိုင်ကယ်ပေါ်တက်ထွက်မယ်...ဆိုပြီ စထွက်ခဲ့ကျတယ်....တစ်လမ်းလုံး အေးစိမ့်နေတာ...မနက် (၆း၂၀) လောက်
မှာ လွယ်ဆာရွာ(ခ)ရွာသာယာကို ရောက်တယ်လေ....ဒီရွာလေးမှာ က ဈေးဆိုင်လေးတွေရှိတော့ ခဏမီးလုံ အနားယူပြီး စတက်ခဲ့ကြတယ်....တက်တက်ခြင်းတော့ အားကျိုးမာန်တက်နဲ့ပေါ့.........
တဖြေးတဖြေး...နဲ့ လျှာထွက်လာပြီ ကလေးမလေးတွေက အမလေး ဆိုပြီးအော်သူအော်နဲ့ တော်တော်လေး လဲ ပျော်ဖို့ကောင်းတယ်.....ကျွန်တော်ကတော့ ဖြေးဖြေးခြင်းတက်ခဲ့တယ်....တောင်ပေါ်ရောက်ရင် စားရမဲ့ ထမင်းထုပ်တွေ
ကို ကောင်လေးတစ်ယောက်က ကျွန်တော့ကို လာပေးထားတယ် ကိုအောင်ချမ်းသာ က လူကြီးဆိုတော့ ဒါလေးလွယ်ပေးပါတဲ့ ရုပ်က စပ်ဖြဲဖြဲနဲ့...အေးရပါတယ်ကွာ ဆိုပြီး အဲ့ဒီ ကျောပိုးအိတ်ကို လွယ်ခဲ့ တာ အမေလေး
လူကို မနည်းတက်နေရတယ်........ကျွန်တော်အရင်တစ်ခါ တက်တုန်းက တော့ ကို က သူတို့လိုအရွယ်လေ..တော်တော်လေးကို တက်တက်ကြွကြွနဲ့ ပေါ့.....အဲ့ဒီတုန်းက ခုလို တောင်ထိပ်ထိ ကားလမ်းမဖောက်ရသေးဘူးလေ.......
တောလမ်းလေးထဲက နေ တက်ရတယ်....အခန့်မတင့်လို့ လမ်းမှားရင်တော့ ရွာတွေလည်ပြီ.....ခုတော့ ကားလမ်းအတိုင်းဖြေးဖြေးခြင်းတက်လို့ရတယ်လေ...လမ်းမှားစရာအကြောင်းလဲမရှိတော့ဘူးလေ.......
ဟူး တောင်တက်ရင်း ဘေးက ရှုခင်းတွေကို ကင်မရာနဲ့ ရိုက်လိုက်....အလုပ်ရှုပ်နေတဲ့ ကျွန်တော်နဲ့ ကျွန်တော့ချစ်ညီလေး တေဇာက တော့ နောက်ဆုံးပေါ့ဗျာ...တစ်လမ်းလုံး ရိုက်နေလိုက်တာ အားလည်းမနာဘူးတဲ့
ကလေးမလေးတွေက နောက်လိုက်နဲ့ တက်လာခဲ့ တာ တောင်လည်စခန်း(ပန်ထီလာစခန်း) ကိုရောက်တော့ ခဏလေးအနားယူကြတယ်လေ...တောင်ကိုတော့မြင်နေ၇ပြီ....ကလေးမလေးတွေ ကောင်လေးတွေက ဟာ အဲ့တောင်
ကြီးကိုဆက်တက်ရဦးမှာ အမလေး....လို့အော်တဲ့လူကအော်နဲ့....ဆူညံပွက်လောကိုရိုက်နေလိုက်ကျတာ...နားကွဲမတက်ဘဲ။ကဲကဲ ဆက်တက်မယ်ဟေ့ လို့ကျွန်တော်က ပြောလိုက်တော့ ကလေးတွေမျက်နှာက တော်တော်လေး
ကို ရယ်ဖို့ကောင်းတဲ့မျက်နှာလေးတွေနဲ့......ဒါပေမဲ့ သူတို့လေးတွေက တော့ အနားယူပြီးတော့ ပြန်လန်းဆန်းတက်ကြွစွာနဲ့ ကဲဟေ့ လာမဝေးတော့ဘူးလို့အော်ပြီး ဆက်တက်ခဲ့ကြတယ်.....................။
လှုပ်စိလှုပ်စိနဲ့ တက်လာလိုက်ကြတာ...ကဲ ရောက်တော့မယ် နောက်တစ်ကွေ့ ဆိုပြီး တစ်ယောက်က နောက်လိုက်နဲ့ တက်လာလိုက်ကြတာ.... ဘုရားတောင်ထိပ်ကို ရောက်ခဲ့တယ်....အနားယူသူက ယူ တောင်ထိပ်စေတီတော်
ကိုသွား ဖူးတဲ့လူက ဖူး....ကျွန်တော်ကတော့ တောင်ထိပ်လဲရောက်ရော လမ်းမှာချွတ်ထားတဲ့ အင်္ကျီတွေပြန်ဝတ်ပြီး ကင်မရာကို အိတ်ထဲက ထုတ်ပြီး ကျွန်တော့်လုပ်ငန်းကိုစတင်ပါလေရော....လေကလည်း တဖြူးဖြူးနဲ့ တိုက်နေလိုက်
တာ လူတောင်ပါသွားမတက်ဘဲ......အံ့မခန်းစေတီတော်ကြီးကို ခုပြန်လည်ပြုပြင်မွမ်းနေတယ်လေ...တောင်ထိပ်မှာ သွားပြီး မိုးကုတ်-မိုးမိတ် ရှုခင်းတွေကို အားရပါးရ ဓါတ်ပုံတွေ ရိုက်ရလွန်းလို့ ကျွန်တော် ပင်ပန်း ရကျိုး နပ်တယ်
ဒီလို အချိန်ရှုခင်းတွေ ကိုရိုက်ရတာ မြူနေဖုံးနေတဲ့ တောင်တန်းတွေကို ရိုက်ရတာ..တော်တော်လေးကို ပီတိဖြစ်မိတယ်...ပြီးတော့ ဆရာတော်ကို သွားဖူးတော့ ဆရာတော့် ဆုပေးသံကလဲ ပင်ပန်းသမျှကို ပြေပျောက်စေတယ်။
ရင်ထဲမှာ တော့ ဆရာမ မခိုင်ကိုလည်း ကျေးဇူးးတင်နေမိတယ်...သူလာမခေါ်ရင် လည်း ကျွန်တော်ဒီတောင်ကိုတက်ဖို့ဆိုတာမဖြစ်နိုင်ဘူးလေ....သူ့မွေးနေ့မှာ ဒီအံ့မခန်းတောင်ကြီးကိုတက်ဖို့လာခေါ်တဲ့အတွက်...
ဆရာမ မခိုင်ရဲ့မွေးနေ့မှသည် နှောင်နှစ်ပေါင်းများစွာအထိ ပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါသည်။

(P.S) ၂၀၀၉ ခုနှစ် နှစ်သစ်မှာ တောင်တက်ခြင်းသည် မိုးကုတ်မြို့ သူမြို့ သားတွေရဲ့ ထုံးတမ်းဓလေ့ လိုဖြစ်နေပါသည်..ဤပို့စ်ကိုရေးသားရခြင်းမှာ အဝေးရောက် သောမိုးကုတ်မြို့ သူမြို့သားနှင့် ကျွန်တော့် အချစ်ရဆုံးသူငယ်ချင်း
တွေအတွက် အမှတ်တရ ရေးလိုက်ရခြင်းဖြစ်ပါသည်။ နှစ်သစ်မှာ အားလုံးပျော်ရွင်နိုင်ကြပါစေ။ ဗမာပြည်သူအပေါင်းလဲဤနှစ်သစ်မှာ ဆင်းရဲဒုက္ခမှ အမြန်ဆုံးလွတ်မြောက်နိုင်ပါစေ။



ဒါကတော့ ကျွန်တော်နဲ့ အတူတောင်တက်ခဲ့ ကြသော ညီ၊ ညီမလေးများအား အမှတ်တရ


မောတယ်...နားဦးမယ်










ကဲ ပါတာလေးတွေထုပ် စားကြမယ်ဟေ့

မောမောနဲ့စားနေလိုက်ကြတာ

ရာသီ ဥတု အမျိုးမျိုးပြောင်းနေတဲ့ ကမ္ဘာ့ အံ့ဘွယ်တောင်တော်

ဆရာတော်ကို ၀င်ရောက်ဖူးမျှော် ကန်တော့ကြနေစဉ်




စေတီတော်ကြီးအား ပြန်လည်မွမ်းမံနေပုံ

မိုးကုတ်ဘက်က ရှုခင်းပုံလေ



ဒါကတော့ မိုးမိတ်ဘက်က ရှုခင်းပုံလေ
ကျောက်သားအမြင့်ပေါ်တွင် တည်ထားသော အံ့ဘွယ်တောင်စေတီတော်





ချစ်ညီလေး တေဇာနဲ့ အမှတ်တရ...မောလွန်းလို့ ဗျာ...


တောင်လယ်စခန်း က လီဆူ ကလေးကလေး
တောင်လယ်စခန်း မရောက်ခင်ခရီးတစ်ထောက်နားမယ်- လူစု ဓါတ်ပုံရိုက်

တောင်လယ်စခန်းကနေ တောင်ထိပ်ကို လှမ်းမြင်နေရပြီ ဆက်တက်ရမယ်

ခဏခဏနားနေလိုက်ကြတာနော်.....
လေးပေါ့…


3 comments:

Unknown said...

အားကျလိုက်တာ....ပြီးတော့ လေးစားတယ်ကွာ...
လူငယ်တွေ ကြိုးစားတာ ၊ စည်းရုံးတာ တွေ.ရတော့...ဝမ်းသာမိတယ်...

ဆက်လက်ပြီး....လေ့လာ စူးစမ်း အောင်မြင်တိုးတက်နိုင်ပါစေနော်......

su wai said...

နောက်နှစ်ကျရင် မိုးကုတ်က တောင်တက်အဖွဲ့နဲ့ နှစ်သစ်ကူးလာပျော်မှ ထင်တယ် အကိုရေ… အဲဒီလို တောလမ်း တောင်လမ်းခရီးတွေ သွားရတာ အရမ်းသဘောကျတယ်… လွယ်ဆာတောင်တက်ခရီး မှတ်တမ်းနဲ့ ဓါတ်ပုံတွေအတွက် အကို့ကို ကျေးဇူးတင်ပါတယ်… စာဖတ်ရင်းနဲ့ တောင်တက်အဖွဲ့မှာ ကိုယ်ပါ ပါဝင်သွားသလို ခံစားရတယ်… တောင်ရဲ့ရာဇ၀င်နဲ့ ထူးခြားချက်ကို သိရတဲ့အတွက်လဲ ဗဟုသုတ ရပါတယ်… ဥာဏ်တော် ၃၇ တောင်ရှိတဲ့ တောင်ထိပ်က စေတီတော်ကြီးကိုလဲ ဖူးချင်ပါတယ်… ဓါတ်ပုံရိုက်ခဲ့တာရှိရင် တင်ပေးပါဦးနော်။

ခရီးသွားဓါတ်ပုံမှတ်တမ်းတွေကို သဘောကျတဲ့
ဆုဝေ

Unknown said...

ကိုအောင်ချမ်းသာရေ စာတွေတစ်ဝကြီးဖတ်ပြီး ဓာတ်ပုံတွေ
လည်းတစ်ဝကြီးကြည့်သွားတယ်ဗျာ လွမ်းလိုက်တာမိုးကုတ်ကို အစ်ကိုပြောတဲ့တောင်ကို အဝေးကပဲလှမ်းငေးဖူးခဲ့တယ် မရောက်ဖူးခဲ့ဘူး အစ်ကိုရေးတာတွေဖတ်ရတော့ ကိုယ်တိုင်တောင်ပေါ်တက်ရသလိုပါပဲဗျာ ဓာတ်ပုံတွေကြည့်မိတော့လည်း သူငယ်ချင်းတွေကိုပို့လို့လွမ်းဆွတ်စေပါတယ် အင်းကျွန်တော်လည်း မွေးရပ်လေးကို ပြန်ရောက်ဖြစ်မှပဲ
အဲ့ဒီတောင်ပေါ်ကိုသွားဖြစ်အောင်တော့သွားပါဦးမယ် ကျေးဇူးဗျားမိုးကုတ်အကြောင်းလေးတွေများများဆက်ရေးနိုင်
ပါစေ ကိုချမ်းသာ ပုံတွေလည်းများများတင်နိုင်ပါစေ
အလွမ်းပြေစရာဒါလေးတွေနဲ့ပဲဖြည်သိမ့်နေရတာ နယ်သားရေ ..... ကောင်းသောနေ့ပါဗျာ ဒါနဲ့မိုးကုတ်ပြန်လာမယ့်လူကြုံရှိတုန်းလေး လက်ဆောင်ထည့်လေးလိုက်ချင်လို့ ကိုချမ်းသာ Gtalk
account ရှိရင်ပေးပါလား နယ်သား မိုးကုတ်မီးတောက်လောက်တော့မပြင်းဘူး ဒါပေမဲ့ ဂွတ်တယ်နယ်သား ချမယ်ဆိုရင် တော့ ထည့်ပေးလိုက်မယ်နယ် မိတ်ဖြစ်ဆွေဖြစ်ပေါ့နယ်သားရာ ကျွန်တော်က အနောက်ပိုင်းကပါ ဒါပေမယ့် ခုတော့အဝေးမှာ ကျနော့်နစ်ကတော့ ploat.toat@gmail.com
ဆုံဖြစ်ဦးမှာပါ တစ်နေ့ပေါ့ နယ်ရေ ချမယ်ဆိုရင်တော့
ဘော်ကာ တစ်လုံးထည့်ပေးလိုက်မယ်နော :)
စီပုံးမှာလာအော်လည်းရတယ် လူကြုံကတော့နောက်လမှပြန်လာမှာ မြို့မထဲကပဲ :)
ကောင်းသောနေ့ဗျာနယ် ဆုံကြပါဦးစို့ :)