နာရီလက်တံတွေကို ကြည့်ပြီး ငါမုန်းတယ်
ငါကြားနေရတာက လှောင်ပြောင်သံလား ?
ဒီလို မှောင်မိုက်လွန်းတဲ့ ညတွေ
ဝါးမြို ခံ နေရတာ ရက်စက်လွန်းပါတယ်။
အပယ်ခံဘ၀မှာ ငါ ဇာတ်မြုပ်ရမှာလား
ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားတဲ့
ငါ့လက်တွေ ကို ငါဖြန့်ကြည့်မိတယ်..
အဲ့ဒါသူပေးတဲ့ ရလဒ်လား ?
အရင် က ရရှိဘူးတဲ့ ငါ့အလင်းရောင်လဲ
ဘယ်မှာ သောင်တင်နေလဲ ငါမသိတော့ဘူး
ငါ့ဘ၀ ကိုက ဇောက်ထိုးဆန်လှပါတယ်။
ငါ့လှေကားထစ်လဲ ခုဆို ယိုယွင်းနေပြီ....
ဟေ့ သွားမနင်းမိစေနဲ့....
ဒါ ငါတို့နှစ်ယောက် တည်ဆောက်ထားတာလေ
အခန်းကျဉ်းလေးထဲမှာ လူမသိကျခဲ့ရတဲ့
ငါ့ မျက်ရည်တွေ ဘယ်အချိန်မှ ခန်းခြောက်မှာလဲ
မိုးလင်းတဲ့ ညပေါင်းလဲ မနည်းတော့ပါဘူး
ပြေလည်မှုတွေ ဘယ်အချိန်မှ နိုးထမှာလဲ
နောက်ဆုံးတော့ ကို့ဘ၀က အပယ်ခံပါ ချစ်သူ...........
(PS. ကျွန်တော်သိပ်ချစ်ရသောချစ်သူနဲ့ အဆင်မပြေလို့ ခံစားရတာလေးတွေ ချရေးလိုက်တာပါ 14.2.2009 )
Sunday, February 15, 2009
အပယ်ခံ
Posted by
အောင်ချမ်းသာ
at
8:29 PM
1 comments
Labels: ခံစားချက်
Monday, January 5, 2009
အနာဂတ်
ဘယ်သူက စီးမျှောချင်မှာလဲ
ဇာတ်လမ်းတစ်ပုဒ် လိုပြန်ရစ်မနေနဲ့တော့
ပျင်းလှပြီ မေခလာနတ်သမီးကိုစောင့်ရင်း
ဘ၀က အသံပြဲ ကြီးနဲ့အော်နေရတယ်
ဒါကို လူတစ်စုက လက်ခုပ်တီးနေတယ်
ပြောင်းလဲခြင်းတရားကို ဖော်ထုတ်ဖို့အတွက်
မော့ဆက် အဖွဲ့ကို ခေါ်ရမှာလား
ကြယ်တွေကြွေ တိုင်းလဲ ဆုတောင်းမနေနဲ့တော့
မိုးမြေကိုလဲ တိုင်တည်မနေနဲ့တော့
နောက်ဆုံးတော့လည်း ငါတို့လမ်းငါတို့လျှောက်ရမှာဘဲ။
Posted by
အောင်ချမ်းသာ
at
10:30 PM
1 comments
Labels: ကဗျာ
Saturday, January 3, 2009
(၂၀၀၉) အံ့ဘွယ်တောင်တော်သို့ အမှတ်တရ
ကမ္ဘာ့အံ့ဖွယ်တောင် ရဲ့ တောင်လယ်စခန်း (ပန်ထီလာစခန်း)
မနက် (၄)နာရီ ခွဲ လူစ စုကြတယ်လေ ဆရာမအိမ်ရှေ့မှာ
ရွာသာယာ ခေါ် လွယ်ဆာ ရွာ သို့ရောက်ပြီ
စစတက်ခြင်းတော့ တက်တက်ကြွကြွနဲ့ပေါ့
“ဇန်န၀ါရီ (၂) ရက်နေ့ တောင်တက်မယ်လိုက်မှလား” တဲ့ ကျွန်တော့် ကွန်ပျူတာဆရာမ က...“ဟာလိုက်မှာပေါ့လို့ ”ပြောလိုက်တယ်လေ...ခုတလော အထီးကျန်ခြင်းတွေနဲ့ပြည့်နေတဲ့ ကျွန်တော့ ကို
စစချင်း အဖော်လာပြုလိုက်တဲ့ စကားသံလေ...ဘယ်တောင်တက်မှာလဲ...ကမ္ဘာ့ အံဖွယ်တောင်(လွယ်ဆာတောင်)ထိပ်ကိုတက်မှာတဲ့....နှစ်သစ်ကူးအပျော်လေ ပြီးတော့ဆရာမ မွေးနေ့တဲ့ အင်းကောင်းပါတယ်
ကျွန်တော် အဲ့တောင်ထိပ်ကို မတက်တာ တော်တော်ကြာနေပြီဗျ ဆယ်တန်းအောင်ပြီးခါစ 1998 လောက်မှာ တစ်ခါတက်ဖူးတယ် နောက်တော့မတက်တော့ဘူးလေ....ဒီတစ်ခါတော့ ကျွန်တော့်ဝါသနာအရ
ကင်မရာ နဲ့ရှုခင်းတွေကို ကောင်းကောင်းရိုက်ရမယ် ဆိုပြီး စိတ်ထဲက နေ တော်တော်လေးကို ကျုံးဝါးမိတယ်လေ။
ယခုတက်မည့် ကမ္ဘာ့  အံ့ဖွယ် တောင်ကြီးသည် မိုးကုတ်မြို့  မှ (၁၅)မိုင် မိုးမိတ်မြို့  မှ (၁၅) မိုင်အကွာ နယ်ခြား လွယ်ဆာ(ခ)ရွာသာယာ ကားလမ်းမကြီးမှ စတက်ရလျှင် (၅)မိုင်ခန့်အကွာတွင်တည်ရှိသည်။
ပင်လယ်ရေမျက်နှာပြင်အထက်ပေပေါင်း (၇၈၀၄) ပေ အမြင့်ရှိသော တောင်ထွဋ်ဖြစ်သည်....ဤတောင်ကြီး၏ ရာဇ၀င်မှာလဲ ကောဇာသက္ကရာဇ် ၃၈၀ တွင် မိုးမိတ်မြို့  နယ်ပိုင် စော်ဘွားကြီး ဆေတိုင်ဖ ဦးစီး၍ တရုတ်မင်း
ဥတည်ဘွား နှင့် တိုင်ပင်ကာ ပေ ၇၈၀၄-ပေ အမြင့်ရှိသော ထူးခြားသော တောင်ထူးတောင်မြတ် တောင်ကလပ်ကြီး၏ တောင်ထွဋ် တွင် ဌာပနာ ဓါတ်တော်တိုက်တစ်ခု ပြုလုပ်၍တည်ထားပါသည်....ဤဓါတ်တော်တိုက်ကြီး
ကား နှစ်တွေကြာညောင်း၍ချုံ နွယ်ပိတ်များပိတ်ဖုံးကာ သမိုင်းပင် ပျောက်ကွယ်လုမတက်ဖြစ်ခဲ့ပါသည်....။
ကောဇာသက္ကရာဇ် ၁၃၅၉ ခုနှစ်သို့ ရောက်ရှိသောအခါ မိုးမိတ်မြို့  ရွှေကျောင်း စာသင်တိုက် ပဓါန နာယက ဘဒ္ဒ န္တနာဂသေန(အဂ္ဂမဟာပဏ္ဍိတ) ဆရာတော်ကြီးမှ တောင်ကြီးအား ချုံနွယ်ပိတ်ပေါင်းတို့အား ရှင်းလင်း
ကာ ပြန်လည်ဖော်ထုတ်ပြီး အမြင့်ဥာဏ်တော် ၃၇ -တောင်ရှိသောစေတီတော်ကြီးကို တည်ထားကိုးကွယ်ခဲ့ပါသည်။
ဤတောင် ၏ ထူးခြားချက်မှာ ကျောက်တုံးတစ်တုံး တည်းကပင်လျှင် အမြင့်ပေ (၇၀၀၀)ကျော်ထိ မြင့်တက် တည်ရှိနေပါသည်....။
ဒီလောက်မြင့်တဲ့တောင်ကို တက်နိုင်ပါ့မလား...ပြီးတော့ ကိုတက်ရမဲ့ အဖွဲ့က ကိုကအကြီးဆုံး ဖြစ်နေတယ်..မတက်နိုင်ရင် တော့ဒုက္ခဆိုပြီး ရင်ထဲမှာလဲတော်တော်လေးကို တင်းကြပ်နေမိတယ်လေ....
ဇန်န၀ါရီ (၂) ရက် ...မနက်လေးနာရီနိုးဆက်ပေးထားတော့....ချစ်ညီလေး တေဇာ ကိုနိုးပြီး ထထ တော်နေ ဟိုလုပ်ဒီလုပ်နဲ့နောက်ကျနေမယ်ဆိုပြီး နှစ်ယောက်သား ကုန်းရုန်းထပြီး....ပျာယိပျာယာနဲ့ ထွက်ခဲ့တယ်လေ
ဆရာမ ရဲ့  သင်တန်းကို ရောက်တဲ့အထိ ကျွန်တော့အတွေးက ၀င်လာတယ်...ငါဖြစ်ပါ့မလား ငါဖြစ်ပါ့မလား ဆိုပြီး ဒါပေမဲ့ လူစုနေတုန်းဆရာမ က ဟဲ့ ကိုအောင်ချမ်းသာ ထမင်းကြော်သွားစားမယ်ဆိုပြီး...ခေါ်သွားတယ်..
တဖြည်းတဖြည်းနဲ့...ကလေးတွေလည်းရောက်လာကြတယ်.....အားလုံးထမင်းစားပြီးတော့ ....နာရီကြည့်လိုက်တော့ နံနက် (၅)နာရီခွဲနေပြီ ....မိုးကုတ်ဆောင်းတွင်းမနက်ကတော့ ပြောမနေပါနဲ့ လူကို တစ်ကိုယ်လုံးကျင်
နေတယ် လေ အအေးဓါတ်တွေက ဖုံးလွှမ်းလွန်းအားကြီးတယ်.....
ဆရာမ က တော့ သူ့ထုံးစံအတိုင်းကလေးတွေနဲ့ ပျော်နေတယ်လေ....ကဲ စထွက်မယ်လို့လဲ ပြောလိုက်ရော...ဟာ တစ်ယောက်ကျန်သေးတယ်တဲ့ သူ့ကိုသွားခေါ်ရမှာတဲ့......ဆယ်ကျော်သက်ကလေးလေးတွေ
နဲ့နေရတာလဲ တစ်ခါတလေ ကို့စိတ်ကိုနုပျိုစေတယ်ဆိုတဲ့ စကားက တော်တော်မှန်တာဘဲ...မနက်အစောကြီးကို ဆူညံနေကြပြီ....ထမင်းကြော်ပြီးကျွေးတဲ့ အန်တီ တို့လင်မယားကလဲ ချမ်းချမ်းအေးအေးနဲ့ စေတနာတွေပို
ကာ ဟဲ့ကလေးတွေ စားကြနော် နင်တို့ တောင်တက်ရင် ဗိုက်ဆာမှာနော်..ခုထဲက စားထားကျတဲ့...ကလေးတွေကလည်း အပီလွေးနေလိုက်တာ..ကျွန်တော်တို့ အဆောင်နေတုန်းက သူငယ်ချင်းတွေကို အမှတ်ရမိတယ်လေ...
ဆရာမ က ကိုအောင်ချမ်းသာ ရေ စိတ်ညစ်နေပြီလားတဲ့ အာ ဆရာမကလဲ မညစ်ပါဘူး ကျွန်တောင်ပြန်နုသွားသလိုဘဲလို့..ပြောလိုက်တော့ တစ်ဖွဲ့ လုံးပွဲကျသွားတယ်....
ကဲစထွက်မယ်....ဒီတစ်ခါ တစ်ကယ်ထွက်မှာလားတဲ့ ကလေးတစ်ယောက်က ထပ်ပြီးပွဲသွားကျသွားပြန်ရော ......ကဲကဲ ဆိုင်ကယ်ပေါ်တက်ထွက်မယ်...ဆိုပြီ စထွက်ခဲ့ကျတယ်....တစ်လမ်းလုံး အေးစိမ့်နေတာ...မနက် (၆း၂၀) လောက်
မှာ လွယ်ဆာရွာ(ခ)ရွာသာယာကို ရောက်တယ်လေ....ဒီရွာလေးမှာ က ဈေးဆိုင်လေးတွေရှိတော့ ခဏမီးလုံ အနားယူပြီး စတက်ခဲ့ကြတယ်....တက်တက်ခြင်းတော့ အားကျိုးမာန်တက်နဲ့ပေါ့.........
တဖြေးတဖြေး...နဲ့ လျှာထွက်လာပြီ ကလေးမလေးတွေက အမလေး ဆိုပြီးအော်သူအော်နဲ့ တော်တော်လေး လဲ ပျော်ဖို့ကောင်းတယ်.....ကျွန်တော်ကတော့ ဖြေးဖြေးခြင်းတက်ခဲ့တယ်....တောင်ပေါ်ရောက်ရင် စားရမဲ့ ထမင်းထုပ်တွေ
ကို ကောင်လေးတစ်ယောက်က ကျွန်တော့ကို လာပေးထားတယ် ကိုအောင်ချမ်းသာ က လူကြီးဆိုတော့ ဒါလေးလွယ်ပေးပါတဲ့ ရုပ်က စပ်ဖြဲဖြဲနဲ့...အေးရပါတယ်ကွာ ဆိုပြီး အဲ့ဒီ ကျောပိုးအိတ်ကို လွယ်ခဲ့ တာ အမေလေး
လူကို မနည်းတက်နေရတယ်........ကျွန်တော်အရင်တစ်ခါ တက်တုန်းက တော့ ကို က သူတို့လိုအရွယ်လေ..တော်တော်လေးကို တက်တက်ကြွကြွနဲ့ ပေါ့.....အဲ့ဒီတုန်းက ခုလို တောင်ထိပ်ထိ ကားလမ်းမဖောက်ရသေးဘူးလေ.......
တောလမ်းလေးထဲက နေ တက်ရတယ်....အခန့်မတင့်လို့ လမ်းမှားရင်တော့ ရွာတွေလည်ပြီ.....ခုတော့ ကားလမ်းအတိုင်းဖြေးဖြေးခြင်းတက်လို့ရတယ်လေ...လမ်းမှားစရာအကြောင်းလဲမရှိတော့ဘူးလေ.......
ဟူး တောင်တက်ရင်း ဘေးက ရှုခင်းတွေကို ကင်မရာနဲ့ ရိုက်လိုက်....အလုပ်ရှုပ်နေတဲ့ ကျွန်တော်နဲ့ ကျွန်တော့ချစ်ညီလေး တေဇာက တော့ နောက်ဆုံးပေါ့ဗျာ...တစ်လမ်းလုံး ရိုက်နေလိုက်တာ အားလည်းမနာဘူးတဲ့
ကလေးမလေးတွေက နောက်လိုက်နဲ့ တက်လာခဲ့ တာ တောင်လည်စခန်း(ပန်ထီလာစခန်း) ကိုရောက်တော့ ခဏလေးအနားယူကြတယ်လေ...တောင်ကိုတော့မြင်နေ၇ပြီ....ကလေးမလေးတွေ ကောင်လေးတွေက ဟာ အဲ့တောင်
ကြီးကိုဆက်တက်ရဦးမှာ အမလေး....လို့အော်တဲ့လူကအော်နဲ့....ဆူညံပွက်လောကိုရိုက်နေလိုက်ကျတာ...နားကွဲမတက်ဘဲ။ကဲကဲ ဆက်တက်မယ်ဟေ့ လို့ကျွန်တော်က ပြောလိုက်တော့ ကလေးတွေမျက်နှာက တော်တော်လေး
ကို ရယ်ဖို့ကောင်းတဲ့မျက်နှာလေးတွေနဲ့......ဒါပေမဲ့ သူတို့လေးတွေက တော့ အနားယူပြီးတော့ ပြန်လန်းဆန်းတက်ကြွစွာနဲ့ ကဲဟေ့ လာမဝေးတော့ဘူးလို့အော်ပြီး ဆက်တက်ခဲ့ကြတယ်.....................။
လှုပ်စိလှုပ်စိနဲ့ တက်လာလိုက်ကြတာ...ကဲ ရောက်တော့မယ် နောက်တစ်ကွေ့ ဆိုပြီး တစ်ယောက်က နောက်လိုက်နဲ့ တက်လာလိုက်ကြတာ.... ဘုရားတောင်ထိပ်ကို ရောက်ခဲ့တယ်....အနားယူသူက ယူ တောင်ထိပ်စေတီတော်
ကိုသွား ဖူးတဲ့လူက ဖူး....ကျွန်တော်ကတော့ တောင်ထိပ်လဲရောက်ရော လမ်းမှာချွတ်ထားတဲ့ အင်္ကျီတွေပြန်ဝတ်ပြီး ကင်မရာကို အိတ်ထဲက ထုတ်ပြီး ကျွန်တော့်လုပ်ငန်းကိုစတင်ပါလေရော....လေကလည်း တဖြူးဖြူးနဲ့ တိုက်နေလိုက်
တာ လူတောင်ပါသွားမတက်ဘဲ......အံ့မခန်းစေတီတော်ကြီးကို ခုပြန်လည်ပြုပြင်မွမ်းနေတယ်လေ...တောင်ထိပ်မှာ သွားပြီး မိုးကုတ်-မိုးမိတ် ရှုခင်းတွေကို အားရပါးရ ဓါတ်ပုံတွေ ရိုက်ရလွန်းလို့ ကျွန်တော် ပင်ပန်း ရကျိုး နပ်တယ်
ဒီလို အချိန်ရှုခင်းတွေ ကိုရိုက်ရတာ မြူနေဖုံးနေတဲ့ တောင်တန်းတွေကို ရိုက်ရတာ..တော်တော်လေးကို ပီတိဖြစ်မိတယ်...ပြီးတော့ ဆရာတော်ကို သွားဖူးတော့ ဆရာတော့် ဆုပေးသံကလဲ ပင်ပန်းသမျှကို ပြေပျောက်စေတယ်။
ရင်ထဲမှာ တော့ ဆရာမ မခိုင်ကိုလည်း ကျေးဇူးးတင်နေမိတယ်...သူလာမခေါ်ရင် လည်း ကျွန်တော်ဒီတောင်ကိုတက်ဖို့ဆိုတာမဖြစ်နိုင်ဘူးလေ....သူ့မွေးနေ့မှာ ဒီအံ့မခန်းတောင်ကြီးကိုတက်ဖို့လာခေါ်တဲ့အတွက်...
ဆရာမ မခိုင်ရဲ့မွေးနေ့မှသည် နှောင်နှစ်ပေါင်းများစွာအထိ ပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါသည်။
(P.S) ၂၀၀၉ ခုနှစ် နှစ်သစ်မှာ တောင်တက်ခြင်းသည် မိုးကုတ်မြို့ သူမြို့ သားတွေရဲ့ ထုံးတမ်းဓလေ့ လိုဖြစ်နေပါသည်..ဤပို့စ်ကိုရေးသားရခြင်းမှာ အဝေးရောက် သောမိုးကုတ်မြို့ သူမြို့သားနှင့် ကျွန်တော့် အချစ်ရဆုံးသူငယ်ချင်း
တွေအတွက် အမှတ်တရ ရေးလိုက်ရခြင်းဖြစ်ပါသည်။ နှစ်သစ်မှာ အားလုံးပျော်ရွင်နိုင်ကြပါစေ။ ဗမာပြည်သူအပေါင်းလဲဤနှစ်သစ်မှာ ဆင်းရဲဒုက္ခမှ အမြန်ဆုံးလွတ်မြောက်နိုင်ပါစေ။
ဒါကတော့ ကျွန်တော်နဲ့ အတူတောင်တက်ခဲ့ ကြသော ညီ၊ ညီမလေးများအား အမှတ်တရ
မောတယ်...နားဦးမယ်
ကဲ ပါတာလေးတွေထုပ် စားကြမယ်ဟေ့
မောမောနဲ့စားနေလိုက်ကြတာ
ရာသီ ဥတု အမျိုးမျိုးပြောင်းနေတဲ့ ကမ္ဘာ့ အံ့ဘွယ်တောင်တော်
ဆရာတော်ကို ၀င်ရောက်ဖူးမျှော် ကန်တော့ကြနေစဉ်
စေတီတော်ကြီးအား ပြန်လည်မွမ်းမံနေပုံ မိုးကုတ်ဘက်က ရှုခင်းပုံလေ
ဒါကတော့ မိုးမိတ်ဘက်က ရှုခင်းပုံလေ
ကျောက်သားအမြင့်ပေါ်တွင် တည်ထားသော အံ့ဘွယ်တောင်စေတီတော်
ချစ်ညီလေး တေဇာနဲ့ အမှတ်တရ...မောလွန်းလို့ ဗျာ...
တောင်လယ်စခန်း က လီဆူ ကလေးကလေး
တောင်လယ်စခန်း မရောက်ခင်ခရီးတစ်ထောက်နားမယ်- လူစု ဓါတ်ပုံရိုက်
တောင်လယ်စခန်းကနေ တောင်ထိပ်ကို လှမ်းမြင်နေရပြီ ဆက်တက်ရမယ်
ခဏခဏနားနေလိုက်ကြတာနော်.....
လေးပေါ့…
Posted by
အောင်ချမ်းသာ
at
8:33 PM
3
comments
Labels: ကိုယ်တွေ့လေးပါဗျာ။
Wednesday, December 31, 2008
နှုတ်ဆက်ခဲ့တယ် ၂၀၀၈
ဘာလိုလိုနဲ့ ၂၀၀၈ ခုနှစ်က ကုန်တော့မှာပါလား....ဟောင်းနွမ်းသွားတဲ့ ၂၀၀၈ ရေ ကျွန်တော်နှုတ်ဆက်ခဲ့ပါတယ်
လွမ်းစရာတွေပြည့်နေတဲ့ ၂၀၀၈ ၊ ရင်နာစရာတွေပြည့်နေတဲ့ ၂၀၀၈ ရေ ယနေ့ည ၁၂း၀၀ နာရီ ဆိုခင်ဗျားကို ကျွန်တော် နူတ်ဆက်ရတော့
မယ်လေ။ ၂၀၀၈ မှာဖြစ်ပျက်ခဲ့တဲ့ အမှတ်တရတွေ ကတော့ ရင်ထဲမှာ တောင်လိုပုံနေတယ်ဗျာ...ကျွန်တော့် အချစ်ဆုံးအစ်ကို ကြီး က
ဒီ ၂၀၀၈ ထဲမှာ မိသားစုနဲ့ ၁၃ နှစ်ဝေးကွာခဲ့ရတယ်...သူကော ဒီ ၂၀၀၈ ကို အခန်းကျဉ်းလေးထဲက နေ နူတ်ဆက်နေမှာလား....
ချစ်ရသော သူငယ်ချင်းတွေကတော့ ကျွန်တော့်ကို ၂၀၀၈ ထဲမှာ ဘဲ နူတ်ဆက်ခဲ့တယ်.....နောက်ဆုံးတော့လဲ ကျွန်တော် တစ်
ကိုယ်တည်း ဒီနေ့ လဲ ကျွန်တော့်ချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ ကုလားမ က နိုင်ငံခြားကို ထွက်ဖို့ ကျွန်တော့် ကိုခွဲသွားခဲ့တယ်......ကျွန်တော်သိပ်
ချစ်ရသော ကျွန်တော့ချစ်သူကလဲ ဒီ ၂၀၀၈ မှာဘဲကျွန်တော့ကိုထားသွားခဲ့တယ်လေ.....
၂၀၀၈ ခုနှစ် ထဲမှာ နာဂစ် ဆိုတဲ့ မုန်တို်င်းကြီးက တော်တော်ရက်စက်သွားခဲ့တယ် မြန်မာပြည်သူတွေ မျက်ရည် ကျခဲ့ရတယ်
အိပ်မက်ဆိုးကြီးက တော်တော်ကို ခြောက်လန့်ခဲ့တယ်.....ပျက်စီးဆုံးရှုံးမှုတွေဖြစ်ခဲ့ရတယ်......တစ်ကမ္ဘာလုံးလဲ စီးပွားရေး ကပ်ကြီင်္းကို
ဒီ ၂၀၀၈ ထဲမှာဘဲ ယဉ်ဆိုင်ခဲ့ရတယ်......
မြန်မာပြည်က လူတွေက ကော ဘာတွေဆက်လုပ်ကြမလဲ....ဘာတွေယဉ်ဆိုင်ကြဦးမှာလဲ....ဘာတွေပြောင်းလဲသွားဦးမှာလဲ။
ဒီလိုဘဲ အကျပ်အတည်းတွေနဲ့ ဘဲ ရှင်သန်နေရဦးမှာလား။
ကျွန်တော်သိပ်ချစ်ရသောလေးစားရသော လူတွေက ကော ဘာတွေဆက်ဖြစ်လာဦးမှာလဲ သူတို့လိုလူမျိုးတွေ ကော မြန်မာ
ပြည် မှာထပ်ပေါ်လာပါ့ဦးမှလား လို့ ကျွန်တော်စိုးရိမ်မိတယ်။ကျွန်တော်တို့လို လူငယ်မျိုးဆက်သစ်လေးတွေက ကော ဒီအကြောင်းအရာ
တွေကို ၂၀၀၉ ခုနှစ်ရောက်ရင် စိတ်ဝင်စားနိုင်ပါ့မလားဆိုတဲ့ အတွေးတွေက ကျွန်တော့ဦးခေါင်းထဲမှာ ရှုပ်ထွေးနေမိတယ်.....
၂၀၀၉ ခုနှစ် မှာ ဗမာ ပြည်သူအပေါင်း နှင့်တကွ လူသတ္တ၀ါ အပေါင်းတို့သည် ကိုယ်၏ကျန်းမာခြင်း.....စိတ်၏အေးငြိမ်းခြင်း
နှင့်ပြည့်စုံကြပါစေ လို့ ကျွန်တော့ ရင်ထဲမှ ခံစားချက်လေးကို တင်ပြလိုက်ပါတယ်။
Posted by
အောင်ချမ်းသာ
at
8:06 PM
2
comments
Labels: သတိရခြင်း....
Wednesday, December 24, 2008
အလွမ်းနာ
ဒီဇင်ဘာလ အအေးဒဏ်ကို အထီးကျန်ခြင်းနဲ့
ငါ တစ်ယောက်တည်း ကျောက်ချနေရတယ်
နေရာသစ်မှာ မင်းရယ် သံတွေကို
ငါ ကြားနေရတယ်.......
ပြက္ခဒိန်တွေပေါ်က ဂဏန်းတိုင်းမှာ....
ငါကြားခဲ့ ရတဲ့ ချိုမြ သံလေး ခုတော့
ငါကြားနေရတာက ရင်ကွဲသံစဉ်
အလွမ်းနာတွေ ကျလွန်းလို့
လမင်းက ငါ့ကို သနားနေတယ်
အလွမ်းတွေပုံ ဖော်ရင်း
ငါ ဟာ နေ့တိုင်း သိုင်းကွက်တစ်ရာ
နင်း ခဲ့ရတယ်.....
လမ်းဘေး ဓါတ်မီးတိုင်တွေတောင်
လှောင်ပြုံးပြုံး နေကြတယ် မိန်းကလေး...........
ငါ့ အတွက် အသာယာဆုံးလို့ထင်ခဲ့ တဲ့
ဟောဒီ စိမ်းလန်းတဲ့ ကွင်းပြင်ကြီးက
ခုဆို ကန္တာရ လို ခြောက်ကပ်နေပြီလေ....
Posted by
အောင်ချမ်းသာ
at
3:52 PM
1 comments
Tuesday, December 16, 2008
ဒီဇင်ဘာလ မိုးကုတ်ရှုခင်း
ဒီဇင်ဘာလ တော်တော်လေးကိုအေးနေတယ် မြို့ လေးထဲမှာလဲ နှင်းမြူတွေဆိုင်းနေတယ်...ချစ်သူငယ်ချင်းတွေနဲ့ ဓါတ်ပုံ
လိုက်ရိုက်ဖို့ ချိန်းထားတာနဲ့ စောစောစီးစီး လိုက်ရိုက်မယ်ဆိုပြီးလေညင်းသာလက်ဖက်ရည်ဆိုင်မှာ စောင့်နေတယ်....ချစ်သူငယ်ချင်း
တွေ တစ်ယောက်ပြီးတစ်ယောက်ရောက်လာဖို့အတွက် စောင့်နေရတာ စိတ်ထဲမှာ တော်တော်လေးကြာတယ်လို့ထင်မိတယ်။
ကျွန်တော့်စိတ်က ငယ်စဉ်က ကလေးဘ၀ကို ပြန်သတိရမိတယ်..ချမ်းအေးလှတဲ့ ဒီမြို့ လေးထဲမှာ ငယ်စဉ်ကကျောင်းတက်
ခဲ့တာတွေကိုပြန်သတိရမိတယ်..မနက်စောစော ထရမှာကို ငယ်စဉ်က အရမ်းကြောက်မိတယ်...“သားရေ ထတော့ ကျူရှင်သွားရဦးမယ်
ထတော့ ထတော့ သူငယ်ချင်းတွေ လာခေါ်မှ ထရင်အားနာဖို့ ကောင်းတယ်” ဆောင်းတွင်း မှာလာနိုးတဲ့ မေမေ့ အသံကိုပြန်ကြားမိတယ်။
ဆောင်းတွင်းကာလ ရဲ့  မနက်စောစော အနွေးထည်အင်္ကျီ အထူတွေ လက်အိတ်အထူတွေ ၀တ်ပြီး သူငယ်ချင်းတွေနဲ့ ကျူ
ရှင်သွားတဲ့ အချိန်လေးတွေကို ပြန်သတိရမိတယ်....မိုးကုတ်ဆောင်းတွင်းရဲ့ အအေးဒဏ်ကို တစ်နှစ်ထက်တစ်နှစ် ခံနိုင်ရည် ရှိဖို့
မိုးကုတ်မြို့ နေလူထုတွေ တော်တော်ရုန်းကန်နေရတယ်..မြို့ လေးမှာရှိတဲ့ သစ်တောတွေက လဲ တော်တော်ကိုပြုန်းနေတယ်လေ...
ဘယ်နားကြည့်ကြည့် တောင်ကတုံးလေးတွေ ဖြစ်ကုန်တယ်လေ...ငယ်စဉ်ကတော့ လက်ညိုးညွန်ရာ တောင်တန်းစိမ်းစိမ်းလေးတွေ
ခုတော့ ဘယ်နားကြည့်ကြည့် အကျိုးတူတွေလေ..ခေတ်ကိုက ပြောင်းသွားတယ်....။
ရာသီဥတု တော်တော်ဖောက်ပြန်နေတယ်လေ..အေးရင်လဲ ရေခဲမတတ်အေး ပူရင်လဲ အရည်ပျော်အောင်ပူဆိုတော့ တောင်
ပေါ်မြို့ လေးရဲ့ ဆုတ်ယုတ်ခြင်းကိုပြနေတယ်...အင်း တွေးရင်းနဲ့ဒေါကန်လာတယ်...ခုတောင် အဝေးရောက်သူငယ်ချင်းတွေက လုပ်ပါဦး
ဆောင်းတွင်းဓါတ်ပုံလေးတွေ ဆိုလို့ ....ရိုက်ရမှာတောင် အားနာတယ်...ဘာဖြစ်လို့လဲဆိုတော့ စိမ်းလန်းတဲ့ တောင်တန်းတွေကို တော်
တော်ရှာရိုက်မယ်လေ.....ဒါနဲ့မထူးပါဘူး တောင်တန်းတွေကို မရိုက်တော့ဘဲ မြို့ လယ်အင်းလေးနဲ့ ဘီးတောင်ဘုရားတို့ကိုဘဲ ရိုက်ဖြစ်ခဲ့
တယ်....
သဘာဝ ပတ်ဝန်းကျင်စိမ်းလန်းဆိုပြေရေး ဆိုတဲ့ဆိုင်းဘုတ်ကိုတောင် အားနာမိတယ်ဗျာ။
ဒါကတော့ ရှားရှားပါးပါး စိမ်းစိမ်းလန်းလန်း
ဒီဇင်ဘာ မနက်ခင်း
post လေးပေါ့…
Posted by
အောင်ချမ်းသာ
at
9:33 PM
0
comments
Tuesday, December 9, 2008
၁၀၉/၁၁၀ နှင့် မောင်အောင်ချမ်းသာ တို့ မြို့ 
မိုးကုတ်စီးပွားရေး ဒီလိုမျိုး ပြန်စည်နိုင်ပါ့ မလားကွယ်
ဘယ်မှာလဲ အချိန် ဟိုလိုဒီလို လက်ညိုးညွန်ရင်း နဲ့ လေပေနေတဲ့ ဘ၀ ကို ကျောက်ချထားတာ
ရက်ပေါင်း ၉၀ ရှိခဲ့ပြီလေ။တောင်ပေါ်ဒေသ ဖြစ်တဲ့ မိုးကုတ်မှာက စီးပွားရေးဆိုလို့ တစ်လမ်းဘဲ
ရှိတယ် ကျောက်လုပ်ငန်းလေ ခုကျောက်ဈေးကအေးတော့ တစ်မြို့ လုံးကလူတွေ အားလုံး
၁၀၉/၁၁၀ ဖြစ်နေကျတယ်လေ....
မြို့  လေးရဲ့  စီးပွားအချက်အချာဖြစ်တဲ့ ဌာပွဲ ဆိုတာလဲ ကန္တာရဆန်ဆန်ဖြစ်နေတာကြာ
ပြီ...တကွင်းလုံးလဲ ထီးဘဲကျန်တော့တယ်...ဘယ်သူမှ ဌာပွဲကို မလာကြတော့ဘူးလေ ခုတောင်
ပန်းခြံထာပွဲ ကို ကန်ထရိုက်ဆွဲထားတဲ့ ပိုင်ရှင်ကြီးက ခုလ ကုန်ရင် ဆက်လက်ပြီး ကန်ထရိုက်မယူ
တော့ဘူးတဲ့ ....ဟုတ်တော့လဲ ဟုတ်ပါတယ်လေ...အရင်ကဆို ထာပွဲ ကျောက်ဝိုင်းထဲ မှာ လူတစ်
ယောက်ကိုရှာဖို့ဆိုတာ တော်တော်လေးကို ခက်ခဲတယ် ခုတော့ ဘောလုံးကွင်းလောက်ရှိတဲ့ ကွင်း
ကြီးထဲမှာ မျက်စိမှိတ်လမ်းလျှောက်ရင်တောင် ခလုတ်တိုက်မိဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။
ဘယ်လောက်ထိများ စီးပွားရေးကောင်းလဲဆို ဒါကိုဘဲစဉ်းစားကြည့်ပေါ့....။
ခုပိုဆိုးတာက တစ်ကမ္ဘာလုံး စီးပွားရေးကပ်က ဆိုဒ်နေတော့ ကျွန်တော်တို့ တောင်ပေါ်
မြို့ လေး လဲအဲ့ဒီဒဏ်ကို ကြံ့  ကြံ့  မခံနိုင်တော့ဘူးလေ ရှိတာမှ စီးပွားရေးက တစ်လမ်းတည်းပါဆိုမှ ခုတော့
ပိုးဆိုးပက်စက် ပက်လက်ကိုလန်ပါလေရော........
ကျွန်တော်ဟိုတလောက အလုပ်လိုက်ရှာတယ် ဒါပေမဲ့ ရတာနဲ့ မကာမိဘူး စားစရိတ်ဆို
တဲ့ ကုန်ဈေးနှုန်းကလဲ ဒီရေလိုတက်လာတော့ မကိုက်ဘူးဖြစ်နေပြန်ရော ကြာတော့ အိမ်ကထမင်း
ကျွေးထားတဲ့ မိဘ နှစ်ပါးကိုတောင် အားနာလာတယ်....
မနက်မိုးလင်း ရင် လက်ဖက်ရည်တောင်နှပ်မမှန်တော့ဘူးလေ...ခုတောင် သူငယ်ချင်းတွေ
တိုက်တဲ့ လက်ဖက်ရည်လေးနဲ့ ပြည့်စုံနေရတယ်...ဒီလိုတိုင်းတာ ဘ၀ကြီးကိုဖြတ်သန်းနေရ ရင်တော့
ဘယ်မှာလဲ တိုးတက်မှု ဘယ်မှာလဲ အောင်မြင်မှု ဆိုတာ ပုံပြင်တစ်ပုဒ်လို ဖြစ်သွားတယ်...ကျွန်တော့
စိတ်တွေဟာ ပင်လယ်မျက်နှာပြင် အောက်ရောက်နေတာ ရက်စွဲပေါင်းမနည်းတော့ ဘူး။
ကျွန်တော်တကယ် ဒီ ၁၀၉/၁၁၀ ဘ၀ ကို တော်တော် ရွံမုန်းနေပြီ ဒါပေမဲ့ ဘယ်သူမှ မတက်
နိုင်ဘူးလေ....လူငယ်တစ်ယောက် ရဲ့  ဘ၀ အချိန်တွေကို ဒီလိုဘဲ ဆက်လျှောက်နေမယ်ဆိုရင်
အောင်မြင်ခြင်းဆို တဲ့ ဘ၀ပန်းတိုင်ဟာ ဒဏ္ဏရီ ဖြစ်သွားတယ်။
ဒီနေ့လည်း ၁၀၉/၁၁၀ စိတ်ကို သယ်ဆောင်ရင်း ချမ်းအေးလွန်းတဲ့ မိုးကုတ်ဆောင်းရာသီ
မှာ စိတ်ဓါတ်တွေ အရည်မပျော်သွား အောင် အံကိုကြိတ်ရင်း လူငယ်တစ်ယောက် ရဲ့ အနာဂတ်ကို
ဖန်တီးဖို့  ကျွန်တော် ခုထိ ဆက်လျှောက်နေရတယ်။
Posted by
အောင်ချမ်းသာ
at
12:20 PM
0
comments