Tuesday, December 9, 2008

၁၀၉/၁၁၀ နှင့် မောင်အောင်ချမ်းသာ တို့ မြို့ 


မိုးကုတ်စီးပွားရေး ဒီလိုမျိုး ပြန်စည်နိုင်ပါ့ မလားကွယ်


၁၀၉/၁၁၀ လုပ်နေတာခုဆို ဘာလိုလိုနဲ့ သုံးလပြည့်တော့မယ်...ဘယ်မှာလဲ အလုပ်
ဘယ်မှာလဲ အချိန် ဟိုလိုဒီလို လက်ညိုးညွန်ရင်း နဲ့ လေပေနေတဲ့ ဘ၀ ကို ကျောက်ချထားတာ
ရက်ပေါင်း ၉၀ ရှိခဲ့ပြီလေ။တောင်ပေါ်ဒေသ ဖြစ်တဲ့ မိုးကုတ်မှာက စီးပွားရေးဆိုလို့ တစ်လမ်းဘဲ
ရှိတယ် ကျောက်လုပ်ငန်းလေ ခုကျောက်ဈေးကအေးတော့ တစ်မြို့ လုံးကလူတွေ အားလုံး
၁၀၉/၁၁၀ ဖြစ်နေကျတယ်လေ....
မြို့  လေးရဲ့  စီးပွားအချက်အချာဖြစ်တဲ့ ဌာပွဲ ဆိုတာလဲ ကန္တာရဆန်ဆန်ဖြစ်နေတာကြာ
ပြီ...တကွင်းလုံးလဲ ထီးဘဲကျန်တော့တယ်...ဘယ်သူမှ ဌာပွဲကို မလာကြတော့ဘူးလေ ခုတောင်
ပန်းခြံထာပွဲ ကို ကန်ထရိုက်ဆွဲထားတဲ့ ပိုင်ရှင်ကြီးက ခုလ ကုန်ရင် ဆက်လက်ပြီး ကန်ထရိုက်မယူ
တော့ဘူးတဲ့ ....ဟုတ်တော့လဲ ဟုတ်ပါတယ်လေ...အရင်ကဆို ထာပွဲ ကျောက်ဝိုင်းထဲ မှာ လူတစ်
ယောက်ကိုရှာဖို့ဆိုတာ တော်တော်လေးကို ခက်ခဲတယ် ခုတော့ ဘောလုံးကွင်းလောက်ရှိတဲ့ ကွင်း
ကြီးထဲမှာ မျက်စိမှိတ်လမ်းလျှောက်ရင်တောင် ခလုတ်တိုက်မိဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။
ဘယ်လောက်ထိများ စီးပွားရေးကောင်းလဲဆို ဒါကိုဘဲစဉ်းစားကြည့်ပေါ့....။
ခုပိုဆိုးတာက တစ်ကမ္ဘာလုံး စီးပွားရေးကပ်က ဆိုဒ်နေတော့ ကျွန်တော်တို့ တောင်ပေါ်
မြို့ လေး လဲအဲ့ဒီဒဏ်ကို ကြံ့  ကြံ့  မခံနိုင်တော့ဘူးလေ ရှိတာမှ စီးပွားရေးက တစ်လမ်းတည်းပါဆိုမှ ခုတော့
ပိုးဆိုးပက်စက် ပက်လက်ကိုလန်ပါလေရော........



ကျွန်တော်ဟိုတလောက အလုပ်လိုက်ရှာတယ် ဒါပေမဲ့ ရတာနဲ့ မကာမိဘူး စားစရိတ်ဆို
တဲ့ ကုန်ဈေးနှုန်းကလဲ ဒီရေလိုတက်လာတော့ မကိုက်ဘူးဖြစ်နေပြန်ရော ကြာတော့ အိမ်ကထမင်း
ကျွေးထားတဲ့ မိဘ နှစ်ပါးကိုတောင် အားနာလာတယ်....
မနက်မိုးလင်း ရင် လက်ဖက်ရည်တောင်နှပ်မမှန်တော့ဘူးလေ...ခုတောင် သူငယ်ချင်းတွေ
တိုက်တဲ့ လက်ဖက်ရည်လေးနဲ့ ပြည့်စုံနေရတယ်...ဒီလိုတိုင်းတာ ဘ၀ကြီးကိုဖြတ်သန်းနေရ ရင်တော့
ဘယ်မှာလဲ တိုးတက်မှု ဘယ်မှာလဲ အောင်မြင်မှု ဆိုတာ ပုံပြင်တစ်ပုဒ်လို ဖြစ်သွားတယ်...ကျွန်တော့
စိတ်တွေဟာ ပင်လယ်မျက်နှာပြင် အောက်ရောက်နေတာ ရက်စွဲပေါင်းမနည်းတော့ ဘူး။
ကျွန်တော်တကယ် ဒီ ၁၀၉/၁၁၀ ဘ၀ ကို တော်တော် ရွံမုန်းနေပြီ ဒါပေမဲ့ ဘယ်သူမှ မတက်
နိုင်ဘူးလေ....လူငယ်တစ်ယောက် ရဲ့  ဘ၀ အချိန်တွေကို ဒီလိုဘဲ ဆက်လျှောက်နေမယ်ဆိုရင်
အောင်မြင်ခြင်းဆို တဲ့ ဘ၀ပန်းတိုင်ဟာ ဒဏ္ဏရီ ဖြစ်သွားတယ်။
ဒီနေ့လည်း ၁၀၉/၁၁၀ စိတ်ကို သယ်ဆောင်ရင်း ချမ်းအေးလွန်းတဲ့ မိုးကုတ်ဆောင်းရာသီ
မှာ စိတ်ဓါတ်တွေ အရည်မပျော်သွား အောင် အံကိုကြိတ်ရင်း လူငယ်တစ်ယောက် ရဲ့ အနာဂတ်ကို
ဖန်တီးဖို့  ကျွန်တော် ခုထိ ဆက်လျှောက်နေရတယ်။


No comments: