ဘာလိုလိုနဲ့ ၂၀၀၈ ခုနှစ်က ကုန်တော့မှာပါလား....ဟောင်းနွမ်းသွားတဲ့ ၂၀၀၈ ရေ ကျွန်တော်နှုတ်ဆက်ခဲ့ပါတယ်
လွမ်းစရာတွေပြည့်နေတဲ့ ၂၀၀၈ ၊ ရင်နာစရာတွေပြည့်နေတဲ့ ၂၀၀၈ ရေ ယနေ့ည ၁၂း၀၀ နာရီ ဆိုခင်ဗျားကို ကျွန်တော် နူတ်ဆက်ရတော့
မယ်လေ။ ၂၀၀၈ မှာဖြစ်ပျက်ခဲ့တဲ့ အမှတ်တရတွေ ကတော့ ရင်ထဲမှာ တောင်လိုပုံနေတယ်ဗျာ...ကျွန်တော့် အချစ်ဆုံးအစ်ကို ကြီး က
ဒီ ၂၀၀၈ ထဲမှာ မိသားစုနဲ့ ၁၃ နှစ်ဝေးကွာခဲ့ရတယ်...သူကော ဒီ ၂၀၀၈ ကို အခန်းကျဉ်းလေးထဲက နေ နူတ်ဆက်နေမှာလား....
ချစ်ရသော သူငယ်ချင်းတွေကတော့ ကျွန်တော့်ကို ၂၀၀၈ ထဲမှာ ဘဲ နူတ်ဆက်ခဲ့တယ်.....နောက်ဆုံးတော့လဲ ကျွန်တော် တစ်
ကိုယ်တည်း ဒီနေ့ လဲ ကျွန်တော့်ချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ ကုလားမ က နိုင်ငံခြားကို ထွက်ဖို့ ကျွန်တော့် ကိုခွဲသွားခဲ့တယ်......ကျွန်တော်သိပ်
ချစ်ရသော ကျွန်တော့ချစ်သူကလဲ ဒီ ၂၀၀၈ မှာဘဲကျွန်တော့ကိုထားသွားခဲ့တယ်လေ.....
၂၀၀၈ ခုနှစ် ထဲမှာ နာဂစ် ဆိုတဲ့ မုန်တို်င်းကြီးက တော်တော်ရက်စက်သွားခဲ့တယ် မြန်မာပြည်သူတွေ မျက်ရည် ကျခဲ့ရတယ်
အိပ်မက်ဆိုးကြီးက တော်တော်ကို ခြောက်လန့်ခဲ့တယ်.....ပျက်စီးဆုံးရှုံးမှုတွေဖြစ်ခဲ့ရတယ်......တစ်ကမ္ဘာလုံးလဲ စီးပွားရေး ကပ်ကြီင်္းကို
ဒီ ၂၀၀၈ ထဲမှာဘဲ ယဉ်ဆိုင်ခဲ့ရတယ်......
မြန်မာပြည်က လူတွေက ကော ဘာတွေဆက်လုပ်ကြမလဲ....ဘာတွေယဉ်ဆိုင်ကြဦးမှာလဲ....ဘာတွေပြောင်းလဲသွားဦးမှာလဲ။
ဒီလိုဘဲ အကျပ်အတည်းတွေနဲ့ ဘဲ ရှင်သန်နေရဦးမှာလား။
ကျွန်တော်သိပ်ချစ်ရသောလေးစားရသော လူတွေက ကော ဘာတွေဆက်ဖြစ်လာဦးမှာလဲ သူတို့လိုလူမျိုးတွေ ကော မြန်မာ
ပြည် မှာထပ်ပေါ်လာပါ့ဦးမှလား လို့ ကျွန်တော်စိုးရိမ်မိတယ်။ကျွန်တော်တို့လို လူငယ်မျိုးဆက်သစ်လေးတွေက ကော ဒီအကြောင်းအရာ
တွေကို ၂၀၀၉ ခုနှစ်ရောက်ရင် စိတ်ဝင်စားနိုင်ပါ့မလားဆိုတဲ့ အတွေးတွေက ကျွန်တော့ဦးခေါင်းထဲမှာ ရှုပ်ထွေးနေမိတယ်.....
၂၀၀၉ ခုနှစ် မှာ ဗမာ ပြည်သူအပေါင်း နှင့်တကွ လူသတ္တ၀ါ အပေါင်းတို့သည် ကိုယ်၏ကျန်းမာခြင်း.....စိတ်၏အေးငြိမ်းခြင်း
နှင့်ပြည့်စုံကြပါစေ လို့ ကျွန်တော့ ရင်ထဲမှ ခံစားချက်လေးကို တင်ပြလိုက်ပါတယ်။
Wednesday, December 31, 2008
နှုတ်ဆက်ခဲ့တယ် ၂၀၀၈
Posted by
အောင်ချမ်းသာ
at
8:06 PM
2
comments
Labels: သတိရခြင်း....
Wednesday, December 24, 2008
အလွမ်းနာ
ဒီဇင်ဘာလ အအေးဒဏ်ကို အထီးကျန်ခြင်းနဲ့
ငါ တစ်ယောက်တည်း ကျောက်ချနေရတယ်
နေရာသစ်မှာ မင်းရယ် သံတွေကို
ငါ ကြားနေရတယ်.......
ပြက္ခဒိန်တွေပေါ်က ဂဏန်းတိုင်းမှာ....
ငါကြားခဲ့ ရတဲ့ ချိုမြ သံလေး ခုတော့
ငါကြားနေရတာက ရင်ကွဲသံစဉ်
အလွမ်းနာတွေ ကျလွန်းလို့
လမင်းက ငါ့ကို သနားနေတယ်
အလွမ်းတွေပုံ ဖော်ရင်း
ငါ ဟာ နေ့တိုင်း သိုင်းကွက်တစ်ရာ
နင်း ခဲ့ရတယ်.....
လမ်းဘေး ဓါတ်မီးတိုင်တွေတောင်
လှောင်ပြုံးပြုံး နေကြတယ် မိန်းကလေး...........
ငါ့ အတွက် အသာယာဆုံးလို့ထင်ခဲ့ တဲ့
ဟောဒီ စိမ်းလန်းတဲ့ ကွင်းပြင်ကြီးက
ခုဆို ကန္တာရ လို ခြောက်ကပ်နေပြီလေ....
Posted by
အောင်ချမ်းသာ
at
3:52 PM
1 comments
Tuesday, December 16, 2008
ဒီဇင်ဘာလ မိုးကုတ်ရှုခင်း
ဒီဇင်ဘာလ တော်တော်လေးကိုအေးနေတယ် မြို့ လေးထဲမှာလဲ နှင်းမြူတွေဆိုင်းနေတယ်...ချစ်သူငယ်ချင်းတွေနဲ့ ဓါတ်ပုံ
လိုက်ရိုက်ဖို့ ချိန်းထားတာနဲ့ စောစောစီးစီး လိုက်ရိုက်မယ်ဆိုပြီးလေညင်းသာလက်ဖက်ရည်ဆိုင်မှာ စောင့်နေတယ်....ချစ်သူငယ်ချင်း
တွေ တစ်ယောက်ပြီးတစ်ယောက်ရောက်လာဖို့အတွက် စောင့်နေရတာ စိတ်ထဲမှာ တော်တော်လေးကြာတယ်လို့ထင်မိတယ်။
ကျွန်တော့်စိတ်က ငယ်စဉ်က ကလေးဘ၀ကို ပြန်သတိရမိတယ်..ချမ်းအေးလှတဲ့ ဒီမြို့ လေးထဲမှာ ငယ်စဉ်ကကျောင်းတက်
ခဲ့တာတွေကိုပြန်သတိရမိတယ်..မနက်စောစော ထရမှာကို ငယ်စဉ်က အရမ်းကြောက်မိတယ်...“သားရေ ထတော့ ကျူရှင်သွားရဦးမယ်
ထတော့ ထတော့ သူငယ်ချင်းတွေ လာခေါ်မှ ထရင်အားနာဖို့ ကောင်းတယ်” ဆောင်းတွင်း မှာလာနိုးတဲ့ မေမေ့ အသံကိုပြန်ကြားမိတယ်။
ဆောင်းတွင်းကာလ ရဲ့  မနက်စောစော အနွေးထည်အင်္ကျီ အထူတွေ လက်အိတ်အထူတွေ ၀တ်ပြီး သူငယ်ချင်းတွေနဲ့ ကျူ
ရှင်သွားတဲ့ အချိန်လေးတွေကို ပြန်သတိရမိတယ်....မိုးကုတ်ဆောင်းတွင်းရဲ့ အအေးဒဏ်ကို တစ်နှစ်ထက်တစ်နှစ် ခံနိုင်ရည် ရှိဖို့
မိုးကုတ်မြို့ နေလူထုတွေ တော်တော်ရုန်းကန်နေရတယ်..မြို့ လေးမှာရှိတဲ့ သစ်တောတွေက လဲ တော်တော်ကိုပြုန်းနေတယ်လေ...
ဘယ်နားကြည့်ကြည့် တောင်ကတုံးလေးတွေ ဖြစ်ကုန်တယ်လေ...ငယ်စဉ်ကတော့ လက်ညိုးညွန်ရာ တောင်တန်းစိမ်းစိမ်းလေးတွေ
ခုတော့ ဘယ်နားကြည့်ကြည့် အကျိုးတူတွေလေ..ခေတ်ကိုက ပြောင်းသွားတယ်....။
ရာသီဥတု တော်တော်ဖောက်ပြန်နေတယ်လေ..အေးရင်လဲ ရေခဲမတတ်အေး ပူရင်လဲ အရည်ပျော်အောင်ပူဆိုတော့ တောင်
ပေါ်မြို့ လေးရဲ့ ဆုတ်ယုတ်ခြင်းကိုပြနေတယ်...အင်း တွေးရင်းနဲ့ဒေါကန်လာတယ်...ခုတောင် အဝေးရောက်သူငယ်ချင်းတွေက လုပ်ပါဦး
ဆောင်းတွင်းဓါတ်ပုံလေးတွေ ဆိုလို့ ....ရိုက်ရမှာတောင် အားနာတယ်...ဘာဖြစ်လို့လဲဆိုတော့ စိမ်းလန်းတဲ့ တောင်တန်းတွေကို တော်
တော်ရှာရိုက်မယ်လေ.....ဒါနဲ့မထူးပါဘူး တောင်တန်းတွေကို မရိုက်တော့ဘဲ မြို့ လယ်အင်းလေးနဲ့ ဘီးတောင်ဘုရားတို့ကိုဘဲ ရိုက်ဖြစ်ခဲ့
တယ်....
သဘာဝ ပတ်ဝန်းကျင်စိမ်းလန်းဆိုပြေရေး ဆိုတဲ့ဆိုင်းဘုတ်ကိုတောင် အားနာမိတယ်ဗျာ။
ဒါကတော့ ရှားရှားပါးပါး စိမ်းစိမ်းလန်းလန်း
ဒီဇင်ဘာ မနက်ခင်း
post လေးပေါ့…
Posted by
အောင်ချမ်းသာ
at
9:33 PM
0
comments
Tuesday, December 9, 2008
၁၀၉/၁၁၀ နှင့် မောင်အောင်ချမ်းသာ တို့ မြို့ 
မိုးကုတ်စီးပွားရေး ဒီလိုမျိုး ပြန်စည်နိုင်ပါ့ မလားကွယ်
ဘယ်မှာလဲ အချိန် ဟိုလိုဒီလို လက်ညိုးညွန်ရင်း နဲ့ လေပေနေတဲ့ ဘ၀ ကို ကျောက်ချထားတာ
ရက်ပေါင်း ၉၀ ရှိခဲ့ပြီလေ။တောင်ပေါ်ဒေသ ဖြစ်တဲ့ မိုးကုတ်မှာက စီးပွားရေးဆိုလို့ တစ်လမ်းဘဲ
ရှိတယ် ကျောက်လုပ်ငန်းလေ ခုကျောက်ဈေးကအေးတော့ တစ်မြို့ လုံးကလူတွေ အားလုံး
၁၀၉/၁၁၀ ဖြစ်နေကျတယ်လေ....
မြို့  လေးရဲ့  စီးပွားအချက်အချာဖြစ်တဲ့ ဌာပွဲ ဆိုတာလဲ ကန္တာရဆန်ဆန်ဖြစ်နေတာကြာ
ပြီ...တကွင်းလုံးလဲ ထီးဘဲကျန်တော့တယ်...ဘယ်သူမှ ဌာပွဲကို မလာကြတော့ဘူးလေ ခုတောင်
ပန်းခြံထာပွဲ ကို ကန်ထရိုက်ဆွဲထားတဲ့ ပိုင်ရှင်ကြီးက ခုလ ကုန်ရင် ဆက်လက်ပြီး ကန်ထရိုက်မယူ
တော့ဘူးတဲ့ ....ဟုတ်တော့လဲ ဟုတ်ပါတယ်လေ...အရင်ကဆို ထာပွဲ ကျောက်ဝိုင်းထဲ မှာ လူတစ်
ယောက်ကိုရှာဖို့ဆိုတာ တော်တော်လေးကို ခက်ခဲတယ် ခုတော့ ဘောလုံးကွင်းလောက်ရှိတဲ့ ကွင်း
ကြီးထဲမှာ မျက်စိမှိတ်လမ်းလျှောက်ရင်တောင် ခလုတ်တိုက်မိဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။
ဘယ်လောက်ထိများ စီးပွားရေးကောင်းလဲဆို ဒါကိုဘဲစဉ်းစားကြည့်ပေါ့....။
ခုပိုဆိုးတာက တစ်ကမ္ဘာလုံး စီးပွားရေးကပ်က ဆိုဒ်နေတော့ ကျွန်တော်တို့ တောင်ပေါ်
မြို့ လေး လဲအဲ့ဒီဒဏ်ကို ကြံ့  ကြံ့  မခံနိုင်တော့ဘူးလေ ရှိတာမှ စီးပွားရေးက တစ်လမ်းတည်းပါဆိုမှ ခုတော့
ပိုးဆိုးပက်စက် ပက်လက်ကိုလန်ပါလေရော........
ကျွန်တော်ဟိုတလောက အလုပ်လိုက်ရှာတယ် ဒါပေမဲ့ ရတာနဲ့ မကာမိဘူး စားစရိတ်ဆို
တဲ့ ကုန်ဈေးနှုန်းကလဲ ဒီရေလိုတက်လာတော့ မကိုက်ဘူးဖြစ်နေပြန်ရော ကြာတော့ အိမ်ကထမင်း
ကျွေးထားတဲ့ မိဘ နှစ်ပါးကိုတောင် အားနာလာတယ်....
မနက်မိုးလင်း ရင် လက်ဖက်ရည်တောင်နှပ်မမှန်တော့ဘူးလေ...ခုတောင် သူငယ်ချင်းတွေ
တိုက်တဲ့ လက်ဖက်ရည်လေးနဲ့ ပြည့်စုံနေရတယ်...ဒီလိုတိုင်းတာ ဘ၀ကြီးကိုဖြတ်သန်းနေရ ရင်တော့
ဘယ်မှာလဲ တိုးတက်မှု ဘယ်မှာလဲ အောင်မြင်မှု ဆိုတာ ပုံပြင်တစ်ပုဒ်လို ဖြစ်သွားတယ်...ကျွန်တော့
စိတ်တွေဟာ ပင်လယ်မျက်နှာပြင် အောက်ရောက်နေတာ ရက်စွဲပေါင်းမနည်းတော့ ဘူး။
ကျွန်တော်တကယ် ဒီ ၁၀၉/၁၁၀ ဘ၀ ကို တော်တော် ရွံမုန်းနေပြီ ဒါပေမဲ့ ဘယ်သူမှ မတက်
နိုင်ဘူးလေ....လူငယ်တစ်ယောက် ရဲ့  ဘ၀ အချိန်တွေကို ဒီလိုဘဲ ဆက်လျှောက်နေမယ်ဆိုရင်
အောင်မြင်ခြင်းဆို တဲ့ ဘ၀ပန်းတိုင်ဟာ ဒဏ္ဏရီ ဖြစ်သွားတယ်။
ဒီနေ့လည်း ၁၀၉/၁၁၀ စိတ်ကို သယ်ဆောင်ရင်း ချမ်းအေးလွန်းတဲ့ မိုးကုတ်ဆောင်းရာသီ
မှာ စိတ်ဓါတ်တွေ အရည်မပျော်သွား အောင် အံကိုကြိတ်ရင်း လူငယ်တစ်ယောက် ရဲ့ အနာဂတ်ကို
ဖန်တီးဖို့  ကျွန်တော် ခုထိ ဆက်လျှောက်နေရတယ်။
Posted by
အောင်ချမ်းသာ
at
12:20 PM
0
comments
Saturday, November 8, 2008
သေတော့မယ့် ဆယ်ရက်အလို
သေခါနီး ဒသမနေ့အလို ..ဒီရဲ့  tag ကို ရေးမယ်လို့မထင်ခဲ့မိဘူး ချစ်ရသော ညီလေး ဂီတာနဲ့ လွယ်အိတ်လေး က ကျွန်တော့ကို တိုက်တွန်းလိုက်တာနဲ့ ရေးဖြစ်ခဲ့တယ်
ရင်ထဲမှာ လဲတင်းကျပ်နေတာတွေပြေလျှော့မယ်လို့ထင်မိတယ်...လူတစ်ယောက်ဟာ သေဆုံးခါနီး အချိန်မှာ ဘာတွေလုပ်သွားသလဲ ဘာတွေဖြစ်သွားသလဲဆိုတဲ့ စဉ်းစားချက်
နဲ့ ဒီ tag လေးကို ရေးဖြစ်သွားတာပါ။
ကိုးရက်အလို.... သူငယ်ချင်းတွေနဲ့ လိုက်လည်မယ် အနောက်ပိုင်း (ကျပ်ပြင် ) က သမိုင်းဝင် မယ်နန်းကြည့် တောင်ထိပ်မှာ သွားထိုင်ပြီး ကဗျာ နဲ့ ဂီတ အကြောင်း
ပြောမယ် အဓိက ကတော့ modern အကြောင်းတွေဆွေးနွေးမယ် မိုးကုတ်အရှေ့ပိုင်းပြန်ရင် အနောက်ပိုင်းက ဒေါင့်ဆိုင်မှာ ၀က်စတူးသုတ်တစ်ပွဲနဲ့ ရမ် ၂ပတ်လောက် ကိုင်
လိုက်မယ်......
ရှစ်ရက်အလို.... ဘ၀မှာ ဖြစ်ချင်တိုင်းမဖြစ်လာတဲ့ အချိန်ကိုတိုက်ပွဲဝင် ဖို့ လူငယ်လေးတွေနဲ့ဆွေးနွေးမယ်....ပြီးရင် သူတို့နဲ့ အနာဂတ်အတွက်ကောင်းစွာ ငြင်းဆိုကြ
မယ်..ပိုနေတဲ့အချိန်ကို ရောင်းစားဖို့ ကုမ္ပဏီတစ်ခုထောင်ဖို့ တိုင်ပင်ကြမယ်...
ခုနှစ်ရက်အလို .....မြို့လေးရဲ့ စီးပွားရေး အချက်အချာဖြစ်တဲ့ ဌာပွဲ (ကျောက်ဝိုင်း) ကို သွားလည်မယ် ဌာပွဲမှာရှိတဲ့ သူငယ်ချင်းမိတ်ဆွေနဲ့ စကားပြောပြီး ခုခေတ်ကျောက်
ဈေးအကြောင်းဆွေးနွေးကြမယ်....စုတ်ပြတ်နေတဲ့ ကျောက်လောက အကြောင်းကို အသံကုန်ဟစ်ကြရင်း ဦးပိုင် လက်ဖက်ရည်ဆိုင်က ထပ်တရာ ပဲလိပ်ကို အမုန်းဆွဲ မယ်...
ခြောက်ရက်အလို....ငယ်သူငယ်ချင်းတွေဖြစ်တဲ့ မပွင့်တို့ မဖြိုးတို့ သူရ တို့နဲ့ မြို့ လေးကို ဆိုင်ကယ်နဲ့အ၀ ပတ်လိုက်မယ်...သူတို့နဲ့ သစ္စာမှာ ကဲလိုက်မယ်...ရီဝေေ၀
နဲ့ ညတစ်ညကို ကုန်ဆုံးသွားချင်တယ်...
ငါးရက်အလို ....ရောဂါက ထလာပြီလေ...မတတ်နိုင်ဘူး ဒါပေမဲ့ ဖေဖေ နဲ့ မေမေ ကိုတော့အသိမပေးဘူး...သူငယ်ချင်းတွေက မျက်နှာပျက်နေကြတယ်..ဒါပေမဲ့
ကျွန်တော့ တူ တူမလေး တွေ ညီမတွေ အစ်မတွေ နဲ့ သွားပြီး မုန်ညင်းပေါင်းသွားစားမယ် ညဈေးတန်းလေးမှာပေါ့...အပြုံးမပျက်တဲ့မျက်နှာတွေ နဲ့လေ သူတို့ဟန်ဆောင်နေ
မှန်းသိပါရက်နဲ့ .....
လေးရက်အလို ...ကျွန်တော့ကို ထားသွားတဲ့ချစ်သူဆီကို စာတစ်စောင်ရေးချင်တယ်....“မင်းကို ငါ သိပ်ချစ်တယ်လို့”....သူမ ကျွန်တော့ဆီကိုပြန်မလာနိုင်တော့တာ
ပြီးတော့ ကျွန်တော်လတ်တလော ချစ်ရသော မမြင်ဘူးသေးပေမဲ့ တစ်ဖတ်သက် ရင်ခုန်နေရတဲ့ ချစ်ရသော ဆွေဆွေ ဆီကို ဖုန်းနဲ့ (သို့မဟုတ်) စာနဲ့ ဖြစ်ဖြစ် စကားပြောချင်တယ်
ပြီးရင် သူ့အတွက် ကျွန်တော့ဒိုင်ယာရီ စာအုပ်လေးကို လက်ဆောင်ပေးချင်တယ်....
သုံးရက်အလို ...ရောဂါက ကျွမ်းလောင်နေပြီ မိဘနှစ်ပါးလုံး ကျွန်တော့အတွက် မျက်ရည်ကျနေရတယ်...နားထဲမှာ မေမေ့ အသံကြားနေရတယ် ..သားလေး
သားလေး လို့အော်ခေါ်နေတဲ့အသံလေ သားနင် ဘာကြောင့်မိုက်ရတာလဲကွယ်...မေမေ့စကားနားထောင်နော်တဲ့ ဒီတစ်ခါ သားသက်သာရင် လုံးဝ ဆေးလိပ်မသောက်ရတော့
ဘူးနော်....သားလေး။ဖေဖေကတော့ ၀မ်းနည်းတဲ့ မျက်နှာနဲ့ ကျွန်တော့ကို စိုက်ကြည့်နေတယ်...ဘေးမှာ အမျိုးတွေကလဲ အပြည့်နဲ့ပေါ့....ငိုသူကငိုလို့လေ...
ကျွန်တော်သိပ်ဝမ်းနည်းတယ်ဗျာ....လူတစ်ယောက်သေခါနီးမှာ ဘေးကနေ အားပေးမယ်မရှိဘူး လာငိုပြနေတယ်....အဲ့ဒါ ဟန်ဆောင်မျက်ရည်တွေလို့တောင် အော်ပြောချင်တယ်
ဒါပေမဲ့ စကားက မထွက်လာတော့ဘူး.......
နှစ်ရက်အလို ....နားထဲမှာ မေမေ့ ခေါ်သံလေးကြားနေရတယ် မျက်စိကိုအားယူပြီးဖွင့်ကြည့်တယ်...ပိန်လှီနေတဲ့မေမေ့ ခန္ဓာကိုယ်လေးကို ကျွန်တော်မြင်ရတယ်...ဒါပေမဲ့
ကျွန်တော်မေမေ့ကိုစကားတစ်ခွန်းပြောချင်တယ်....မေမေ သား လူမိုက်ကို ခွင့်လွတ်ပေးပါ.....လို့
တစ်ရက် မှာ ချုပ်ငြိမ်းပြီ......ကျွန်တော့ ကို မေမေနဲ့ဖေဖေ က သားလူလေး မင်းမိုက်ပါပေ့တဲ့.....အဲ့ဒီအသံကိုတော့ကြားရတယ်...ပြီးတော့ကျွန်တော့မျက်စိထဲမြင်နေတာက
ကျွန်တောတစ်ဖက်သတ်စွဲလမ်းနေရတဲ့....ဆွေဆွေ(ခ) ငယ် သူ့မျက်နှာကိုမြင်နေမိတယ် ...ဒါပေမဲ့ သိပ်မကြာဘူး ကျွန်တော်ဟာ အမှောင်တိုက်ထဲကို တဖြေးဖြေးနဲ့...............
ကျွန်တော့ ခန္ဓာကိုယ်ဟာလဲ ပေါ့ပါးစွာနဲ့...........ကျွန်တော်ချစ်သောမြို့လေးကလဲ ကျွန်တော့်ကို မျက်ကွယ်ပြုလိုက်တယ်လေ.........................
Posted by
အောင်ချမ်းသာ
at
11:56 PM
0
comments
Sunday, October 5, 2008
ဘာတွေယူဦးမှာလဲ...
ကောင်းကင်က လျှပ်စီးတွေက ကျွန်တော့အခန်းရဲ့  မှန်တံခါးကို လာရိုက်နေတယ်....မိုးခြိမ်းသံက လည်းကမ္ဘာကြီးပြိုကွဲတော့မလို အားရပါးရထစ်ချုန်းနေလိုက်တာ ..
စက်တင်ဘာလမှာရွာတဲ့ မိုးက မိုးရာသီကုန်တော့မယ်ဆိုတဲ့ အတိုင်းအငြိုးနဲ့ ကိုရွာချနေလိုက်တာ..ဒီအချိန်ကျွန်တော့ခေါင်းထဲမှာ ၀င်လာတဲ့အတွေးက မနက်ဖြန်လုပ်ရမဲ့ အလုပ်ကိစ္စ
အတွက် စဉ်းစားနေရင်း ယခုခေတ်စီးပွားရေး အကြောင်းကို ရောက်သွားတယ်..အရင်က ဆိုမြို့လေးရဲ့  စီးပွားရေးက တအားကိုတောက်ပြောင်ခဲ့တယ် ခုတော့ ကန္တာရ တစ်ခုလိုခြောက်
ကပ်ကပ် နိုင်လွန်းတယ်..ဒီမြို့ မှာ က အလုပ်ဆိုလို့ တစ်မျိုးဘဲရှိတယ်လေ။။
ကျောက်ဈေးတွေက အရမ်းအေးနေတော့ ကုန်သည်ရော ပွဲစားပါ ငြီးနေလိုက်တာ မြို့  လေးမှာ ခိုတွေတောင်မကျန်တော့ဘူး ...ဟုတ်လဲဟုတ်ပါတယ်လေ..ဒီမြို့  မှာက
အလုပ်တစ်ခု မဖြစ်ရင် ကျန်တဲ့ စီးပွားရေးတွေကပါ လိုက်ပြီး အေးသွားတယ်..ဥပမာ....ဈေးဆိုင်တို့ပါတို့ ဆိုရောင်းမကောင်းတော့ဘူးလေ...
ကလည်းတော်များတာကိုး.....လူတွေညီးဆိုညီးလောက်တယ်...ဗျာ...
ဟိုတလောကလဲ မြို့ ထဲမှာ ငွေတွေတော်တော်ထွက်သွားကြတယ်..လူတွေလဲ တော်တော် အလုပ်ရှုပ်သွားကြတယ်လေ...ဘာကြောင့်ဆိုတော့ ဆိုင်ကယ်လိုင်စင်ပေးတာတဲ့
ညအိပ်စောင့်တဲ့လူနဲ့ ပြီးတော့ နေရာဦးပြီးတော့ ရောင်းစားတဲ့သူနဲ့ ....ပိုင်ရာဆိုင်ရာတွေလူတွေနဲ့ တော်တော်ကိုရှုပ်ရှက်ခက်နေတာဘဲ! နေရာရောင်းတဲ့သူဆိုတာက နေရာကို ဇာတ်ပွဲ
မှာဖျာခင်းဖို့နေရာ ဦးသလိုခဲလုံးတွေ ချ တစ်ချို့  ကလဲ ကြိုးတန်းပြီး ဦးကြတယ် ပြီးရင် အရင်ရချင်တဲ့ လူတွေကို နေရာရောင်း...သူ့ဟာနဲ့သူတော့ အလုပ်ဖြစ်နေကြတာဘဲ ပွဲတော်ကြီး
ကိုဖြစ်လို့.....
ဒီမြို့  လေးရဲ့  ထုံးစံက သူ့ထက်ငါ အရင်ရချင်တဲ့ စိတ်ကအင်မတန်များတယ်..ဥပမာ..ဆိုင်တစ်ဆိုင်အသစ်ဖွင့် တယ်ဆိုရင် အဲ့ဒီဆိုင်မှာ ပွဲတော်အလားဘဲ...၀ုန်းကနဲ့ဆိုပွဲကို
ကျနေတာဘဲ..ပြီးရင်တော့ အဲဒီဆိုင်လူကိုမရှိတော့ဘူး ..အင်း..သူတို့တွေအပြစ်လဲမဟုတ်ဘူးလေ မြို့ လေးကကျဉ်းတာကိုး ....ကြာတော့ ရိုးအီသွားတာပေါ့။
ဒီမြို့ လူထုရဲ့  စိတ်တွေက အရမ်းရိုးကြတယ်...ဘုရား တရားလဲ ကိုင်းရှိုင်းတယ် ရိုးလွန်းတဲ့ ဒီမြို့  လေးမှာ ခဏခဏ လိမ်လည်မှုတွေကို ကြားနေရတယ်..လိမ်ခံရတဲ့ လူကလဲ
စိတ်ထဲမှာ အင်း...၀ဋ်ရှိလို့ ခံရတာဘဲဆိုပြီးတော့ ဖြေသိမ့်ကြတယ်...တခါကလဲ မြို့ လေးထဲက ငွေပေါင်းသိန်းထောင်ချီ ကို လူတစ်ယောက်က လိမ်လည်သွားဘူးတယ်..
ကျွန်တော်တို့ ငယ်ငယ်တုန်းကပေါ့ Show Money ဆိုပြီး နာမည်ကို ကြီးသွားတယ်..လိမ်ခံရတဲ့ သူတွေက တော်တော်ကို စီးပွားရေးကျဆင်းသွားခဲ့တယ်...ပြီးတော့ မြို့ လေးရဲ့  စီးပွားရေး
ပါထိခိုက်ခဲ့တယ်....ဒီခုချိန်ထိ နလန်ကိုမထူနိုင်တော့ဘူး။။။။
ခုဆို ဒီမြို့ လေးကို နည်းပေါင်းစုံနဲ့ ငွေ တွေထုတ်နေကြတယ်...အကျိုးတူတို့ ဘာတို့ ဆိုပြီး ထုတ်နေကြတယ်......
ဒီမြို့ လေးကို နောက်ထပ် ဘယ်နည်းတွေနဲ့ များ ငွေတွေထုတ်ကြဦးမလဲ မသိဘူးနော်.....
Posted by
အောင်ချမ်းသာ
at
11:38 PM
0
comments
Labels: အက်ဆေး/၀တ္ထုတို
Tuesday, September 16, 2008
ခင်ဗျားနေကောင်းလား
ခင်ဗျား ဘယ်သွားနေလဲ....နေကောကောင်းလား
ခင်ဗျား နဲ့ကျွန်တော် ထိုင်ခဲ့တဲ့ လက်ဖက်ရည်ဆိုင်မှာ
ခင်ဗျား ကို ကျွန်တော် နေ့တိုင်းစောင့် ခဲ့တယ်....
ခင်ဗျား ရဲ့  ပို့စ်မော်ဒန်ထဲမှာ မမျှောရတာကြာပြီ
ခင်ဗျားနဲ့ ကျွန်တော် ပြက္ခဒိန်ဟောင်းတစ်ခုရဲ့
ရက်စွဲ တစ်ချို့  တစ်ခု မှာ အတူ တိုက်ပွဲဝင်ခဲ့တယ်
ခင်ဗျား ဇနီးနဲ့ သားသမီးတွေ .....
ခင်ဗျားကို မျှော်နေတယ်....
သူတို့ရဲ့  ဆုတောင်းသံ ကို......
ခင်ဗျား ကြားရဲ့ လား..?
ခင်ဗျား အခန်းကျဉ်းလေးထဲ မှာအဆင်ပြေလား.
သူတို့တွေ ခင်ဗျားကို ကောင်းမွန်စွာထားလား
ခင်ဗျား နဲ့ ကျွန်တော် ၀ါဒတစ်ခု အတွက်တိုက်ပွဲဝင်ခဲ့တယ်
ခင်ဗျား နဲ့ ကျွန်တော် တွေ့တဲ့ညနေက တိုတောင်းတယ်နော်
ခင်ဗျားပြောတဲ့ လွတ်လပ်မှုတွေ ကျွန်တော်နားလည်နေပြီ
ခင်ဗျားပြောတဲ့ လူ့အရင်းအမြစ်တွေ ကျွန်တော်နားလည်နေပြီ
ခင်ဗျား အတွက် ကျွန်တော် ဆုတောင်းပေးနေတယ်..
ခင်ဗျား အမြန်ပြန်လာနိုင်ပါစေ။
ခင်ဗျား နဲ့ အတူ ခရီးသွားဖို့ စောင့်နေမယ်.......
Posted by
အောင်ချမ်းသာ
at
10:03 PM
0
comments
Labels: သတိရခြင်း....