Wednesday, December 24, 2008

အလွမ်းနာ

ဒီဇင်ဘာလ အအေးဒဏ်ကို အထီးကျန်ခြင်းနဲ့
ငါ တစ်ယောက်တည်း ကျောက်ချနေရတယ်
နေရာသစ်မှာ မင်းရယ် သံတွေကို
ငါ ကြားနေရတယ်.......

ပြက္ခဒိန်တွေပေါ်က ဂဏန်းတိုင်းမှာ....
ငါကြားခဲ့ ရတဲ့ ချိုမြ သံလေး ခုတော့
ငါကြားနေရတာက ရင်ကွဲသံစဉ်
အလွမ်းနာတွေ ကျလွန်းလို့
လမင်းက ငါ့ကို သနားနေတယ်



အလွမ်းတွေပုံ ဖော်ရင်း
ငါ ဟာ နေ့တိုင်း သိုင်းကွက်တစ်ရာ
နင်း ခဲ့ရတယ်.....
လမ်းဘေး ဓါတ်မီးတိုင်တွေတောင်
လှောင်ပြုံးပြုံး နေကြတယ် မိန်းကလေး...........

ငါ့ အတွက် အသာယာဆုံးလို့ထင်ခဲ့ တဲ့
ဟောဒီ စိမ်းလန်းတဲ့ ကွင်းပြင်ကြီးက
ခုဆို ကန္တာရ လို ခြောက်ကပ်နေပြီလေ....


1 comment:

ကိုတိုး said...

အလွမ်းနာတဲ့လား ကဗျာလေးရေးထားတာတော့တော်တော်လေးကို ကောင်းပါတယ်ဗျာ လာရောက်အားပေးသွားတယ်ဗျာ ပျော်ရွှင် အဆင်ပြေပါစေဗျာ။