နာရီတွေဝါးမြိုတဲ့ညက ငါ့စိတ်ကူးတွေကို
ခွေးကိုက်သွားတယ် အနီရောင်
ကြက်ခြေခတ်တွေ ပြည့်နေတဲ့ ဘ၀မှာ
တစ်နေရာစာတော့ ကြောခင်းခွင့်ပြုပါ....
ဗလာမဲ့ဘ၀ကို ခင်းကျင်းရင်း
ကံတရားက ငါ့အတွက်
သူ့ကို လမ်းပြသူအဖြစ်
ဖန်ဆင်းခဲ့ပြီလေ.....
အဆုံးစ မရှိတဲ့လမ်းကိုလျှောက်ရင်း
ခဏခဏလဲပြိုခဲ့ ပေမဲ့......
သူ့စကားသံနဲ့ စိတ်ကိုကြိုးဆွဲရင်း
ငါဟာ ဆက်ပြီး.............
ဒါကတော့ အပြည့်အစုံ post လေးပေါ့…
Wednesday, December 16, 2009
လျှောက်လှမ်းခြင်း
Posted by
အောင်ချမ်းသာ
at
8:38 PM
1 comments
Labels: ခံစားမှု
Tuesday, December 1, 2009
ဆောင်းရာသီအလွမ်း
ဆောင်းရာသီရဲ့ သင်္ကတေတ တစ်ခုနဲ့
တောင်နေကြာတွေ အလှပြိုင်နေကြတယ်။
မြူနှင်းမှုန်တွေကြားထဲ ခေါပုတ်စားတဲ့
ငယ်ဘ၀ကိုပြန် လွမ်းမိတယ်။
အပူအပင်မရှိ ဘ၀မှာ
အမေ့ရင်ခွင်ထဲခေါင်းလျှိုပြီး
ဆောင်းရာသီ မီးလင်းဖိုဘေး
တစ်ထောင့်တည ပုံပြင်တွေကို
မျှော်နေမိတယ်။
ခုတော့ ဆောင်းရာသီက
ငါ့အတွက် ဒဏ်ခတ်နေလေရဲ့
မြူနှင်းမှုန်တွေကြား
ချစ်သူပြန်အလာကိုစောင့်နေမိတယ်။
ဒါကတော့ အပြည့်အစုံ post လေးပေါ့…
Posted by
အောင်ချမ်းသာ
at
9:25 PM
1 comments
Labels: ခံစားချက်
Tuesday, October 6, 2009
မရေမရာ
ညိုမွဲနေတဲ့ မျက်နှာအိုတစ်ခုက
ကုန်းကောက်စရာ မရှိတဲ့နေ့စွဲ
ဟန်ဆောင်ပြုံး နေရသော်လည်း
အဖေ့အမွေကို လက်လွဲလုပ်ခဲ့ရတယ်။
လက်ဆုပ်လက်ကိုင်ပြဖို့
ငါ့ခြေထောက်ပေါ်ရပ်ခဲ့ပေမဲ့
နားလည်မှုတစ်ခုမှာ ငါရပ်စောင့်နေရတယ်
ကြီးကောင်ဝင်စ နေ၀င်ချိန်မှာ
အမေနဲ့တောင်ပေါ်ကိုလွမ်းတယ်
အထီးကျန်ညတွေ ကုန်မြောက်စေဖို့
ဆုတောင်းရတာ ငါမောလှပြီ။
ကဒ်ပြားတစ်ကဒ် ပညာရေးနဲ့
လမ်းဆုံးမရောက် ခပ်ခပ်ညံ့အတွေးက
မေတ္တာစေတနာတော့ ထားတတ်ပါရဲ့
အလွမ်းဓါတ်ခံ ယိုင်နဲ့နဲ့ကိုအဖော်ပြုရင်း
အဖေနဲ့အမေကို မျက်နှာလွဲခဲ့တယ်
မနက်ခင်းတစ်ခု အဟာရပြည့်ဖို့
ငါဟာ လှုပ်ရှားနေရဦးမှာဘဲ ။။။။။။။။။။။
ဒါကတော့ အပြည့်အစုံ post လေးပေါ့…
Posted by
အောင်ချမ်းသာ
at
7:55 AM
4
comments
Labels: ခံစားမှု
Sunday, September 20, 2009
အဖြေ
အေးချမ်းတဲ့တောင်ပေါ်ဒေသ အငွေ့အသက်တွေကို ကြိုးဖြေလျော့ပြီး အမေနဲ့ တောင်ပေါ်မြို့ လေးက သူငယ်ချင်း
တွေကို ထားခဲ့ပြီး ရောင်စုံလူတွေနဲ့ မြစ်ယောင်ဆောင်ထားတဲ့ မြို့ ကြီးကို အိပ်မက်ဆန်ဆန် ကျွန်တော်ရောက်ခဲ့တယ်.........
မထင်မိဘူး ၀ံပုလွေယောင်ဆောင်ထားတဲ့ သိုးတွေပေါမှန်း ဒါပေမဲ့ ချစ်စရာ ကောင်းတဲ့ ဂျင်းဘောင်းဘီလေးတွေကိုလဲ တွေ့
ရတယ်.........
ညညအိပ်မပျော်ရင် အမေနဲ့ တောင်ပေါ်လွမ်းတဲ့ ဒဏ်က အိပ်စက်ဖို့ကို တားဆီးနေတယ် ဘ၀ဆိုတာ ဘာလဲဆိုတဲ့
အရာကို ခုမှ မျက်ဝါးထင်ထင်မြင်နေရတယ်...ဘတ်စ်ကား ပေါ်မှာ ဘ၀ဆိုတာစတာလား ?ဆိုက်ကားပေါ်မှာဘ၀ဆိုတာစတာ
လား ? တောင်ပေါ်ကလာတဲ့ တောသားတစ်ယောက်ရဲ့ ဥာဏ်ထဲမှာ မီဒီယာက ရေးထားတဲ့ သူတို့စည်းကမ်းချက်တွေကတော့
ဝေေ၀ဆာဆာ ဒါပေမဲ့ တကယ့်လက်တွေ့ကျတော့ ဗရမ်းဗတာ တော်တော်လေးကို ဗရမ်းဗတာ နိုင်တဲ့ စာစောင်တွေ ....။
မနက်လင်းလို့ သူ့အလုပ်ကို့အလုပ်သွားကြတဲ့အခါ ဘီယာဘူးခွံထဲက အမြုပ်တစီစီထွက်ကျလာသလို ခေါင်းတွေချာ
ချာလည်လည်သွားလောက်အောင် ပေါလှတဲ့ လူတွေ......တောသားကျွန်တော့်အတွက် အထူးအဆန်းပြဇာတ်တစ်ပုဒ်ကိုငေး
ကြည့်နေမိသလိုခံစားရတယ်.....အတ္တတွေ မာနတွေ ပြည့်နေတဲ့ ဒီနေရာမှာ ဘ၀အတွက် လှုပ်ရှားနေကြရတဲ့ လူတွေကို
ကြည့်ရင်း စိတ်ထဲမှာ သနားနေမိတယ်.......ဒီလူတွေ ဘာကြောင့် မလိုအပ်တာတွေပြည့်နေရတာလဲ ?
ဘ၀ အတွက်ရုန်းကန်နေရတဲ့ ဒီနေရာမှာ ကိုယ်ချင်းစာနာစိတ်တွေ မေတ္တာစိတ်တွေ ကဘယ်နားမှာ ထားထားခဲ့ကြ
လဲ ? အရင်ကအဆင့်အတန်းမြင့်ခဲ့တဲ့ ဒီမြို့ ကြီးမှာ စာနာစိတ်တွေ ကင်းပြီး ရန်ငြိုးတွေ ဘဲ ပြည်လျှံနေတာလား ?ငါ့အတွက်ကို
ရှေ့တန်းတင်ထားတဲ့ အတ္တတွေ ကြားထဲမှာ ကျွန်တော်ဘယ်လိုနေသားကျ အောင် နေထိုင်ရမလဲဆိုတာ ခေါင်းပူအောင် စဉ်း
စားလဲ အဖြေက အန်ကြမလာဘူး............။
လေးပေါ့…
Posted by
အောင်ချမ်းသာ
at
1:21 PM
1 comments
Friday, September 4, 2009
ရန်ကုန်
ရောင်စုံတွေများတဲ့ မြို့  မိုးရွာရင် ရေကြီးတဲ့မြို့ 
တောင်ပေါ်ဒေသမဟုတ်ဘဲ ရေတွေကြီးနေတဲ့မြို့ 
ငါတို့နိုင်ငံရဲ့ မြို့ ကြီးတစ်မြို့ ......
ပတ်ဝန်းကျင်ညစ်ညမ်းမှုတွေနဲ့ ပြည့်လျှံနေတဲ့မြို့ 
တီဗွီစလောင်းတွေ ပွင့်လန်းဝေဆာနေတဲ့မြို့ 
အိုင်တီပညာတွေ အပြေးပြိုင်နေတဲ့မြို့ 
ဒါကတော့ အပြည့်အစုံအလုပ်မရှိရင် လူပိုတစ်ယောက်ဖြစ်သွားတဲ့မြို့ 
ကြီးကောင်စ နေ၀င်ချိန်မှာ တရေးနိုးတတ်တဲ့မြို့ 
ဒီမြို့ လေးက ကောင်မလေးရေ....
ငါ့အတွက် တစ်သက်စာ ပြက္ခဒိန်တွေကို ယူခဲ့ပေးပါ။ လေးပေါ့…
Posted by
အောင်ချမ်းသာ
at
1:51 PM
0
comments
Sunday, May 10, 2009
ဝိုးတ၀ါးလမ်း
အလင်းရောင်မှိန်တဲ့ နေ့ကိုဆုပ်ကိုင်ရင်း
ဝိုးတ၀ါးလမ်းလျှောက် ရတဲ့ရက်တွေ
လွယ်အိတ်တစ်လုံးအပြည့်နဲ့ပေါ့
လွင့်ချင်ရာလွင့်နေခဲ့တဲ့ ငါ့စိတ်က
ငါ့ကိုလှောင်ပြောင်နေတယ်။
ညီမျှခြင်းမရှိတဲ့ ဒီနေရာမှာ
ဆုံးရှုံးမှုတွေက ပင်လယ်လိုဝေနေလေရဲ့
မရေရာမှုနဲ့ ရောင်စုံလူတွေထဲမှာ
တိကျမှုတစ်ခုကို မျှော်လင့်မိခဲ့တယ်။
ဆုံးဖြတ်ချက်တွေ နည်းလမ်းတွေ
ကို အိတ်တစ်ခု ထဲ အလုံပိတ်
တံခါးပိတ်ထားတာလဲ ကြာလှပါပြီ
ဒေါက် ဒေါက် အိမ်ရှင် မရှိတာလား?
ဟိုးမြေပုံကိုကြည့်
အဲ့ဒါ ဘိုးဘွားတွေ ထာဝရ အိပ်စက်နေလေရဲ့
နားစွင့်လိုက်ပါ မျှော်လင့်ချက်ရောင်ခြည်ကို
ဥပက္ခာ မပြုလိုက်ပါနှင့်။
Posted by
အောင်ချမ်းသာ
at
10:51 AM
2
comments
Labels: ကဗျာ
Saturday, April 25, 2009
မိုးလင်းတဲ့ည
အတွေးစတွေပြန့်ကြဲနေတဲ့ ဒီအခန်းထဲမှာ
စိတ်ကိုစုစည်းဖို့ ငါဟာမောပန်းနေတယ်
အလည်လွန်တဲ့ အတွေးတွေနဲ့
ငါဟာမိုးလင်းညတွေ မနည်းတော့ဘူး။
ကဗျာရေးဖို့ ကလောင်တံကိုင်လည်း
တွန့်ကြေနေတဲ့ အတွေးစ က ငါ့ကိုလက်ယှက်ခေါ်လို့
ကျွန်တော့်အတွက် တစ်ပုဒ်လောက် ဆွဲပေးပါတဲ့
သူ့အတွက် တစ်ပုဒ်လောက်ရေးချင်ပေမဲ့
စကားလုံးတွေက အန်ထွက်မလာဘူး
ဆေးလိပ်တိုကိုမီးညှိ တော့လဲ
စကားလုံးတွေက ငါ့ကိုပုန်းနေကြတယ်
အတွေးရေယာဉ်မှာ မျှောနေရင်း
နှစ်ခါမရနိုင်တဲ့ ပုံရိပ်တစ်ခုက ဆွဲဆောင်မှုအပြည့်
ဂီတာကိုင်ပြီး ထိုင်မနေပါနဲ့ မိန်းကလေးရယ်
ငါ့အတွက် အချစ်သီချင်းလေးတစ်ပုဒ် နဲ့
ငါ့ကို အိပ်စက်ဖို့ ဖန်တီးပေးပါလား။
(ချစ်သူငယ်ချင်းအတွက် အမှတ်တရ)
Posted by
အောင်ချမ်းသာ
at
11:32 AM
1 comments
Labels: ကဗျာ
Wednesday, April 15, 2009
ဝေးကွာမှုသို့..
စာရွက်ဟောင်းတစ်ခုလို လုံးချေပြီး
ငါ့ဘ၀ ကိုလွင့်ပစ်လိုက်ပါမိန်းကလေး
တကယ်လို့ နင့်အတွက်ငါဟာ
အသုံးမ၀င်တော့တဲ့ လက်နှီး စုတ်တစ်ခုဆိုရင်
အမှိုက်ပုံးထဲ လွင့်ပစ်လိုက်ပါ။
ဒါပေမဲ့ ဒီကောင်ရင်ဘတ်ထဲမှာ
ချစ်ခြင်းဆိုတဲ့ သံယောဇဉ်တွေကို
ဖြတ်တောက်ဖို့အတွက်တဲ့
နှုံးချိနေခဲ့ရတယ်..........
အချစ်စစ်အတွက် မွေးဖွားလာခဲ့သူကို
ရက်စက်စွာ ဓါးနဲ့ပိုင်းပိုင်းဖြတ်သွားသူ
ငါ့ မျက်နှာ မငြိုးသွားပါဘူး မိန်းကလေး...
ဝေးကွာခြင်းရဲ့ နောက်ကွယ်မှာ
နင်တနေ့ တော့ င့ါချစ်ခြင်းတွေကို
သိလာမှာပါ....မိန်းကလေး။
(ဝေးကွာနေသော ချစ်သူဆီသို့ အမှတ်တရ )
Posted by
အောင်ချမ်းသာ
at
1:19 PM
1 comments
Thursday, April 9, 2009
ကြေကွဲခြင်း
ဝေးကွာခြင်းဆိုတဲ့ အဓိပ္ပါယ်ထဲ
ငါလက်ပစ်ကူးနေရတာ မောလှပြီ
တစ်ခါတစ်ခါ ကြေကွဲခြင်းဆိုတဲ့
ဒဏ်ရာက ငါ့ကို လာပြီးကျီစယ်နေတယ်။
အဆင်သင့်မဖြစ်သေးဘူးဆိုတဲ့
စကားတစ်ခွန်းနဲ့ ဘ၀ကို ဖောင်ဖျက်ခဲ့တယ်
လန်းဆန်းတဲ့ အတွေးခေါ်ကို ငါမော့သောက်ရင်း
ဘ၀ ဟာ အေးမြခဲ့တယ်....
ကမ်းခြေမဲ့နေတဲ့ ဘ၀ထဲမှာ
ငါ လို လူမျိုးအတွက် ယုယကြင်နာခြင်းတွေ
မြေမြုပ် သဂြိုလ် ခဲ့ပြီးပါပြီ....
ကျရှုံးခြင်း တွေကို ငါ ထွန်းညှိ
ကြေကွဲခြင်းတွေနဲ့ ငါ ရွက်လွင့်တော့မယ်။
Posted by
အောင်ချမ်းသာ
at
8:23 PM
4
comments
Sunday, March 29, 2009
စိတ်ရူး
အတာကူးမဲ့ နှစ်ကူးတန်ခူးကို နီးလာလေ ကျွန်တော့စိတ်တွေဟာ တော်တော်လေးကို ရောက်ယှက်ခပ်နေမိတယ်...တောင်ပေါ်ဒေသမှာတော့ နွေရာသီ
တာပြောတယ် အအေးက လုံးဝ ကို မလျော့သေးဘူးလေ။ခုတလော အင်တာနက် ကွန်နက်ရှင်က လဲ မကောင်းတော့ ဘာလုပ်လို့ လုပ်ရမှန်းကိုမသိဘူး ဟိုလိုလို
ဒီလိုလိုနဲ့ 109 110 ဖြစ်နေတယ်။ အရေးထဲ မီးကလဲ မုန့်လုံးရေပေါ်လိုဖြစ်နေတော့ တော်တော်လေးကိုစိတ်ပျက်မိတယ်....အရင်က တစ်ရက်ခြား တစ်ခါလာတဲ့ မီး
ခုတော့ နှစ်ရက်ပေါင်း (၄) နာရီဖြစ်နေတယ်။
စိတ်လေလေနဲ့ ဘီးတောင်လေးမျက်နှာဘုရားပေါ်ကနေ မိုးကုတ်မြို့ လေးရဲ့ ရှုခင်းကိုငှေးနေမိတယ် နွေရာသီရဲ့ မြူတွေကြောင့် မြို့ လေးဟာ တော်
တော်လေးကို ငြီးငွေ့ဖွယ်ကောင်းနေတယ်။အလွမ်းဓါတ်ခံ ရှိတဲ့လူဆိုရင်တော့ ဒီနေရာမှာတင် လဲကျသွားနိုင်လောက်အောင် မြို့ လေးရဲ့ နွေရာသီ မြင်ကွင်းက
ဖမ်းစားထားတယ်..........တောင်ယာစိုက်ပျိုးဖို့အတွက် တောင်ယာသမားတွေရဲ့ တောမီးရှို့  မှုကြောင့် မိုးကုတ်စက်ဝိုင်းကြီးဟာ လုံးဝ ကို အကျဉ်းတန်နေလေရဲ့။
ကျွန်တော့်အတွေးစတွေဟာ ဟိုဟိုဒီဒီလျှောက်တွေးနေမိတယ်....ဒီမြို့ လေးမှာ ကမ္ဘာက သိတဲ့ သာသနာ့အာဇာနည် မိုးကုတ်ဆရာတော်ဘုရားကြီး
ပေါ်ထွက်ခဲ့ဘူးတယ်...ဒီမြို့ လေးကဘဲ ကမ္ဘာကသိတဲ့ န ၀ တ ပတ္တမြားကြီးထွက်ခဲ့ဘူးတယ်...ဒီမြို့ လေးကိုလဲ ကမ္ဘာက သိတဲ့ အမျိုးသမီးတစ်ယောက်လာသွား
ဘူးတယ်.....ဒီမြို့ လေးကိုဘဲ ကျွန်တော်တို့ ဘိုးဘွားတွေရဲ့  သွေးချွေးနဲ့ တည်ဆောက်ခဲ့တယ်။ ခုတော့ ဒီမြို့ လေးဟာ ကျွန်တော်တို့လက်ထဲမှာ ရစရာ မရှိအောင်
ပြိုလဲနေတာ တွေက ကျွန်တော့ရဲ့ စိတ်ကို ၀မ်းနည်းမှုတွေဖြစ်ပေါ်စေတယ်လေ.........
ဒီမြို့  လေးကို ဘယ်သူတွေ အရောင်ဆိုးနေတာလဲ ဆိုတဲ့ ပုစ္ဆာ တစ်ခုရဲ့ အဖြေကို ဘယ်တော့မှဖြေရှင်းနိုင်မှာလဲ ?
ဒီပုစ္ဆာ ကို ဖြေမဲ့ လူတွေက ကောဘာလုပ်နေကြတာလဲ ....အရောင်ဆိုးတဲ့ လူတွေက လဲ ထပ်ပြီး အရောင်တွေဆိုးနေဦးမှာလား...ဆိုတဲ့ အတွေးစကို
ကျွန်တော်ဖယ်ရှားပြီး အင်းပတ်လမ်းအတိုင်း မိုးကုတ် မိုတယ်ထဲကိုဝင်ခဲ့ မိတယ်။ ဘားခန်းထဲ ရောက်တော့ စုတ်ပြတ်နေတဲ့ ကျွန်တော့် အတွေးတွေကို
မြန်မာ ဘီယာ တစ်ခွက်နဲ့ အတူ မျှော ချလိုက်တယ်။။။။ဒါပေမဲ့ ပုစ္ဆာ ရဲ့ အဖြေကိုတော့ လုံးဝ ကို ဖြေချင်ပေမဲ့ ဘယ်တော့မှ ဖြေရမယ်မှန်းမသိသလို ကျွန်တော့
အတွေးစတွေက အနာဂတ်မဲ့ နေတယ်။
ရင်ထဲမှာ အောင့်တက်လာတဲ့ လှိုင်းလုံးကို ပြန်ဖြေချ ဖို့အတွက် ဘားခန်းထဲမှ ၀ိတ်တာ တစ်ယောက်ကို နော်ကတစ်ကပ်ပေးပါ လို့ မှာလိုက်တယ်...
နောက်တစ်ခွက်ရောက်လာတော့ ကျွန်တော်နဲ့ အဝေးကြီးကိုထွက်သွားတဲ့ ကျွန်တော်ချစ်နေရသော ချစ်သူဆီကို အတွေးစလေးက ရောက်သွားတယ် ...
ဒီအချိန်သူဘာလုပ်နေလဲ ငါ့ကိုကော သတိရ ရဲ့လားဆိုတဲ့ ဟောင်းနွမ်းနေတဲ့ အတွေးတွေက တရပ်စပ် ၀င်လာတယ်....ကျွန်တော်နေ့တိုင်း မိုးကုတ်အင်းလေး
ကနေတစ်ဆင့် သူ့ကိုစကားပြောနေတာ သူသိပါ့မလား? လူမသိ ကျခဲ့ရတဲ့ ကျွန်တော့်မျက်ရည်စတွေကို သူသိပါ့မလား ဆိုတဲ့ အတွေးပေါင်းများစွာဟာ
ကျွန်တော့ ဦးနှောက်ကို အလုပ်လုပ်ခိုင်းနေတယ်...............
ကျွန်တော်ရဲ့ အရင်းနှီးဆုံး မိတ်ဆွေကကော ကျွန်တော့အပေါ်နားလည်မှု ရှိရဲ့ လား ?ကျွန်တော့ မိဘတွေက ကောကျွန်တော့်အပေါ်နားလည်မှု ရှိရဲ့လား?
အရောင်ဆိုးနေတဲ့ လူတွေက ကော နားလည်မှု ရှိရဲ့လား? ပုစ္ဆာ ရဲ့ အဖြေကို ဖြေမဲ့ လူတွေကကော ကျွန်တော့ အပေါ်နားလည်မှုရှိရဲ့လား ဆိုတဲ့ အတွေးစတွေနဲ့
အလုပ်လုပ်ရင်း ကျွန်တော့ ညနေခင်းဟာ ရီဝေစွာနဲ့ အိမ်ပြန်ခဲ့ရတယ်လေ..........။
Posted by
အောင်ချမ်းသာ
at
10:19 AM
2
comments
Sunday, February 15, 2009
အပယ်ခံ
နာရီလက်တံတွေကို ကြည့်ပြီး ငါမုန်းတယ်
ငါကြားနေရတာက လှောင်ပြောင်သံလား ?
ဒီလို မှောင်မိုက်လွန်းတဲ့ ညတွေ
ဝါးမြို ခံ နေရတာ ရက်စက်လွန်းပါတယ်။
အပယ်ခံဘ၀မှာ ငါ ဇာတ်မြုပ်ရမှာလား
ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားတဲ့
ငါ့လက်တွေ ကို ငါဖြန့်ကြည့်မိတယ်..
အဲ့ဒါသူပေးတဲ့ ရလဒ်လား ?
အရင် က ရရှိဘူးတဲ့ ငါ့အလင်းရောင်လဲ
ဘယ်မှာ သောင်တင်နေလဲ ငါမသိတော့ဘူး
ငါ့ဘ၀ ကိုက ဇောက်ထိုးဆန်လှပါတယ်။
ငါ့လှေကားထစ်လဲ ခုဆို ယိုယွင်းနေပြီ....
ဟေ့ သွားမနင်းမိစေနဲ့....
ဒါ ငါတို့နှစ်ယောက် တည်ဆောက်ထားတာလေ
အခန်းကျဉ်းလေးထဲမှာ လူမသိကျခဲ့ရတဲ့
ငါ့ မျက်ရည်တွေ ဘယ်အချိန်မှ ခန်းခြောက်မှာလဲ
မိုးလင်းတဲ့ ညပေါင်းလဲ မနည်းတော့ပါဘူး
ပြေလည်မှုတွေ ဘယ်အချိန်မှ နိုးထမှာလဲ
နောက်ဆုံးတော့ ကို့ဘ၀က အပယ်ခံပါ ချစ်သူ...........
(PS. ကျွန်တော်သိပ်ချစ်ရသောချစ်သူနဲ့ အဆင်မပြေလို့ ခံစားရတာလေးတွေ ချရေးလိုက်တာပါ 14.2.2009 )
Posted by
အောင်ချမ်းသာ
at
8:29 PM
1 comments
Labels: ခံစားချက်
Monday, January 5, 2009
အနာဂတ်
ဘယ်သူက စီးမျှောချင်မှာလဲ
ဇာတ်လမ်းတစ်ပုဒ် လိုပြန်ရစ်မနေနဲ့တော့
ပျင်းလှပြီ မေခလာနတ်သမီးကိုစောင့်ရင်း
ဘ၀က အသံပြဲ ကြီးနဲ့အော်နေရတယ်
ဒါကို လူတစ်စုက လက်ခုပ်တီးနေတယ်
ပြောင်းလဲခြင်းတရားကို ဖော်ထုတ်ဖို့အတွက်
မော့ဆက် အဖွဲ့ကို ခေါ်ရမှာလား
ကြယ်တွေကြွေ တိုင်းလဲ ဆုတောင်းမနေနဲ့တော့
မိုးမြေကိုလဲ တိုင်တည်မနေနဲ့တော့
နောက်ဆုံးတော့လည်း ငါတို့လမ်းငါတို့လျှောက်ရမှာဘဲ။
Posted by
အောင်ချမ်းသာ
at
10:30 PM
1 comments
Labels: ကဗျာ
Saturday, January 3, 2009
(၂၀၀၉) အံ့ဘွယ်တောင်တော်သို့ အမှတ်တရ
ကမ္ဘာ့အံ့ဖွယ်တောင် ရဲ့ တောင်လယ်စခန်း (ပန်ထီလာစခန်း)
မနက် (၄)နာရီ ခွဲ လူစ စုကြတယ်လေ ဆရာမအိမ်ရှေ့မှာ
ရွာသာယာ ခေါ် လွယ်ဆာ ရွာ သို့ရောက်ပြီ
စစတက်ခြင်းတော့ တက်တက်ကြွကြွနဲ့ပေါ့
“ဇန်န၀ါရီ (၂) ရက်နေ့ တောင်တက်မယ်လိုက်မှလား” တဲ့ ကျွန်တော့် ကွန်ပျူတာဆရာမ က...“ဟာလိုက်မှာပေါ့လို့ ”ပြောလိုက်တယ်လေ...ခုတလော အထီးကျန်ခြင်းတွေနဲ့ပြည့်နေတဲ့ ကျွန်တော့ ကို
စစချင်း အဖော်လာပြုလိုက်တဲ့ စကားသံလေ...ဘယ်တောင်တက်မှာလဲ...ကမ္ဘာ့ အံဖွယ်တောင်(လွယ်ဆာတောင်)ထိပ်ကိုတက်မှာတဲ့....နှစ်သစ်ကူးအပျော်လေ ပြီးတော့ဆရာမ မွေးနေ့တဲ့ အင်းကောင်းပါတယ်
ကျွန်တော် အဲ့တောင်ထိပ်ကို မတက်တာ တော်တော်ကြာနေပြီဗျ ဆယ်တန်းအောင်ပြီးခါစ 1998 လောက်မှာ တစ်ခါတက်ဖူးတယ် နောက်တော့မတက်တော့ဘူးလေ....ဒီတစ်ခါတော့ ကျွန်တော့်ဝါသနာအရ
ကင်မရာ နဲ့ရှုခင်းတွေကို ကောင်းကောင်းရိုက်ရမယ် ဆိုပြီး စိတ်ထဲက နေ တော်တော်လေးကို ကျုံးဝါးမိတယ်လေ။
ယခုတက်မည့် ကမ္ဘာ့  အံ့ဖွယ် တောင်ကြီးသည် မိုးကုတ်မြို့  မှ (၁၅)မိုင် မိုးမိတ်မြို့  မှ (၁၅) မိုင်အကွာ နယ်ခြား လွယ်ဆာ(ခ)ရွာသာယာ ကားလမ်းမကြီးမှ စတက်ရလျှင် (၅)မိုင်ခန့်အကွာတွင်တည်ရှိသည်။
ပင်လယ်ရေမျက်နှာပြင်အထက်ပေပေါင်း (၇၈၀၄) ပေ အမြင့်ရှိသော တောင်ထွဋ်ဖြစ်သည်....ဤတောင်ကြီး၏ ရာဇ၀င်မှာလဲ ကောဇာသက္ကရာဇ် ၃၈၀ တွင် မိုးမိတ်မြို့  နယ်ပိုင် စော်ဘွားကြီး ဆေတိုင်ဖ ဦးစီး၍ တရုတ်မင်း
ဥတည်ဘွား နှင့် တိုင်ပင်ကာ ပေ ၇၈၀၄-ပေ အမြင့်ရှိသော ထူးခြားသော တောင်ထူးတောင်မြတ် တောင်ကလပ်ကြီး၏ တောင်ထွဋ် တွင် ဌာပနာ ဓါတ်တော်တိုက်တစ်ခု ပြုလုပ်၍တည်ထားပါသည်....ဤဓါတ်တော်တိုက်ကြီး
ကား နှစ်တွေကြာညောင်း၍ချုံ နွယ်ပိတ်များပိတ်ဖုံးကာ သမိုင်းပင် ပျောက်ကွယ်လုမတက်ဖြစ်ခဲ့ပါသည်....။
ကောဇာသက္ကရာဇ် ၁၃၅၉ ခုနှစ်သို့ ရောက်ရှိသောအခါ မိုးမိတ်မြို့  ရွှေကျောင်း စာသင်တိုက် ပဓါန နာယက ဘဒ္ဒ န္တနာဂသေန(အဂ္ဂမဟာပဏ္ဍိတ) ဆရာတော်ကြီးမှ တောင်ကြီးအား ချုံနွယ်ပိတ်ပေါင်းတို့အား ရှင်းလင်း
ကာ ပြန်လည်ဖော်ထုတ်ပြီး အမြင့်ဥာဏ်တော် ၃၇ -တောင်ရှိသောစေတီတော်ကြီးကို တည်ထားကိုးကွယ်ခဲ့ပါသည်။
ဤတောင် ၏ ထူးခြားချက်မှာ ကျောက်တုံးတစ်တုံး တည်းကပင်လျှင် အမြင့်ပေ (၇၀၀၀)ကျော်ထိ မြင့်တက် တည်ရှိနေပါသည်....။
ဒီလောက်မြင့်တဲ့တောင်ကို တက်နိုင်ပါ့မလား...ပြီးတော့ ကိုတက်ရမဲ့ အဖွဲ့က ကိုကအကြီးဆုံး ဖြစ်နေတယ်..မတက်နိုင်ရင် တော့ဒုက္ခဆိုပြီး ရင်ထဲမှာလဲတော်တော်လေးကို တင်းကြပ်နေမိတယ်လေ....
ဇန်န၀ါရီ (၂) ရက် ...မနက်လေးနာရီနိုးဆက်ပေးထားတော့....ချစ်ညီလေး တေဇာ ကိုနိုးပြီး ထထ တော်နေ ဟိုလုပ်ဒီလုပ်နဲ့နောက်ကျနေမယ်ဆိုပြီး နှစ်ယောက်သား ကုန်းရုန်းထပြီး....ပျာယိပျာယာနဲ့ ထွက်ခဲ့တယ်လေ
ဆရာမ ရဲ့  သင်တန်းကို ရောက်တဲ့အထိ ကျွန်တော့အတွေးက ၀င်လာတယ်...ငါဖြစ်ပါ့မလား ငါဖြစ်ပါ့မလား ဆိုပြီး ဒါပေမဲ့ လူစုနေတုန်းဆရာမ က ဟဲ့ ကိုအောင်ချမ်းသာ ထမင်းကြော်သွားစားမယ်ဆိုပြီး...ခေါ်သွားတယ်..
တဖြည်းတဖြည်းနဲ့...ကလေးတွေလည်းရောက်လာကြတယ်.....အားလုံးထမင်းစားပြီးတော့ ....နာရီကြည့်လိုက်တော့ နံနက် (၅)နာရီခွဲနေပြီ ....မိုးကုတ်ဆောင်းတွင်းမနက်ကတော့ ပြောမနေပါနဲ့ လူကို တစ်ကိုယ်လုံးကျင်
နေတယ် လေ အအေးဓါတ်တွေက ဖုံးလွှမ်းလွန်းအားကြီးတယ်.....
ဆရာမ က တော့ သူ့ထုံးစံအတိုင်းကလေးတွေနဲ့ ပျော်နေတယ်လေ....ကဲ စထွက်မယ်လို့လဲ ပြောလိုက်ရော...ဟာ တစ်ယောက်ကျန်သေးတယ်တဲ့ သူ့ကိုသွားခေါ်ရမှာတဲ့......ဆယ်ကျော်သက်ကလေးလေးတွေ
နဲ့နေရတာလဲ တစ်ခါတလေ ကို့စိတ်ကိုနုပျိုစေတယ်ဆိုတဲ့ စကားက တော်တော်မှန်တာဘဲ...မနက်အစောကြီးကို ဆူညံနေကြပြီ....ထမင်းကြော်ပြီးကျွေးတဲ့ အန်တီ တို့လင်မယားကလဲ ချမ်းချမ်းအေးအေးနဲ့ စေတနာတွေပို
ကာ ဟဲ့ကလေးတွေ စားကြနော် နင်တို့ တောင်တက်ရင် ဗိုက်ဆာမှာနော်..ခုထဲက စားထားကျတဲ့...ကလေးတွေကလည်း အပီလွေးနေလိုက်တာ..ကျွန်တော်တို့ အဆောင်နေတုန်းက သူငယ်ချင်းတွေကို အမှတ်ရမိတယ်လေ...
ဆရာမ က ကိုအောင်ချမ်းသာ ရေ စိတ်ညစ်နေပြီလားတဲ့ အာ ဆရာမကလဲ မညစ်ပါဘူး ကျွန်တောင်ပြန်နုသွားသလိုဘဲလို့..ပြောလိုက်တော့ တစ်ဖွဲ့ လုံးပွဲကျသွားတယ်....
ကဲစထွက်မယ်....ဒီတစ်ခါ တစ်ကယ်ထွက်မှာလားတဲ့ ကလေးတစ်ယောက်က ထပ်ပြီးပွဲသွားကျသွားပြန်ရော ......ကဲကဲ ဆိုင်ကယ်ပေါ်တက်ထွက်မယ်...ဆိုပြီ စထွက်ခဲ့ကျတယ်....တစ်လမ်းလုံး အေးစိမ့်နေတာ...မနက် (၆း၂၀) လောက်
မှာ လွယ်ဆာရွာ(ခ)ရွာသာယာကို ရောက်တယ်လေ....ဒီရွာလေးမှာ က ဈေးဆိုင်လေးတွေရှိတော့ ခဏမီးလုံ အနားယူပြီး စတက်ခဲ့ကြတယ်....တက်တက်ခြင်းတော့ အားကျိုးမာန်တက်နဲ့ပေါ့.........
တဖြေးတဖြေး...နဲ့ လျှာထွက်လာပြီ ကလေးမလေးတွေက အမလေး ဆိုပြီးအော်သူအော်နဲ့ တော်တော်လေး လဲ ပျော်ဖို့ကောင်းတယ်.....ကျွန်တော်ကတော့ ဖြေးဖြေးခြင်းတက်ခဲ့တယ်....တောင်ပေါ်ရောက်ရင် စားရမဲ့ ထမင်းထုပ်တွေ
ကို ကောင်လေးတစ်ယောက်က ကျွန်တော့ကို လာပေးထားတယ် ကိုအောင်ချမ်းသာ က လူကြီးဆိုတော့ ဒါလေးလွယ်ပေးပါတဲ့ ရုပ်က စပ်ဖြဲဖြဲနဲ့...အေးရပါတယ်ကွာ ဆိုပြီး အဲ့ဒီ ကျောပိုးအိတ်ကို လွယ်ခဲ့ တာ အမေလေး
လူကို မနည်းတက်နေရတယ်........ကျွန်တော်အရင်တစ်ခါ တက်တုန်းက တော့ ကို က သူတို့လိုအရွယ်လေ..တော်တော်လေးကို တက်တက်ကြွကြွနဲ့ ပေါ့.....အဲ့ဒီတုန်းက ခုလို တောင်ထိပ်ထိ ကားလမ်းမဖောက်ရသေးဘူးလေ.......
တောလမ်းလေးထဲက နေ တက်ရတယ်....အခန့်မတင့်လို့ လမ်းမှားရင်တော့ ရွာတွေလည်ပြီ.....ခုတော့ ကားလမ်းအတိုင်းဖြေးဖြေးခြင်းတက်လို့ရတယ်လေ...လမ်းမှားစရာအကြောင်းလဲမရှိတော့ဘူးလေ.......
ဟူး တောင်တက်ရင်း ဘေးက ရှုခင်းတွေကို ကင်မရာနဲ့ ရိုက်လိုက်....အလုပ်ရှုပ်နေတဲ့ ကျွန်တော်နဲ့ ကျွန်တော့ချစ်ညီလေး တေဇာက တော့ နောက်ဆုံးပေါ့ဗျာ...တစ်လမ်းလုံး ရိုက်နေလိုက်တာ အားလည်းမနာဘူးတဲ့
ကလေးမလေးတွေက နောက်လိုက်နဲ့ တက်လာခဲ့ တာ တောင်လည်စခန်း(ပန်ထီလာစခန်း) ကိုရောက်တော့ ခဏလေးအနားယူကြတယ်လေ...တောင်ကိုတော့မြင်နေ၇ပြီ....ကလေးမလေးတွေ ကောင်လေးတွေက ဟာ အဲ့တောင်
ကြီးကိုဆက်တက်ရဦးမှာ အမလေး....လို့အော်တဲ့လူကအော်နဲ့....ဆူညံပွက်လောကိုရိုက်နေလိုက်ကျတာ...နားကွဲမတက်ဘဲ။ကဲကဲ ဆက်တက်မယ်ဟေ့ လို့ကျွန်တော်က ပြောလိုက်တော့ ကလေးတွေမျက်နှာက တော်တော်လေး
ကို ရယ်ဖို့ကောင်းတဲ့မျက်နှာလေးတွေနဲ့......ဒါပေမဲ့ သူတို့လေးတွေက တော့ အနားယူပြီးတော့ ပြန်လန်းဆန်းတက်ကြွစွာနဲ့ ကဲဟေ့ လာမဝေးတော့ဘူးလို့အော်ပြီး ဆက်တက်ခဲ့ကြတယ်.....................။
လှုပ်စိလှုပ်စိနဲ့ တက်လာလိုက်ကြတာ...ကဲ ရောက်တော့မယ် နောက်တစ်ကွေ့ ဆိုပြီး တစ်ယောက်က နောက်လိုက်နဲ့ တက်လာလိုက်ကြတာ.... ဘုရားတောင်ထိပ်ကို ရောက်ခဲ့တယ်....အနားယူသူက ယူ တောင်ထိပ်စေတီတော်
ကိုသွား ဖူးတဲ့လူက ဖူး....ကျွန်တော်ကတော့ တောင်ထိပ်လဲရောက်ရော လမ်းမှာချွတ်ထားတဲ့ အင်္ကျီတွေပြန်ဝတ်ပြီး ကင်မရာကို အိတ်ထဲက ထုတ်ပြီး ကျွန်တော့်လုပ်ငန်းကိုစတင်ပါလေရော....လေကလည်း တဖြူးဖြူးနဲ့ တိုက်နေလိုက်
တာ လူတောင်ပါသွားမတက်ဘဲ......အံ့မခန်းစေတီတော်ကြီးကို ခုပြန်လည်ပြုပြင်မွမ်းနေတယ်လေ...တောင်ထိပ်မှာ သွားပြီး မိုးကုတ်-မိုးမိတ် ရှုခင်းတွေကို အားရပါးရ ဓါတ်ပုံတွေ ရိုက်ရလွန်းလို့ ကျွန်တော် ပင်ပန်း ရကျိုး နပ်တယ်
ဒီလို အချိန်ရှုခင်းတွေ ကိုရိုက်ရတာ မြူနေဖုံးနေတဲ့ တောင်တန်းတွေကို ရိုက်ရတာ..တော်တော်လေးကို ပီတိဖြစ်မိတယ်...ပြီးတော့ ဆရာတော်ကို သွားဖူးတော့ ဆရာတော့် ဆုပေးသံကလဲ ပင်ပန်းသမျှကို ပြေပျောက်စေတယ်။
ရင်ထဲမှာ တော့ ဆရာမ မခိုင်ကိုလည်း ကျေးဇူးးတင်နေမိတယ်...သူလာမခေါ်ရင် လည်း ကျွန်တော်ဒီတောင်ကိုတက်ဖို့ဆိုတာမဖြစ်နိုင်ဘူးလေ....သူ့မွေးနေ့မှာ ဒီအံ့မခန်းတောင်ကြီးကိုတက်ဖို့လာခေါ်တဲ့အတွက်...
ဆရာမ မခိုင်ရဲ့မွေးနေ့မှသည် နှောင်နှစ်ပေါင်းများစွာအထိ ပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါသည်။
(P.S) ၂၀၀၉ ခုနှစ် နှစ်သစ်မှာ တောင်တက်ခြင်းသည် မိုးကုတ်မြို့ သူမြို့ သားတွေရဲ့ ထုံးတမ်းဓလေ့ လိုဖြစ်နေပါသည်..ဤပို့စ်ကိုရေးသားရခြင်းမှာ အဝေးရောက် သောမိုးကုတ်မြို့ သူမြို့သားနှင့် ကျွန်တော့် အချစ်ရဆုံးသူငယ်ချင်း
တွေအတွက် အမှတ်တရ ရေးလိုက်ရခြင်းဖြစ်ပါသည်။ နှစ်သစ်မှာ အားလုံးပျော်ရွင်နိုင်ကြပါစေ။ ဗမာပြည်သူအပေါင်းလဲဤနှစ်သစ်မှာ ဆင်းရဲဒုက္ခမှ အမြန်ဆုံးလွတ်မြောက်နိုင်ပါစေ။
ဒါကတော့ ကျွန်တော်နဲ့ အတူတောင်တက်ခဲ့ ကြသော ညီ၊ ညီမလေးများအား အမှတ်တရ
မောတယ်...နားဦးမယ်
ကဲ ပါတာလေးတွေထုပ် စားကြမယ်ဟေ့
မောမောနဲ့စားနေလိုက်ကြတာ
ရာသီ ဥတု အမျိုးမျိုးပြောင်းနေတဲ့ ကမ္ဘာ့ အံ့ဘွယ်တောင်တော်
ဆရာတော်ကို ၀င်ရောက်ဖူးမျှော် ကန်တော့ကြနေစဉ်
စေတီတော်ကြီးအား ပြန်လည်မွမ်းမံနေပုံ မိုးကုတ်ဘက်က ရှုခင်းပုံလေ
ဒါကတော့ မိုးမိတ်ဘက်က ရှုခင်းပုံလေ
ကျောက်သားအမြင့်ပေါ်တွင် တည်ထားသော အံ့ဘွယ်တောင်စေတီတော်
ချစ်ညီလေး တေဇာနဲ့ အမှတ်တရ...မောလွန်းလို့ ဗျာ...
တောင်လယ်စခန်း က လီဆူ ကလေးကလေး
တောင်လယ်စခန်း မရောက်ခင်ခရီးတစ်ထောက်နားမယ်- လူစု ဓါတ်ပုံရိုက်
တောင်လယ်စခန်းကနေ တောင်ထိပ်ကို လှမ်းမြင်နေရပြီ ဆက်တက်ရမယ်
ခဏခဏနားနေလိုက်ကြတာနော်.....
လေးပေါ့…
Posted by
အောင်ချမ်းသာ
at
8:33 PM
3
comments
Labels: ကိုယ်တွေ့လေးပါဗျာ။